က​လေးခိုးမှု ပြစ်​မှုပြစ်​ဒဏ်​အတိုင်း အ​ရေးယူ​ပေးဖို့ နတ္တလင်းမှာ ဆန္ဒပြ

နတ္တလင်း စက်​တင်​ဘာ ၁၆-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း နတ္တလင်းမြို့နယ်​ မှာဒီ​နေ့ မနက်​၉နာရီ က က​လေးခိုးမှုအား ပြစ်​မှုပြစ်​ဒဏ်​အတိုင်း အ​ရေးယူ​ပေး​ဖို့ဆိုကာ ဆရာ/ဆရာမ အချို့ ​နဲ့ ကျောင်းသားတွေ အပါအဝင် ဒေသခံပြည်​သူတစ်​​ထောင်​ဝန်းကျင် ဆန္ဒ​ဖော်​ထုတ်​ခဲ့ပါတယ်​။

 

” သြဂုတ်​ လ၃၀ရက်​​နေ့က ကျမတို့​ကျောင်းက ​ကျောင်းသူကို ​ကျောင်းသူမိဘဆိုပြီး အတင်း​ခေါ်တာနဲ့ပတ်​သက်​ပြီး ရွာသား​တွေနဲ့ဝိုင်းဖမ်းပြီး စခန်းကိုပို့ပါတယ်​ တစ်​ရက်​ချုပ်​ထားပြီး​နောက်​​နေ့ အာမခံနဲ့လွှတ်​လိုက်​ပါတယ်​ ကျမတို့ရွာသား​တွေနဲ့မိဘ​တွေ အံ့သြထိတ်​လန့်​ကုန်​ပါတယ်​ ကျူးလွန်​ထားတဲ့အပြစ်​နဲ့ စွဲထားတဲ့ပုဒ်​မနဲ့လုံးဝမကိုက်​ညီဘူး ကျမတို့ကျောင်းသားထုတစ်​ရပ်​လုံးရဲ့ဘဝလုံခြုံ​ရေး စာသင်​​ကျောင်း​တွေရဲ့ဘဝလုံခြုံ​ရေးအတွက် မိဘပြည်​သူတစ်​ရပ်​လုံး.ကျမတို့ဆရာ/ဆရ.မ ​တွေ ​ကျောင်းသား​တွေ ပါဝင်​ဆန္ဒထုတ်​​ဖော်​ရတာပါလို့ ” ဖလံပင်​​ကျေးရွာ ဖလံပင်​ရွာမ​ကျောင်း အလယ်တန်းပြ ဆရာမ ​ ဒေါ်သန်းသန်း​ဆွေက​ ပြောပါတယ်​။

 

ကျောင်းသူပါသွားရင်​ လူကုန်​ကူးမှာလား သက်​ငယ်​မုဒိမ်းလား အဓမ္မကျင့်​မှာလားကိုယ်​လက်​အင်္ဂါ​တွေ​ရောင်းစားမှာလားဆိုတာ မ​တွေးဝံ့စရာဖြစ်​​နေလို့ သားသမီးရှိသူတိုင်းမ​တွေးဝံ့စရာဖြစ်​​နေလို့ ထိ​ရောက်​စွာအ​ရေးယူ​ပေး​စေချင်​တယ်​လို့လည်း ဆရာမက​ပြောပါတယ်​။

 

ဆရာ/ဆရာမအချို့ ​ကျောင်းသူ/​ကျောင်း​သားများ ​ဒေသခံပြည်​သူ​တွေဟာ နတ္တလင်းမြို့နယ်​ သံဖြူရုံဂိတ်​ကစတင်​ပြီး ရန်​ကုန်​-ပြည်​ကားလမ်းအတိုင်း တရားဥပ​ဒေ စိုးမိုး​ရေး၊ က​လေးခိုးမှုအား ပြစ်​မှုပြစ်​ဒဏ်​အတိုင်းအ​ရေးယူ​ပေး​ရေး၊ အမှုထိမ်​ချန်​​သော တာဝန်ရှိသူများအားအ​ရေးယူ​ပေး​ရေး စတဲ့​ကြွေး​ကြော်​သံ​တွေနဲ့ ချီတက်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။

 

” သြဂုတ်​လ ၃၀ရက်​​နေ့က ဖြစ်​ပွားခဲ့တဲ့ က​လေးခိုးမှုနဲ့ပတ်​သက်ပြီး နတ္တလင်း​မြို​နယ်​ ရဲတပ်​ဖွဲ့ က တာဝန်​ရှိ​သူ​တွေကပုဒ်​မ ၄၄၇/၃၅၄တီု့နဲ့ဖွင့်​ထားတယ်​ ဒီလို ပြစ်​မှု ပြစ်​ဒဏ်​ မမျှတတဲ့ပုဒ်​မ​တွေနဲ့ဖွင့်ထားလို့ ပြစ်​မှု ပြစ်​ဒဏ်​ မျှတ​အောင်​ အ​ရေးယူ​ပေးဖို့ အဲဒီလို လုပ်​မ​ပေးဖူးဆိုရင်​ ဒီထက်​ပြင်းထန်​တဲ့ လှုပ်​ရှားမှု​တွေ ဆက်​လက်​ဖြစ်​​ပေါ်လာနိုင်​ပါတယ်​ လို့” ​တောင်​သူလယ်​သမား အ​ရေး​ဆောင်​ရွက်​သူကိုသန့်​ဇင်​ထက်​က​ပြောပါတယ်​။

 

“ ပြစ်​မှု ပြစ်​ဒဏ်​ မညီတဲ့ ပုဒ်​မ​တွေတပ်​ပြီး ကျ​နော်​တို့အမျိုးမျိုးသနားခံ​သော်​လည်း မြို့နယ်​ရဲတပ်​ဖွဲ့မှူး က ပုဒ်​မ ၁၁၄ /၄၄၇/ ၃၅၄ဆိုတဲ့ သာမန်​ ပုဒ်​မတပ်​ထားတယ်​  တကယ်​တန်းက က​လေးကို အခန်းထဲဝင်​ပြီး ခိုးယူတာပါ သက်​ဆိုင်​ရာ ဆရာမကိုလည်း ဒီအတိုင်းဘဲ အမှုဖွင့်​မယ်​ဆိုပြီး လက်​မှတ်​ထိုး ခိုင်းပါတယ်​ တစ်​နယ်​လုံး တစ်​နိုင်​ငံလုံး ကျောင်းသား ​ကျောင်းသူ​တွေ ဘဝလုံခြုံ​ရေးအတွက်​ အခုလိုဆန္ဒ​ဖော်​ထုတ်​တာပါလို့ “ ဖလံပင်​​ကျေးရွာ ​ကျောင်းအကျိုး​တော်​​ဆောင်​ ဦးခင်​စိုးက​ပြောဆိုပါတယ်​။

 

#vocieofmyanmar #ကလေးခိုးမှု   # နတ္တလင်း

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW