အသက်မပြည့်သေးတဲ့ မိန်းကလေးကို ရည်းစားကိုယ်တိုင်နဲ့ တခြားသူ ၄ဦးက မုဒိမ်းကျင့်

ကလေး စက်တင်ဘာ ၁-၂၀၁၉

မိုင်ချယ်ရီ ( VOM)

 

စစ်ကိုင်းတိုင်း ကလေးမြို့ နယ် ဆင်ကျေးရွာမှာ နေထိုင်တဲ့   မ— ဟာ   ရည်းစားဖြစ်သူက တွေ့ဖို့ချိန်းလို့ သွားတာမှာ လူငါးဦးက မုဒိမ်းကျင့် ခံရလို့ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ လာရောက်တိုင်တန်းခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။ ကလေးမြို့မရဲ့စခန်းကို ဆက်သွယ်မေးမြန်းကြည့်တော့

 

“ ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၀ ရက်က စခဲ့တဲ့ဖြစ်စဉ်ပါ မ—က ဒီကနေ့မှာ လာပြီးအမှုဖွင့်တာမို့ ကျနော်တို့ အမှုဖွင့်ပေးထားပြီး လေးယောက်ကတော့ဖမ်းမိထားပြီးပြီ။ တစ်ယောက်ကိုတော့ရှာဖွေနေတုန်းပဲ”ဟုကလေးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

 

သြဂုတ်လ ၁၀ ရက်နေ့က ဆင်ကျေးရွာမှာ နေထိုင်တဲ့ မ—(၁၇) နှစ် ဟာ သူနဲ့ ချစ်ကြိုက်နေတဲ့ ကိုဘွဲ့နိမ့်ထန်း(၂၅) နှစ်က တွေ့ဆုံရန် ချိန်းတာကြောင့်  သြဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီ အချိန်က ချိန်းဆိုထားတဲ့ ရွာထဲမှာရှိတဲ့ ကုက္ကိုလ်ပင်အောက် စောင့်ဆိုင်းနေချိန်မှာ သူ့ရဲ့ ရည်းစားဖြစ်သူ နဲ့ ကိုယောဟန်မွေးဖူး(၂၉) နှစ် တို့က ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ပြီး  သူမကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ကလေးမြို့ စက်မှုဇုံအနီးရှိ လယ်ကွင်းအတွင်း ခေါ်ဆောင် မုဒိမ်းကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မ—- ကို မုဒိမ်းကျင့်ပြီးနောက် ထားခဲ့တဲ့အတွက် နေအိမ်ကို ခြေလျင်ပြန်လာရာလမ်း စက်မှုဇုံလမ်းခွဲ အနီးမှာ ကိုနေထက်လင်း(၂၅)နှစ် နဲ့ ကိုအောင်ကျော်လင်း(၂၆) နှစ်တို့ နှစ်ဦးနဲ့ထပ်တွေ့ပြီး အိမ်လိုက်ပို့ပေးမယ်ဆိုလို့ လိုက်သွားခဲ့ပါတယ်။ အဲဒီနောက်  သူတို့နှစ်ဦးကလည်း စက်မှုဇုံအနီး တောင်ခြေကို ခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ခဲ့တာလို့  သိရပါတယ်။

 

အဲ့ဒီနောက် ကိုနေထက်လင်းက လူမနေတဲ့ နေအိမ်ကို ခေါ်ဆောင်သွာပြီး တစ်ကြိမ် သူ အလုပ်လုပ်နေတဲ့ နေရာအနီးမှာရှိတဲ့ နေအိမ်ကို  ၃ ရက်အကြာ ခေါ်ဆောင်ထားပြီး ၅ ကြိမ် မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီလို  ပြုကျင့်ပြီးတဲ့နောက် ကိုနေထက်လင်း က သူ့ရဲ့ အသိ အမျိုးသားတစ်ဦးရဲ့နေအိမ် မှာ ၃ ရက် တည်းနေတဲ့ အချိန်မှာ အမည်မသိ အိမ်ရှင် အမျိုးသားကနေ ၃ ကြိမ် မုဒိမ်းကျင့်ခဲ့တာကြောင့် နေအိမ်ကနေ ထပ်မံထွက်ပြေးခဲ့ပါတယ်။

 

ခုလို ယောကျာင်္းအများအပြားက မုဒိမ်းကျင့်တဲ့ အပေါ်  ကာယကံရှင်အမျိုးသမီးက ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မှာ ကလေးမြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့တာမို့(ပ)၁၈၆၀/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ကလေးမြို့မစခန်းက သိရပါတယ်။

 

#voiceofmyanmar #ကလေး #သက်ငယ်မုဒိမ်း #ရည်းစားအပါအဝင်၎ဦးကမုဒိမ်းကျင့်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW