မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်းစီမံကိန်းအတွက် ပဏာမလုပ်ငန်းတွေစတင်

မန္တလေး စက်တင်ဘာ ၁-၂၀၁၉

နေလင်း (VOM)

 

၂၀၁၈ခုနှစ် အောက်တိုဘာ ၂၂ ရက်က တရုတ်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ နားလည်မှုစာချွန်လာထိုးခဲ့တဲ့  မူဆယ်မန္တလေး လျှပ်စစ်အမြန်ရထားလမ်း ကီလိုမီတာ ၄၀၀ကျော်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တာတွေ ကောင်းကင်မြေတိုင်းတာတွေ မြေပြင်စမ်းသပ်တာတွေ စလုပ်နေပြီဖြစ်ပါတယ်။

 

ဒီလုပ်ငန်းတွေထဲက ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနဲ့ လူထုသဘောထားတွေသိဖို့ လူထုတွေ့ဆုံပွဲတွေကို Ever Green Tech Environmental Services and Trainning Co.Ltd က ဦးဆောင်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လုပ်နေပါတယ်။

 

ပြီးတဲ့လက ပုသိမ်ကြီးမြို့မှာလုပ်ခဲ့သလို သြဂုတ် ၃၁ ရက် မနေ့က ပြင်ဦးလွင်မှာလုပ်ခဲ့ပြီး ဒီကနေ့ နောင်ချိုမှာ ပြုလုပ်နေပါတယ်။ မနေ့က ပြင်ဦးလွင်မှာလုပ်တဲ့  လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ ပညာရှင် နဲ့ လူထုသဘောထားတွေကို မေးမြန်းပြီး ကိုနေလင်းက သတင်းပေးပို့ထားပါတယ်။

 

#voiceofmyanmar #မူဆယ်မန္တလေးရထားလမ်း #တရုတ်

Related posts

VOM News

FREE
VIEW