မုံရွာ စက်တင်ဘာ ၁၆၊၂၀၁၉
မောင်တာရာ(VOM)
စစ်ကိုင်းတိုင်းအတွင်းက အလုပ်အကိုင် အခွင့်အလမ်းမရရှိသေးသော လူငယ်တွေအတွက် အလုပ်အကိုင် ရှာဖွေပေးသွားမယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံက သိရပါတယ်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရဲ့ လမ်းညွှန်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးနှင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ မှ ကြီးကြပ်ပြီး တိုင်းဒေသကြီးအတွင်း ဘွဲ့ ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်း မရရှိသေးသောလူငယ်တွေ၊ ဘွဲ့မရရှိသော်လည်း သက်မွေးပညာလုပ်ငန်းတွေမှာ ကျွမ်းကျင်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေစီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
”အလုပ်လျောက်မယ့်သူက သူ့တို့ရဲ့ အချက်အလတ်လေးတွေကို ကျွန်တော်တို့ ဆီ ပို့ပေးထားရင် ကျွန်တော်တို့ကအဲဒါလေးတွေစုထားမယ်။စုထားပြီးတော့မှ ဌာနဆိုင်ရာ၊ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုက အလုပ်ခေါ်လာပြီဆိုရင် သူတို့ရထားတဲ့ ဘွဲ့နဲ့ခေါ်တဲ့ အလုပ်နဲ ကိုက်ညီတယ်ဆိုရင် ကျွန်တော်တို့ဌာနက ဆက်သွယ်ပြီးတော့ လှမ်းအကြောင်းကြားမယ်၊ချိတ်ဆက်ဆောင်ရွက်ပေးမယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးမိုးကျော်သူ က ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လူငယ်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း မရရှိသေးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်းသို့ အလုပ်လျှောက်ထားစာ၊ ကိုယ်ရေးအကျဉ်းနဲ့ အထောက်အထားအချက်အလက်တွေ ပူးတွဲ၍ စာတိုက်မှလည်းကောင်း ပေးပို့လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ပေးပို့လာတဲ့ အလုပ်လျှောက်လွှာတွေကို စိစစ်ပြီး အစိုးရဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်လာတဲ့အခါ ဝင်ရောက်ဖြေဆိုနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လျောက်ထားလိုသူတွေ အနေနဲ့ အချက်အလက်အသေးစိတ်သိရှိလိုပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်းဖုန်း ၀၉ ၇၉၄၇၇၇၀၇၀ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
#voiceofmyanmar #စစ်ကိုင်းတိုင်းအစိုးရ #အလုပ်အကိုင်ရှာဖွေရေး