အသက်​၅နှစ်​အရွယ်​ မိန်းက​လေးအား သားမယားပြုကျင့်​မှု လက်​ပံတန်းမှာဖြစ်

လက်​ပံတန်း စက်​တင်​ဘာ ၁၅-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း သာယာဝတီခရိုင်၊ လက်​ပံတန်း မြို့နယ်​ သိုက်​ဝါး​ချောင်းအုပ်​စု၊ ရင်းတိုက်​​မြှောင်​​ကျေးရွာမှာ မ​နေ့ည​နေ ၅နာရီဝန်းကျင်​​လောက်​က ​ဒေါ်—ီ ရဲ့သမီး အသက်​၅နှစ်​ရှိ မိန်းက​လေးကို တစ်​ရွာတည်း​နေ အသက်​၄၇နှစ်​ရှိ ဦးစန်းလွင်​(ခ)​ဦးစန်းက သားမယားပြုကျင့်​မှု ဖြစ်​ပွားခဲ့​တယ်​လို့ လက်​ပံတန်း မြို့မရဲစခန်းကနေ သိရပါတယ်​။

 

ဦးစန်းလွင်​(ခ)​ဦးစန်းဟာ မ—ကို ​နေအိမ်​အ​နောက်​ ဆိုင်​ကယ်​ထားသည့်​အ​ဆောင်​ကို​ခေါ်သွားပြီး ပါးစပ်​ကို မအူရွက်​များဆို့ လက်ကိုနောက်ပြန်ကြိုးတုပ် သားမယားပြုကျင့်​ခဲ့ပြီး အ​ဖေအ​မေ ပြန်​​ပြောရင်​ ​ချောင်းထဲ​ပစ်​ချမယ်​လို့ ​ပြောဆိုခဲ့တယ်​လို့်​ မ—ကအဘွားဖြစ်​သူကို​ပြောပြခဲ့တယ်​လို့ မ—ရဲ့အဘွားဖြစ်​သူ ​ဒေါ်ြ—်​က​ပြောပါတယ်​။

 

သားမယားပြုကျင့်​ခံရသူ မ—မှာ အသက်​ငယ်​ရွယ်​သူဖြစ်​ပြီး က​လေးသဘာဝ​လျှောက်​​စော့ကစား​နေရာမှ လူကြီးများမရှိခိုက်​ အခွင့်​​ကောင်းယူကာ တစ်​ရွာတည်း​နေ ဦးစန်းလွင်​(ခ)​ဦးစန်းက ကျူးလွန်းခဲ့ခြင်းဖြစ်​တယ်​လို့်လက်​ပံတန်း မြို့မရဲစန်းက တာဝန်​ရှိသူတစ်​ဦးက သုံးသပ်​​ပြောဆိုပါတယ်​။

 

ဖြစ်စဉ်နဲ့ပတ်သက်လို့ (ပ)၄၉၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၃၇၆ နဲ့ဖွင့်ထားပြီး အသက်၄၇နှစ်ရှိ ဦး​သောင်းမြင့်ရဲ့သားဦး စန်းလွင်​(ခ)​ဦးစန်းကို ည၉နာရီခန့်​က ဖမ်းဆီးမိထားပါတယ်။

 

#voiceofmyanmar #လက်ပံတန်း #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW