အိန္ဒိယမှာ သင်္ဘောတစ်စင်းနစ်မြုပ် ၁၂ ဦးသေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေ

ဒေလီ၊ စက်တင်ဘာ-၁၆-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဂိုဒါဗာရီမြစ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေလိုက်ပါလာတဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားတာကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေပါတယ်။

 

အဲဒီသင်္ဘောဟာ စက်တင်ဘာ ၁၅ ရက်က ကျောက်ဆောင်နဲ့ တိုက်မိပြီး တိမ်းမှောက်သွားချိန်မှာ ပြည်နယ်အတွင်းက ကမ္ဘာ့ခရီးသွား ၆၀ ၀န်းကျင်ကို တင်ဆောင်ပြီး အပန်းဖြေနေရာတစ်ခုကို သွားရောက်နေတာဖြစ်ပါတယ်။

 

 

လက်ရှိအချိန်ထိတော့ လူ ၂၆ ဦးကိုကယ်တင်ထားပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြစ်အတွင်းက ရုပ်အလောင်းတွေကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးတာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။

 

 

အသက်ရှင်ကျန်ရစ်သူတွေကတော့ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ထပ်တူဝမ်းနည်းကြေကွဲကြောင်း အိန္ဒိယ၀န်ကြီးချုပ်မိုဒီက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

မတော်တဆမှုဖြစ်စဉ်ကြောင့် ဒေသအတွင်း သင်္ဘောပို့ဆောင်ရေးအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ပြည်နယ်ဝန်ကြီးချုပ် ဂျာဂန်မိုဟန်ရက်ဒီက တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ တိမ်းမှောက်သွားတဲ့ သင်္ဘောဟာ ခွင့်ပြုချက်လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတာလို့ အိန္ဒိယခရီးသွားလုပ်ငန်းဝန်ကြီးက အတည်ပြုပြောဆိုပါတယ်။

 

 

Ref : BBC

Photo : Getty Image

 

 

Related posts

Leave a Comment

VOM News

FREE
VIEW