ဈေးဝယ်ထွက်လာတဲ့ ဒုရဲအုပ်ဓါးထိုးခံရပြီးသေဆုံး

ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အကြားမှာရှိတဲ့ ယိုးတရုတ်ရဲစခန်းက ဒုရဲအုပ်တစ်ဟာ ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းမှာ ဈေးဝယ်ထွက်လာစဉ် ဓါးနဲ့ထိုးသတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။   သေဆုံးသူ ဒုရဲအုပ်ဇော်မင်းဌေးဟာ ယိုးတရုတ်ရဲစခန်းမှာတာဝန်ကျနေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ၇ နာရီကျော် လောက်မှာ ယိုးတရုတ်ကျေးရွာဈေးသို့ ဇနီးဖြစ်သူနဲ့အတူ ဈေးဝယ်ဖို့လိုက်လာစဉ် လူတစုက ဓါးနဲ့ထိုးသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။   “မနက်ပိုင်းမှာ သူကသူ့မိန်းမနဲ့အတူ ဈေးကိုသွားတယ်။ အဲ့ဒီဈေးကိုရောက်တဲ့အချိန်မှာ လူတစ်စုက သူ့ကိုဝိုင်းဝန်းပြီးတော့ ဓါးနဲ့ထိုးသွားတာ။ အဲ့ဒီလူတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ဘယ်သူတွေဆိုတာကို မသိလိုက်ရဘူး။ စုံစမ်းနေပါ တယ်။”လို့ ယိုးတရုတ်ရဲစခန်းကနေသိရပါတယ်။ ဒုရဲအုပ်ဇော်မင်းဌေးအား လုပ်ကြံသတ်ဖြတ်သူ အနည်းဆုံး ၇ ဦးခန့်ရှိမည်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကဆိုတာကိုမသိကြောင်းနဲ့ လုပ်ကြံခံရသူဒုရဲအုပ်မှာ အဲ့ဒီနေရာမှာ ဓါးဒစ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။…

Read More

6 mignitude earthquake rocked central Myanmar

Shwe Bo – September-2019 A 6 magnitude earthquake central Myanmar on August 31 late evening that many religious buildings and schools were destroyed. The earthquake, centering 14 miles North West of Shwe Bo District Sagaing division, impacts mostly on Khin Oo township. About 36 Pagodas, 11 monasteries, a mosque and 8 schools were affected with crack walls and the fencings…

Read More

ရခိုင်မြောက်ပိုင်းက မြို့နယ် လေးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အင်တာနက်ပြန်လည်ဖွင့်ပေး

စစ်တွေ၊ စက်တင်ဘာ ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်အတွင်းမှာ အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက လေးမြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။   နှစ်လကျော်ခန့်အကြာ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံနေခဲ့ရပြီး ပြန်လည်သုံးစွဲခွင့်ရရှိခဲ့တဲ့မြို့နယ်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေဖြစ်ကြပါတယ်။   “ကျွန်တော်တို့ဆီမှာ ဒီနေ့မနက်ကစပြီးတော့ အင်တာနက်လိုင်းတွေပြန်ရပါတယ်။ အခုလို အင်တာနက်အသုံးပြုခွင့်ရရှိတဲ့အတွက် သတင်းတွေကို လျင်မြန်စွာသိရတယ်။ ဒါကြောင့် အလုပ်အကိုင်တွေလည်း ပြန်ပြီးတော့ အဆင်ပြေလာမယ့်သဘောရှိပါတယ်။”လို့ မောင်တောမြို့ခံ ဦးမောင်ဝင်းသိန်းကပြောပါတယ်။   လက်ရှိမှာ အင်တာနက်သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပြင် တခြားနည်းပညာဆိုင်ရာ အသိပညာတွေကို အွန်လိုင်းကိုအသုံးပြုလေ့လာနေကြရတာဖြစ်တဲ့အတွက် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရတဲ့အချိန်မှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေခဲ့ကြရတယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။   ဒါ့အပြင် အခုလိုမျိုး…

Read More

မနေ့ညက ငလျင်ကြောင့် ခင်ဦးမြို့နယ်  လောင်းရှည်ရွာမှာ နှစ်ပေါင်း ၃၅၀ ခန့် ရှိတဲ့စေတီ ၈ ဆူပျက်စီး

ခင်ဦး   စက်တင်ဘာ ၁ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)     မနေ့ည  သြဂုတ် လ ၃၁ ရက်နေ့  မြန်မာ့စံတော်ချိန်  ၉ နာရီ ၄၀ မိနစ်အချိန်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာရှိ  နှစ်ပေါင်း ၃၅၀ ခန့်ရှိတဲ့ရှေးဟောင်း  စေတီတော်တွေ တစ်ပြိုင်နက်တည်း ပျက်စီးခဲ့တာတွေ့ရပါတယ်။   အဲ့ဒီ စေတီတွေကတော့ နှစ်ပေါင်း၃၅၀ ခန့်ရှိပြီး  ဂြိုလ်ပြေနံပြေ စေတီ ၈ဆူမှာ တစ်ပြိုင်နက်ထဲပျက်စီးပြီး စေတီတစ်ဆူ တစ်မှာတော့ ထီးတော် မြေခ ပြီး ကျန်စေတီတွေကတော့ အက်ကွဲပြီး အင်္ဂတေကွာကျခဲ့ပါတယ်။   ခင်ဦးမြို့နယ်  လောင်းရှည်ကျေးရွာရှိ ဂြိုလ်ပြေနံပြေ စေတီ ၈ ဆူ ကို ပုဂံခေတ် စစ်သူကြီး  ကျော်ထင်အနော်ရထာ  စစ်ရှုံးလို့ သူ့ရဲ့ ဇနီး အမယ်မွန်  တည်ထားခဲ့တာဖြစ်ပြီး အခုမှာ တော့…

Read More

အသက်မပြည့်သေးတဲ့ မိန်းကလေးကို ရည်းစားကိုယ်တိုင်နဲ့ တခြားသူ ၄ဦးက မုဒိမ်းကျင့်

ကလေး စက်တင်ဘာ ၁-၂၀၁၉ မိုင်ချယ်ရီ ( VOM)   စစ်ကိုင်းတိုင်း ကလေးမြို့ နယ် ဆင်ကျေးရွာမှာ နေထိုင်တဲ့   မ— ဟာ   ရည်းစားဖြစ်သူက တွေ့ဖို့ချိန်းလို့ သွားတာမှာ လူငါးဦးက မုဒိမ်းကျင့် ခံရလို့ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ လာရောက်တိုင်တန်းခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။ ကလေးမြို့မရဲ့စခန်းကို ဆက်သွယ်မေးမြန်းကြည့်တော့   “ ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၀ ရက်က စခဲ့တဲ့ဖြစ်စဉ်ပါ မ—က ဒီကနေ့မှာ လာပြီးအမှုဖွင့်တာမို့ ကျနော်တို့ အမှုဖွင့်ပေးထားပြီး လေးယောက်ကတော့ဖမ်းမိထားပြီးပြီ။ တစ်ယောက်ကိုတော့ရှာဖွေနေတုန်းပဲ”ဟုကလေးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။     သြဂုတ်လ ၁၀ ရက်နေ့က ဆင်ကျေးရွာမှာ နေထိုင်တဲ့ မ—(၁၇) နှစ် ဟာ သူနဲ့ ချစ်ကြိုက်နေတဲ့ ကိုဘွဲ့နိမ့်ထန်း(၂၅) နှစ်က တွေ့ဆုံရန် ချိန်းတာကြောင့်  သြဂုတ်လ ၁၀…

Read More

ပါလီမန်ဆိုင်းငံဖို့ ၀န်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံတစ်ဝန်း ဆန္ဒပြနေ

လန်ဒန်၊ စက်တင်ဘာ-၁-၂၀၁၉ မျိုးဆက် (VOM)   အီးယူမှ ဗြိတိန်နှုတ်ထွက်ရေး ဘရီဇစ်ဆိုင်ရာ အကြပ်အတည်းကြောင့်  ပါလီမန်ဆိုင်းငံ့ဖို့  ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့  ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ဗြိတိန်နိုင်ငံတစ်ဝန်း ပြုလုပ်နေကြပါတယ်။   မန်ချက်စတာ၊ လိဒ်၊ ယော့ခ်နဲ့  ဘဲလ်ဖက်စ်မြို့တွေအပါအဝင် အခြားမြို့တွေရဲ့ လမ်းတွေပေါ်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြနေကြပါတယ်။ လန်ဒန်မြို့လယ်ခေါင်နေရာတွေမှာလည်း ဆန္ဒပြသူတွေက ဘောရစ်ဂျွန်ဆင် အရှက်တရားရှိဖို့ အော်ဟစ်ကြွေးကြော် ဆန္ဒပြနေကြပါတယ်။   ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ထောက်ခံပြီး တန်ပြန်ဆန္ဒပြတဲ့ အဖွဲ့ငယ်တစ်ခုဟာလည်း ဝက်မင်စတာသို့ ရောက်ရှိနေတယ်ပါတယ်။ မစ္စတာဂျွန်ဆင်ရဲ့ လွှတ်တော်ဆိုင်းငံ့တဲ့ အစီအစဉ်ဟာ သဘောတူညီမှုမရဘဲ အီးယူကနေ ဗြိတိန်နှုတ်ထွက်ရေး ဆန့်ကျင်သူတွေနဲ့ ပါလီမန်အမတ်တွေဆီကနေ  ဒေါသတကြီးတုံ့ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။   မျှော်မှန်းထားတဲ့ အတိုင်းပါလီမန်အစည်းအဝေးတွေ ရပ်ဆိုင်းဖြစ်မယ်ဆိုရင် ပါလီမန်ရဲ့ အလုပ်လုပ်ရက်ကို၂၃ရက်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။ အီးယူကနှုတ်ထွက်ဖို့နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁…

Read More

အထက်မင်းလှမှာပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းမှာ ကယ်ဆယ်ရေးရပ်နားမည်

မင်းလှ စက်တင်ဘာ ၁ -၂၀၁၉ ဂျန်ကိုးလ်-(VOM)   သြဂုတ်လ၂၅ရက်နေ့ကပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူ ၄ဦးအနက် ၂ဦးကိုသြဂုတ်လ၂၆ရက်နေ့မှာရုပ်အလောင်းအဖြစ်ပြန်ရခဲ့ပြီး ကျန်၂ဦးကိုတပတ်ကျော်တဲ့အထိ ပြန်မရတော့လို့ ကယ်ဆယ်ရှာဖွေရေးအစီအစဉ်ရပ်နားရတော့မယ်လို့ စစ်ဆေးရေးကော်မတီဆီက သိရပါတယ်။   နတ်မောက်မြို့နယ် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ (ဥက္ကဌ သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ)က Voice of Myanmarကိုပြောပြတာက   “ ကာယကံရှင်သဘောတူညီချက်ရရင် ရပ်ချင်တယ်ပေါ့ တပတ်ကြာလာပြီဆိုတော့ တွင်းကလည်းပေ၂၈၀လောက်မှာဆိုတော့ ကယ်ဆယ်ရေးတွေအတွက်လည်းအန္တရယ်ရှိတယ်”လို့ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သယံဇာတကော်မတီရဲ့ ကွင်းဆင်းဆောင်ရွက်ချက်တွေကိုလည်း သူက ဆက်ပြောပြပါတယ်။   “ တွင်းပေါက်ဝက ရိုး၂ခုကြားမှာရှိနေတယ် ရိုးကိုဆည်တုတ်တော့ထားတယ် ခိုင်ခန့်မှု့မရှိဘူးပေါ့ နောက်ရေပြွန်တွေနဲ့ လွှဲဘို့လုပ်ထားတာတွေက အဆင်သင့်ရှိပြီးမလုပ်နိုင်ဘူး၊ နောက်ကျင်းထဲကိုဆင်းတဲ့၎ဦးရဲ့အသက်အန္တရယ်အတွက် အပြင်မှာအစောင့်၃-၄ဦးရှိရမယ်။ သူတို့အပြောအရ အခင်းဖြစ်ချိန်မှာ အဲဒီအစောင့်တွေက ဒေါက်တိုင်လုပ်ဘို့ တိုင်သွားထမ်းနေတယ် အရေးပေါ်လို့ ဘဲလ်တီးမယ်ဆိုတော့ ရေဝင်ပြီးဘဲလ်ကရှော့ဖြစ်ပြီးတီးမရဘူး ရေပြွန်တွေမလုပ်ဘဲအောက်ကိုဘဲမဲတူးနေတယ်ပေါ့ ချုပ်ရရင်…

