ပေါင်းတည် စက်တင်ဘာ ၁
မိုးယံ (VOM)
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ဘိုးသာအောင်ကုန်းအုပ်စုမှာ သြဂုတ် ၃၁ရက်က ဘိုးသာအောင်ကုန်းချောင်းရေလျှံနေလို့် အနီးကရွာ ၅ရွာ အိမ်ပေါင်း တစ်ထောင်ကျော် ရေဝင်နေပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။
ဘိုးသာအောင်ကုန်း ရွာက ကိုစန်းဦးက ဒေသခံတွေရွှေ့ပြောင်းနေရတဲ့ အခြေအနေတွေကို ပြောပြတာကတော့
“ နေ့လယ်ကတည်းက ဘိုးသာအောင်ကုန်း ချောင်းရေလျှံနေတာပါ။ လယ်တွေလည်း ခန့်မှန်းခြေ ဧက သုံးရာလောက်တော့ ရေနစ်နေပြီ ကျနော်တို့တွေလည်း စာသင်ကျောင်းမှာ ပြောင်းနေကြရတယ်။ရှမ်းတောင်ဆို တစ်ရွာလုံးနစ်နေပြီ ”
ဘိုးသာအောင်ကုန်း ချောင်းအနီး ဘိုးသာအောင်ကုန်းရွာ ညောင်ကုန်းရွာ၊ ရှမ်းတောင်ရွာ၊ အရှေ့စုရွာ တွေမှာရေဝင်နစ်မြုပ်နေကြပြီး ကျွဲ နွား တိရစ္ဆာန် တွေလည်း ဘေးလွတ်ရာကို လတ်တလော ရွှေ့ပြောင်းနေကြရတယ်လို့ ကျောင်းကုန်းရွာက ကိုကျော်ကျော်ကပြောပါတယ်။
“ ညနေ ၆နာရီကျော်မှာ ကျောင်းကုန်းရွာထဲကိုရေတွေဝင်လာပါတယ် အခု ရွာသားတွေရောကျွဲနွားတွေရော ဘေးလွတ်ရာ ကို ရွှေ့နေကြပါပြီ”
ဘိုးသာအောင်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကလည်း သူ့ရွာအနေအထားတဲ့ သက်ဆိုင်ရာကို တင်ပြအကူညီတောင်းထားတဲ့အကြောင်း
“ လောလောဆယ် ရေတွေတအားဝင်လာတာဆိုတော့ ဘာမှမစီစဉ်ပေးနိုင်သေးပါဘူး ပန်းသင်းပင်ကျေးရွာမှာလည်း ရေနစ်မြုပ်နေတာဆိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းတော့ကြားထားပါတယ် ထမင်းထုပ်ဝေဖိုစီစဉ်နေပါတယ်လို့” ပြောပါတယ်။
“ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ကျနော်တို့တွေ ထမင်းထုပ်တွေဝေပေးနေပါပြီ မန်ကျည်းပင်ဆည်ကရေများလို့ ချောင်းရေလျှံနေတာပါ ပန်းသင်းပင်ကျေးရွာမှာတော့ ရေနည်းနည်းပြန်ကျနေပြီ ဒါပေမယ့် ပရဟိတကားတွေဆက်သွားလို့မရဘူးဘာကြောင့်လဲဆိုတော့ဆည်ဘောင် ကျိုးနေတာကြောင့်ပါ ဆည်ကျိုးတာမဟုတ်ပါဘူးလက်ဝဲမြောင်းက ဘောင်ကျိုးတာ ဘေးကကွင်းရေများလို့ ဘောင်တွေကျိုးတာပါလို့”ပေါင်းတည် မဲဆန္ဒနယ် အမှတ် ၁ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က VOM ကိုပြောပါတယ် ။
ခုရေကြီးမှုဟာ ဆယ်နှစ်အတွင်း ပထမဆုံးရေကြီးတာဖြစ်ပြီး ရေကဆက်တက်လာနေတဲ့အတွက် ပရဟိတ အဖွဲ့ တွေ မီးသတ်တပ်ဖွဲ့ တွေလည်း လာရောက်ကူညီနေကြပြီဖြစ်ပါတယ်။
#voiceofmyanmar #ပေါင်းတည် #ပဲခူး #ရေကြီး