ရေကြည်ရွာမှာ စီမံကိန်းနယ်မြေကို ခြံဝင်းခတ်ရာက ပဋိပက္ခဖြစ်ပွား ရွာသားတစ်ဦး ဓားခုတ်ခံရ

မန္တလေး၊ ဩဂုတ် ၂၅-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို စီမံကိန်းနယ်မြေဆိုကာ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်ခတ်မှုပြုလုပ်နေစဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

 

ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရသလို ကျူးရှင်းလင်းရေးအဖွဲ့ကြောင့် ကျေးရွာသူတစ်ဦး ဓားခုတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ကနဦးပြောပြချက်အရ သိရပါတယ်။

 

လက်ရှိအချိန်ထိတော့ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ရေတံခွန်တောင် သွားတဲ့လမ်းကို ပိတ်ထားပြီး ခြံဝင်းခတ်နေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

#voiceofmyanmar #မန္တလေး #ပုသိမ်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW