သူတို့အိမ် အခန်း (၂၆၂)

ဆူးငှက် ဆူးငှက်နှင့် သင်္ကြန် —————————— တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ငါလည်းမင်းလောင်း ထီးဖြူဆောင်း ဆိုသလို မင်းလောင်းမဟုတ်တာ သေချာပေမယ့် သင်္ကြန်နားနီးရင် မီဒီယာတွေက သတင်းတွေအတွက် သင်္ကြန်အစီအစဉ်အတွက် စီမံကြလေတိုင်း ကျွန်တော့်ဆီ ဦးလှည့် (မိုက်ကရိုဖုန်း၊ ကင်မရာလှည့်) ကြလေတော့ တစ်နှစ်တစ်ခါ ပေါ်လို့လာရတာ လေးငါးခြောက်နှစ်မက ရှိရောပေါ့။ ဒီတော့ ကျွန်တော့်မှာ သင်္ကြန်မင်းသားကြီးလိုလို ဖြစ်လို့။ တစ်နှစ်ကများ သင်္ကြန်တွင်း အိမ်တွင်းအောင်းပြီး အပျင်းပြေ တီဗီဖွင့်ကြည့်တော့ လိုင်းတော်တော်များများမှာ ကိုယ့်ရုပ် ကိုယ့်အသံချည်းလိုလိုမို့ အော်ဂလီဆန်မိသေးတော့။   ဆိုတော့ကား သင်္ကြန်နားနီးရင် ကိုယ့်ရုပ် ကိုယ့်အသံပဲ မြင်ရကြားရလေတော့ အကြောင်းမသိသူတွေက ဆူးငှက်ဆိုတာ သင်္ကြန်ဂျပိုး(ကြမ်းပိုး) သင်္ကြန်ရောက်တိုင်း မိုးမလင်းတမ်း မူးရူးပျော်ပါးပြီး နှစ်ဆန်း၁ရက်ရောက်တာနှင့် သင်္ကြန်ကျဖို့ ၃၆၄ရက်ပဲ လိုတော့တယ်လို့ ကြံဖန်တွေးပြီးပျော်နေလိမ့်မယ်ဟု ထင်စရာရှိသည်။ ဂျစ်ကားပေါ်၊ အလှပြယာဉ်ပေါ် သံချပ်အဖွဲ့ပေါ် မဏ္ဍပ်ပေါ်…

Read More
✕
VOM News

FREE
VIEW