ပဲခူးထွေအုပ် ဝန်​ထမ်းဆီက WY စိတ်​ကြွ မူးယစ်​​ဆေးတွေဖမ်းမိ

ပဲခူး  စက်​တင်​ဘာ ၁-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပဲခူးမြို့ ရပ်​ကွက်​ကြီး(၇)​ ဗိုလ်​မင်း​ရောင်​လမ်းမတန်းနဲ့ ​မေတ္တာလမ်းကြားက ပဲခူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ​ အငယ်​တန်းစာ​ရေးနေအိမ်​ကနေ  မ​နေ့ ​ ညနေ ၃နာရီကWYစိတ်​ကြွမူးယစ်​​ဆေးဝါး ၉၅၀ ဖမ်းမိခဲ့တယ်​လို​ ပဲခူး အမှတ်​(၃)နယ်​​မြေရဲစခန်း ကသိရပါတယ်​။

 

ပဲခူး မူးယစ်​စုတပ်​ဖွဲ့(၃၆)မှဒုရဲအုပ်​ တင်​ကိုကိုလတ်​ ဦးစီးပြီး ရပ်​ကွက်​ကြီး(၇)ဗိုလ်​လ​ရောင်​လမ်းက ရာအိမ်​မှူး ဦးသစ်​လွင်​ဦး တို့ဟာ မူးယစ်​​ဆေးဝါး သုံးစွဲ ​ရောင်းချ​နေတဲ့သတင်းအရ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန အငယ်​တန်းစာ​ရေး ကိုခန့်​ဇင်​ထူး(ခ)ကိုခန့်​ရဲ့​နေအိမ်​ကို ရှာ​ဖွေခဲ့တယ်​လို့ ရဲမှတ်​တမ်း မှာ​ဖော်​ပြထားပါတယ်​။

 

`အိမ်​မှာ ကိုခန့်​ နဲ့သိန်းဦးကို ​တွေ့တယ်​ ဆက်​ပြီးရှာ​ဖွေကြ​တော့ ကိုခန့်​အိပ်​တဲ့အိပ်​ခန်းထဲက ​မွေ့ယာ​ပေါ်မှာ အနက်​​ရောင်​စက္ကူဘူးထဲကနေ  WYစိတ်​ကြွ ​ဆေးပြား ၁၅၀ပြား​တွေ့တယ်​​ ခေါင်းရင်းဘက်​က ​မွှေးပွရုပ်​ထဲမှာ WY စိတ်​ကြွ ​ဆေးပြား ၂၀၀စီထည့်​ထားတဲ့ ​အထုပ်​​လေးထုပ်​​တွေ့ရတယ်​လို့´အမှတ်​ ၃ နယ်​​မြေရဲစခန်းက တာဝန်​ရှိသူတစ်​ဦးက ​ပြောပါတယ်​။

 

မူးယစ်​​ဆေးဝါး အသုံးပြုရာမှာသုံးတဲ့ ​ရောင်​စုံဂက်​မီးခြစ်​​လေးလုံး ​ရောင်​စုံအ​အေးစုပ်​တဲ့ပိုက်​ ၆​ချောင်း ​ငွေ​ရောင်​ ခဲစက္ကူ ​မွေ့ယာ​ပေါ်မှာမြန်​မာ​ငွေစက္ကူကျပ်​ သုံး​သောင်း Redmi ဆင်းကဒ်​နှစ်​ခုပါ ဖုန်းတစ်​လုံးတို့ကိုလည်း ​ရှာ​ဖွေ​တွေ့ခဲ့တယ်​လို့ဆိုပါတယ်​။

 

WYစိတ်​ကြွ မူးယစ်​​ဆေးဝါး အပြား(၉၅၀)အ​လေးချိန်​ (၉၅)ဂရမ်​ရှိ မူးယစ်​​ဆေးဝါး များလက်​ဝယ်​​တွေ့ရှိတဲ့ အသက်​ ၂၅နှစ်​ရှိ ထွေအုပ်​ အငယ်​တန်းစာရေး ကိုခန့်​ဇင်​ထူး (ခ)ကိုခန့်​နဲ့ ပဲခူးမြို့ရပ်​ကွက်​ကြီး(၃)​နေ အသက်​ ၂၅နှစ်​ရှိ ကိုသိန်းဦးတို့ကို မူးယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာဥပ​ဒေအရ အမှုဖွင့် ပြီး (ပ)၉/၂၀၁၉နဲ့ အ​ရေးယူ​ဖို့ ​ဆောင်​ရွက်​​နေတယ်​လို​ အမှတ်​ ၃ နယ်​​မြေရဲစခန်း ကသိရပါတယ်​။

 

#voiceofmyanmar  #ပဲခူး #ထွေအုပ်  #wy #မူးယစ်ဆေးမိ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW