ဆူးငှက် ပျော်လောက်ဖွယ် မယ်ရင်ရယ် လွမ်းပါဘိတယ် —————————————————- ကျွန်တော်တို့ ရွှေဖလားကန်ရွာလေးကိုရောက်တော့ ရွာအဝင်စမှာပဲ အညာကျေးလက်သရုပ်ကို ပီပီပြင်ပြင် မြင်ရတော့သည်။ ဘေးတစ်ဘက်စီမှာ ရှာစောင်းပြာသာဒ် အရိုင်းချုံပင် ကြီးများနှင့် ရွာတံခါးက ဝင်လိုက်လျှင်ပဲ ရွာလှည်းလမ်းမှာ ဆိတ်တစ်အုပ်ကျောင်းလာလို့ ဖုံတထောင်းထောင်းထနေသည်။ ဆိတ်အုပ်နောက်က ဆိတ်ကျောင်းသား ကို ဒါ လေဘာတီ မမြရင်ဇာတိ ရွှေဖလားကန်ရွာ ဟုတ်ပါသလားဟု မေးတော့ ရွှေဖလားကန်ရွာ ဆိုတာ ဟုတ်ပါတယ်၊ လေဘာတီ မမြရင် ဆိုသူကိုတော့ မသိပါဟု ဖြေသည်။ ဆိတ်အုပ်နောက်က ရေအိုးတစ်လုံးရွက်၍ ရေခတ်လာသည့် အသက်၄၀ရွယ် ရွာသူမကို မေးတော့လည်း ကျွန်တော်တို့ ကားပေါ်ပါလာသည့် သီတဂူမောင်မောင်၏ လက်ထဲက ဗီဒီယို ကင်မရာကို ခပ်ရွံ့ရွံ့ကြည့်ကာ ဘာမှမဖြေဘဲ ရွာက ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးပဉ္စင်းကိုပဲ မေးပါဟု ဆိုပြီး ဘုန်းကြီးကျောင်းသို့ပဲ လမ်းညွှန်သည်။…
Read MoreDay: October 5, 2026
ပုဂံမှာ မီးပုံးပျံ သုံးသောင်း လွှတ်တင်မယ့်အစီအစဉ် မီးဘေးအန္တရာယ် ရှိနိုင်တာကြောင့် ဝေဖန်မှုတွေထွက်ပေါ်
အောက်တိုဘာ ၄ – ၂၀၂၆ SS (VOM) လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မီးဘေးအန္တရာယ် ရှိနိုင်လာနိုင်တဲ့အတွက် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ဒေသခံတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ပုဂံဒေသဟာ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်ပြီး ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေနဲ့ နံရံဆေးရေးပန်းချီတွေ တည်ရှိရာနေရာ ဖြစ်ကာ မီးပုံးပျံတွေ စေတီပုထိုးတွေပေါ် ကျရောက်ပါက အစားထိုးမရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ မီးလောင် ပျက်စီးနိုင်ခြေ ရှိနေတယ်လို့ ရှေး/သု ပညာရှင်တွေက ပြောပါတယ်။ “အစမ်းလွှတ်ကြည့်ကြစဉ်မှာပဲ အောက်တိုဘာ ၁ ရက်နေ့ည၊ မြင်းကပါရွာထဲက အိမ်ပေါ်ကျတယ်လို့ တွေ့ရတယ်။ ရန်သူမျိုးငါးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ မီးနဲ့မှ အမွေအနှစ်ဒေသကို အလှဆင်ချင်သူတွေ၊ ပျော်ရွှင်ချင်သူတွေ၊ ငွေရှာချင်သူတွေကြောင့်…
Read Moreအခုနှစ် ပညာသင်နှစ်ကစပြီး နိုင်ငံတကာစာမေးပွဲ အောင်မြင်သူများကို ပြည်တွင်းတက္ကသိုလ် တက်ရောက်ခွင့်ပြု
အောက်တိုဘာ ၄-၂၀၂၆ EP(VOM) အခုနှစ် ပညာသင်နှစ်ကစပြီး နိုင်ငံတကာသင်ရိုးနဲ့ သင်ကြားပေးနေတဲ့ အင်တာနေရှင်နယ် ကျောင်း တက်နေတဲ့ ကျောင်းသား ၊ ကျောင်းသူများ ပြည်တွင်းရှိ တက္ကသိုလ် ၂၅ ခုတွင် ဆက်လက် သင်ကြား နိုင်ခွင့် ခွင်ပြုလိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ တက်ရောက်သင်ကြားခွင့်ပြုလိုက်တဲ့ နိုင်ငံတကာသင်ရိုးနဲ့ သင်ကြားယူခဲ့တဲ့ အဆင့်များမှာ GCE/ International ‘A’ Level ၊ International Baccalaureate IB Diploma Programme တို့ဖြစ်ကြောင်း အခုနှစ် ပညာသင်နှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှာ ဖော်ပြထားပါတယ်။ တက္ကသိုလ်ဝင်ခွင့် ခွင့်ပြုလိုက်တဲ့ တက္ကသိုလ်တွေမှာ အမှတ်အမြင့်ဆုံးဖြစ်တဲ့ ဆေးတက္ကသိုလ် ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၊ ဆေးဝါးတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် ၊ ဆေးဘက်ဆိုင်ရာ နည်း…
Read More