Read More

ပဲခူးထွေအုပ် ဝန်​ထမ်းဆီက WY စိတ်​ကြွ မူးယစ်​​ဆေးတွေဖမ်းမိ

ပဲခူး  စက်​တင်​ဘာ ၁-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပဲခူးမြို့ ရပ်​ကွက်​ကြီး(၇)​ ဗိုလ်​မင်း​ရောင်​လမ်းမတန်းနဲ့ ​မေတ္တာလမ်းကြားက ပဲခူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ​ အငယ်​တန်းစာ​ရေးနေအိမ်​ကနေ  မ​နေ့ ​ ညနေ ၃နာရီကWYစိတ်​ကြွမူးယစ်​​ဆေးဝါး ၉၅၀ ဖမ်းမိခဲ့တယ်​လို​ ပဲခူး အမှတ်​(၃)နယ်​​မြေရဲစခန်း ကသိရပါတယ်​။   ပဲခူး မူးယစ်​စုတပ်​ဖွဲ့(၃၆)မှဒုရဲအုပ်​ တင်​ကိုကိုလတ်​ ဦးစီးပြီး ရပ်​ကွက်​ကြီး(၇)ဗိုလ်​လ​ရောင်​လမ်းက ရာအိမ်​မှူး ဦးသစ်​လွင်​ဦး တို့ဟာ မူးယစ်​​ဆေးဝါး သုံးစွဲ ​ရောင်းချ​နေတဲ့သတင်းအရ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန အငယ်​တန်းစာ​ရေး ကိုခန့်​ဇင်​ထူး(ခ)ကိုခန့်​ရဲ့​နေအိမ်​ကို ရှာ​ဖွေခဲ့တယ်​လို့ ရဲမှတ်​တမ်း မှာ​ဖော်​ပြထားပါတယ်​။   `အိမ်​မှာ ကိုခန့်​ နဲ့သိန်းဦးကို ​တွေ့တယ်​ ဆက်​ပြီးရှာ​ဖွေကြ​တော့ ကိုခန့်​အိပ်​တဲ့အိပ်​ခန်းထဲက ​မွေ့ယာ​ပေါ်မှာ အနက်​​ရောင်​စက္ကူဘူးထဲကနေ  WYစိတ်​ကြွ ​ဆေးပြား ၁၅၀ပြား​တွေ့တယ်​​ ခေါင်းရင်းဘက်​က ​မွှေးပွရုပ်​ထဲမှာ WY စိတ်​ကြွ ​ဆေးပြား ၂၀၀စီထည့်​ထားတဲ့ ​အထုပ်​​လေးထုပ်​​တွေ့ရတယ်​လို့´အမှတ်​…

Read More

မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်းစီမံကိန်းအတွက် ပဏာမလုပ်ငန်းတွေစတင်

