လန်ဒန်၊ သြဂုတ်-၂၅-၂၀၁၉ မျိုးဆက် (VOM) အီရန်နဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ပင်လယ်ကွေ့ဒေသကို ဗြိတိန်နိုင်ငံဘက်ကနေ တတိယမြောက်စစ်သင်္ဘော စေလွှတ်လိုက်ပါတယ်။ ပါရှန်ပင်လယ်ကွေ့မှာ သင်္ဘောတွေကိုကာကွယ်ရေးအတွက် နိုင်ငံတကာညွှန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ အမေရိကန်ရဲ့ အစီအစဉ်ကို လက်ရှိအချိန်ထိ ဗြိတိန်နိုင်ငံက အကြီးအကျယ် ထောက်ခံနေပါတယ်။ အိပ်ခ်ျအမ်အက်စ် ဒီဖန်ဒါ ဖျက်သင်္ဘောဟာ အခုလအစောပိုင်းကတည်းက ပို့စ်မောက်ဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့ပြီး ပင်လယ်ကွေ့ကိုသွားဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို သြဂုတ် ၂၄ ရက်မှသာ ကြေညာခဲ့တာဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ဗြိတိန်ရဲ့ အိပ်ခ်ျအမ်အက်စ် ခန့် နဲ့ အိပ်ခ်ျအမ်အက်စ် မောင့်ရို့စ် ဖရီးဂိတ် စစ်သင်္ဘောနှစ်စင်းရှိနှင့်ပြီး ဖြစ်ပါတယ်။ ဂျီဘရော်လ်တာရေလက်ကြားမှာ အီရန်ရေနံတင်သင်္ဘော Grace 1 ကို ဗြိတိန်တော်ဝင်ရေတပ်က အစောပိုင်းမှာ ထိန်းသိမ်းလိုက်တဲ့အတွက် ဇူလိုင်လမှာတော့ Stena Impero သင်္ဘောကို…
Read MoreDay: August 25, 2019
ရေကြည်ရွာမှာ စီမံကိန်းနယ်မြေကို ခြံဝင်းခတ်ရာက ပဋိပက္ခဖြစ်ပွား ရွာသားတစ်ဦး ဓားခုတ်ခံရ
မန္တလေး၊ ဩဂုတ် ၂၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို စီမံကိန်းနယ်မြေဆိုကာ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်ခတ်မှုပြုလုပ်နေစဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရသလို ကျူးရှင်းလင်းရေးအဖွဲ့ကြောင့် ကျေးရွာသူတစ်ဦး ဓားခုတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ကနဦးပြောပြချက်အရ သိရပါတယ်။ လက်ရှိအချိန်ထိတော့ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ရေတံခွန်တောင် သွားတဲ့လမ်းကို ပိတ်ထားပြီး ခြံဝင်းခတ်နေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ #voiceofmyanmar #မန္တလေး #ပုသိမ်ကြီး
Read More