ဆူးငှက် မန္တလေးသင်္ကြန်ဆိုတာ —————————– ကုန်လွန်ခဲ့တဲ့ ၁၅နှစ်ကျော် ကာလကတည်းက သင်္ကြန်နှင့် ပတ်သက်ပြီး ကျွန်တော် ဒီလိုရေးခဲ့ဖူးသည်။ “ မန္တလေးသင်္ကြန်ဆိုတာ…၊ တစ်မျိုးသားလုံး…၊ နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တညီတညွတ်တည်း တန်ဖိုးထားဂုဏ်ယူ ကြည့်ရှု့ခံစား၊ အံ့သြခဲ့ကြတဲ့ ရှားရှားပါးပါး ရှေးဟောင်းအမွေအနှစ် ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ် အဆောင်ဆောင်တွေကို ခေတ်ပေါ်ပစ်္စည်းကြော်ငြာ ဗီနိုင်း ပလပ်စတစ်စကြီးများနဲ့ ကာရံပစ်လိုက်တဲ့ သင်္ကြန်ဖြစ်သွားပါပြီ။ တစ်မျိုးသားလုံး၊ နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တစ်ညီတစ်ညွတ်တည်း တန်ဖိုးထားဂုဏ်ယူ၊ ကြည့်ရှုခံစား အံ့သြခဲ့ကြရုံမက အမျိုးသား လက်္ဓဏာလို့ အသိအမှတ်ပြုခဲ့ကြတဲ့ သင်္ကြန်ရဲ့ ဂီတ၊ သင်္ကြန်ရဲ့ အလှ.၊ သင်္ကြန်ရဲ့ အက၊ သင်္ကြန်ရဲ့ ယဉ်ကျေးမှု၊ သင်္ကြန်ရဲ့ အနုပညာ၊ ထိုထို အရာများစုစည်းရာဖြစ်တဲ့ သင်္ကြန်ရဲ့ ညတွေ လုံးဝ(လုံးဝ) ပျောက်သွားပြီး အဖိုးတန်ကျုံး၊ မြို့ရိုး…
Read MoreDay: November 13, 2026
ရန်ကုန်နဲ့ မန္တလေးတွေမှာ စားသုံးသူနစ်နာဆုံးရှုံးမှုအများဆုံး ကြုံတွေ့နေရ
ရန်ကုန်- နိုဝင်ဘာ ၁၂-၂၀၂၆ EP(VOM) စားသုံးသူတွေရဲ့ နစ်နာဆုံးရှုံးမှုကို တိုင်ကြားမှုမှာ ရန်ကုန်မြို့နဲ့ မန္တလေး မြို့က တိုင်ကြားမှု များပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးက နည်းပါးနေကြောင်း စားသုံးရေးရာ ဦးစီဌာနက သိရှိရပါတယ်။ ရန်ကုန်တိုင်းက လက်ခံတိုင်ကြားရရှိမှု ၃၀၂ ခုရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဒုတိယအများဆုံးဟာ မန္တလေးတိုင်းဖြစ်ပြီး ၆၄ ခု တိုင် ကြားမှု ရှိခဲ့ပါတယ်။ ဒီစာရင်းဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်းကုန်စည်တိုင်ကြားမှု ၄၄ ခု ဝန်ဆောင်မှုတိုင်ကြားမှု ၄၁၈ ခု စုစုပေါင်း ၄၆၂ ရှိခဲ့ပါတယ်။ ” လက်ရှိမှာတော့ စားသုံးသူဥပဒေကို ချိုးဖောက်တာမျိုးက နည်းနဲ့ အတွက် အရေးယူတဲ့ အမှုထက် ကျွန်တော်တို့က တိုင်ကြားသူနဲ့ တိုင်ကြားခံရသူ အကြား စေ့စပ်ညှိနှိုင်းပေးတဲ့အမှုက များပါတယ်” လို့…
Read Moreမိုးဖျက်လို့ ဆောင်းသီးနှံ မတ်ပဲနဲ့ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားလို့ တောင်သူတွေ ဒုက္ခရောက်
နိုဝင်ဘာ ၁၃ ၊ ၂၀၂၆ CC (VOM) မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲ ၊ ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားတဲ့အတွက် စိုက်ဧကနဲ့ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ပဲတီစိမ်းနဲ့ မတ်ပဲကို အောက်တိုဘာလကုန်လောက်ကတည်းကစပြီး နိုဝင်ဘာ ၁၅ ရက်မကျော်ခင်မှာ တောင်သူ အများစုစိုက်ပျိုးပြီးစီးလေ့ရှိပေမယ့် အခုတော့ မိုးဆက်တိုက်ရွာပြီး ရေဝင်ရောက်မှုကြောင့် နိုဝင်ဘာလကုန်လောက်မှသာ စတင်စိုက်ပျိုးနိုင်မယ့်အခြေအနေ ရှိနေပါတယ်။ ပဲစိုက်ရာသီချိန်ကျော်လွန်ပြီးမှ စိုက်ပျိုးပါက အပင်ပေါက်နူန်းမကောင်းတော့ဘဲ အပင်အားကောင်းမှုလျော့ကျသွားခြင်းကြောင့် အထွက်နူန်း သိသိသာသာလျော့ကျကာ တောင်သူတွေ ဆုံးရှုံးမှုရှိနိုင်တာကြောင့် ပဲစိုက်ဧကတွေ လျှော့ချစိုက်ဖို့ နဲ့ လုံးဝမစိုက်ပျိုးတော့ဘဲထားဖို့ စဥ်းစားနေကြပါတယ်။ ဒီနှစ်က အယ်လ်နီညိုဖြစ်စဥ်သက်ရောက်မှုကြောင့်လည်း ပဲအပါအဝင် စိုက်ခင်းတွေ သီးနှံအထွက်နူန်းလျော့နိုင်တဲ့ အခြေအနေတွေပါရှိနေတော့ တောင်သူတွေမှာ အခက်ကြုံနေကြရတာပါ ။ ” မိုးသာမရွာရင် ပဲတွေကြဲပြီးပြီ။ အခုတော့ ဘာမှလုပ်မရဘူး။ လယ်တွေထဲ…
Read More