မနေ့ညက ငလျင်ကြောင့် ခင်ဦးမြို့နယ်  လောင်းရှည်ရွာမှာ နှစ်ပေါင်း ၃၅၀ ခန့် ရှိတဲ့စေတီ ၈ ဆူပျက်စီး

ခင်ဦး   စက်တင်ဘာ ၁ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

မနေ့ည  သြဂုတ် လ ၃၁ ရက်နေ့  မြန်မာ့စံတော်ချိန်  ၉ နာရီ ၄၀ မိနစ်အချိန်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာရှိ  နှစ်ပေါင်း ၃၅၀ ခန့်ရှိတဲ့ရှေးဟောင်း  စေတီတော်တွေ တစ်ပြိုင်နက်တည်း ပျက်စီးခဲ့တာတွေ့ရပါတယ်။

 

အဲ့ဒီ စေတီတွေကတော့ နှစ်ပေါင်း၃၅၀ ခန့်ရှိပြီး  ဂြိုလ်ပြေနံပြေ စေတီ ၈ဆူမှာ တစ်ပြိုင်နက်ထဲပျက်စီးပြီး စေတီတစ်ဆူ တစ်မှာတော့ ထီးတော် မြေခ ပြီး ကျန်စေတီတွေကတော့ အက်ကွဲပြီး အင်္ဂတေကွာကျခဲ့ပါတယ်။

 

ခင်ဦးမြို့နယ်  လောင်းရှည်ကျေးရွာရှိ ဂြိုလ်ပြေနံပြေ စေတီ ၈ ဆူ ကို ပုဂံခေတ် စစ်သူကြီး  ကျော်ထင်အနော်ရထာ  စစ်ရှုံးလို့ သူ့ရဲ့ ဇနီး အမယ်မွန်  တည်ထားခဲ့တာဖြစ်ပြီး အခုမှာ တော့ လောင်းရှည်ကျေးရွာတစ်ရွာလုံးက အဲ့ဒီစေတီတွေကို အဓိကကိုးကွယ်ပြီး နှစ်စဉ် ဘုရားပွဲတွေကျင်းပကြတယ်လို့ သိရပါတယ်။

 

ခင်ဦးတစ်မြို့နယ်လုံးမှာတော့ စေတီပေါင်း ၃၆ ဆူခန့် ဘုန်းကြီးကျောင်း ၁၁ကျောင်း ဗလီဘုရားကျောင်း ၁ကျောင်း  လူနေအိမ်အဆောက်အဦး ၅ လုံး  ကျေးရွာအုပ်ချူ ပ်ရေးမှူးရုံး ၁ ရုံး  စာသင်ကျောင်း ၈ကျောင်းရှိ နံရံနဲ့ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့ပြီး နောက်ထပ် ပျက်စီးမှုတွေ ကျန်သေးကာ  အားလုံးဆုံးရှုံးမှုတန်ဖိုးကိုတော့ မတွက်ချက်ရသေးဘူးလို့ခင်ဦး  မြို့နယ်အုပ်ချူပ်ရေးမှူးရုံးက ပြောပါတယ်။

 

မကြာခင် ရုပ်သံသတင်းများ တင်ဆက်ပေးပါ့မယ်။

 

#voiceofmyanmar #ငလျင် #ခင်ဦး #ရွှေဘို #လောင်ရှည်

Related posts

Leave a Comment

VOM News

FREE
VIEW