မန္တလေး စက်တင်ဘာ ၁-၂၀၁၉ နေလင်း (VOM)   ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်က တရုတ်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ နားလည်မှုစာချွန်လာထိုးခဲ့တဲ့  မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်း ကီလိုမီတာ ၄၀၀ကျော်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တာတွေ ကောင်းကင်မြေတိုင်းတာတွေ မြေပြင်စမ်းသပ်တာတွေ စလုပ်နေပြီဖြစ်ပါတယ်။   ဒီလုပ်ငန်းတွေထဲက ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနဲ့ လူထုသဘောထားတွေသိဖို့ လူထုတွေ့ဆုံပွဲတွေကို Ever Green Tech Environmental Services and Trainning Co.Ltd က ဦးဆောင်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လုပ်နေပါတယ်။   ပြီးတဲ့လက ပုသိမ်ကြီးမြို့မှာလုပ်ခဲ့သလို သြဂုတ် ၃၁ ရက် မနေ့က ပြင်ဦးလွင်မှာလုပ်ခဲ့ပြီး ဒီကနေ့ နောင်ချိုမှာ ပြုလုပ်နေပါတယ်။ မနေ့က ပြင်ဦးလွင်မှာလုပ်တဲ့  လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ ပညာရှင် နဲ့ လူထုသဘောထားတွေကို မေးမြန်းပြီး ကိုနေလင်းက…

Read More

ပေါင်းတည်မြို့နယ်မှာ ဆည်ဘောင်ကျိုး ချောင်းရေလျှံလို့ ထောင်ချီတဲ့ ဒေသခံတွေရွှေ့ပြောင်း

ပေါင်းတည်​ စက်​တင်​ဘာ ၁ မိုးယံ (VOM)   ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​ ဘိုးသာ​အောင်​ကုန်းအုပ်​စုမှာ သြဂုတ် ၃၁ရက်က ဘိုးသာ​အောင်​ကုန်း​ချောင်း​ရေလျှံ​နေလို့်​ အနီးကရွာ ၅ရွာ အိမ်​​ပေါင်း တစ်​​ထောင်​​ကျော်​ ​ရေဝင်​​နေပြီး​ ဘေးလွတ်​ရာ​ရွှေ့​ပြောင်း​နေရပါတယ်​။   ဘိုးသာ​အောင်​ကုန်း ရွာက ကိုစန်းဦးက​ ဒေသခံတွေရွှေ့ပြောင်းနေရတဲ့ အခြေအနေတွေကို ​ပြောပြတာကတော့   “ ​နေ့လယ်က​တည်းက ​ဘိုးသာ​အောင်​ကုန်း ​ချောင်း​ရေလျှံ​နေတာပါ။ လယ်​​တွေလည်း ခန့်​မှန်း​ခြေ ဧက သုံးရာ​လောက်​​တော့ ​ရေနစ်​​နေပြီ ကျ​နော်​တို့​တွေလည်း စာသင်​​ကျောင်းမှာ ​ပြောင်း​နေကြရတယ်။ရှမ်း​တောင်​ဆို တစ်​ရွာလုံးနစ်​​နေပြီ ”   ဘိုးသာ​အောင်​ကုန်း ​ချောင်းအနီး ဘိုးသာ​အောင်​ကုန်းရွာ ​ညောင်​ကုန်းရွာ၊  ရှမ်း​တောင်​ရွာ၊ အ​ရှေ့စုရွာ ​တွေမှာ​ရေဝင်​နစ်​မြုပ်​​နေကြပြီး ကျွဲ နွား​ တိရစ္ဆာန်​ တွေလည်း ​ဘေးလွတ်​ရာကို လတ်​တ​လော ​ရွှေ့​ပြောင်း​နေကြရတယ်​လို့ ကျောင်းကုန်းရွာက ကို​ကျော်​​ကျော်​က​ပြောပါတယ်​။   “…

Read More
VOM News

FREE
VIEW