ဒေါ်လာသန်း ၁၆၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မလေးရှားမှာ စံချိန်တင်ဖမ်းမိ

ကွာလာလမ်ပူ၊ သြဂုတ်-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားနိုင်ငံမှာ ဒေါ်လာ ၁၆၁ သန်း တန်ဖိုးရှိ ကတ်တမင်း မူးယစ်ဆေးနဲ့ ကိုကင်း ၃ ဒသမ ၇ တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ် ၂၃ ရက်မှာ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကလည်း မက်သာဖက်တမင်း မူးယစ်ဆေးတွေ စံချိန်တင်ပမာဏကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး  မလေးရှားနိုင်ငံဟာ  တရားမ၀င် မူးယစ်ဆေးတွေ အဓိကကူးပြောင်း သယ်ဆောင်ရာနေရာ ဖြစ်နေပါတယ်။

 

အကောက်ခွန်နဲ့  ရဲတပ်ဖွဲ့ရဲ့ သြဂုတ် ၁၈ ရက်က ပူးတွဲရှာဖွေစီးနင်းမှုကြောင့် ကွာလာလမ်ပူမြို့အပြင် ပန်ကက်အလမ်ရှိ ဈေးဆိုင်တစ်ခုမှာ  အိတ်တွေနဲ့ ကတ်တမင်း ၀ ဒသမ ၄၇ တန်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ပက်ဒီအဗ္ဗဒူဟာလင်က ပြောပါတယ်။

 

အဲဒီ စီးနင်းရှာဖွေမှုဟာ ကိုကင်း ၃ ဒသမ ၂ တန် တွေ့ရှိခဲ့တဲ့ အခြားဈေးဆိုင်တစ်ဆိုင်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးပြီးနောက် မူးယစ်ဆေးတွေ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးရမိခဲ့တဲ့  ကတ်တမင်းမူးယစ်ဆေးဝါးတွေဟာ ပါကစ္စတန်ကနေ  မလေးရှားနိုင်ငံကို ပို့ဆောင်ခဲ့ပြီး ကိုကင်းတွေကတော့ အီကွေဒေါနိုင်ငံကနေ ပို့လိုက်တာလို့ ယုံကြည်ရကြောင်း ပက်ဒီကဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံသား လေးဦးနဲ့  နိုင်ငံခြားသားကိုးဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

Ref : Reuters

Photo : AFP

 

#voiceofmyanmar #မလေးရှား #ကွာလာလမ်ပူ #စံချိန်တင်မူးယစ်ဆေးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW