ကျူးကျော်လို့စွပ်စွဲကာ နေအိမ်ဖယ်ရှားခံရသူတွေက ဆန္ဒထုတ်ဖော်

မန္တလေး၊ ဩဂုတ် ၂၃-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်  ဇီးအုပ်ကျေးရွာအုပ်စု  ရေလှောင်ကျေးရွာ ကွင်းအမှတ် (၃၃ – ၄၁)၊ ဦးပိုင်အမှတ် ၁ ကနေ ၆ အထိ မြေကွက်တွေမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး  စွပ်စွဲခံထားရသူတွေက ဒီနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ သူတို့နေထိုင်နေတဲ့မြေကွက်တွေနဲ့ နေအိမ်တွေကို ပြန်လည်ရယူလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

အဲဒီမြေကွက်ပေါ်ရှိနေအိမ်တွေကို ၂၀၁၉ ဇူလိုင်လ ၂၀ ရက်က ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့မြေဆိုကာ နေအိမ်တွေကိုဖျက်သိမ်း၊ ခြံစည်းရိုးခတ်ပြီး သိမ်းဆည်းခံလိုက်ရတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့်  ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #ကျူးကျော်

Related posts

Leave a Comment

VOM News

FREE
VIEW