ရွှေတောင်နဲ့ သဲကုန်းမြို့နယ် က တပ်ပိုင်မြေပေါ်က ရွာတွေရွှေ့ပေးရတော့မည်

 

ပြည် စက်တင်ဘာ၁၆-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နဲ့ သဲကုန်းမြို့နယ် တွေမှာ တပ်ပိုင်မြေလို့ပြောဆိုတဲ့ မြေဧက၂၀၀၀၀ကျော်ပေါ်က ဒေသခံတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး စက်တင်ဘာ၃၀ရက်နောက်ဆုံးထားဖယ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။

 

ဒေသခံတွေနေထိုင်လုပ်ကိုင်နေတဲ့အဆိုပါမြေတွေကို အမှတ်၅၀၉အမြှောက်တပ်ကပိုင်တာဖြစ်ပြီး ပြည်ထဲရေးအမည်မပေါက်သေးတဲ့အိမ်ခြေ၈၀ခန့်ရှိတဲ့ ကျောက်ထရံရွာလည်း ပြောင်းရွေ့ခံရမယ့် အထဲပါဝင်နေတယ်လို့ဆိုပါတယ်။

 

“သွားစရာလည်းမရှိဘူး။ အသက်မွေးဝမ်းကျောင်းပညာရေးလည်းမလုပ်တတ်ဘူး ပေါက်ပြားလေးနဲ့ပဲ တူးဆွလုပ်ကိုင်စားတတ်တာ ဒီရွာမှာ ဆယ်ဧကထိ ပိုင်တဲ့တောင်သူတစ်ယောက်မှမရှိဘူး။ မြေအများကြီး မပိုင်ထားဘူး ကိုယ်လုပ်နိုင်သလောက်လေးပဲ လုပ်စားကြတာ။ အခု ထွက်ပေးရမယ်ပဲ ပြောတယ်လေ ထွက်ပေးစရာ မြေမှမရှိတာဒီလူတွေ ဘယ်သွားနေရမလဲ”လို့ ကျောက်ထရံကျေးရွာသူ ဒေါ်ဝိုင်းရီက ပြောပါတယ်။

 

 

အခုဖယ်ရှားခိုင်းတဲ့ မြေက သဲကုန်းမြို့နယ်မှာ ဧက ၁၈၉၀၀ ကျော် ရွှေတောင်မြို့နယ်အတွင်းမှာ ဧက ၈၀၀၀ ကျော် စုစုပေါင်း ၁၈၉၀၀ကျော်ရှိကာ အဲဒီမြေတွေဟာ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ နည်းဥပဒေ ၈၃ အရ တပ်ပိုင်မြေအဖြစ် အသုံးပြုရန် ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်တယ်လို့ ရွှေတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းဦးစီးဌာနကဆိုပါတယ်။

 

“အခုနေရာဒေသက ရွှေတောင်မြို့နယ်ထဲကပါသလို သဲကုန်းမြို့နယ်ထဲကလည်းပါတယ် အဲဒီဒေသက အမှတ် ၅၀၉ တပ်မြေဧရိယာထဲမှာပါတယ် ပြီးတော့ ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျောက်ထရံဆိုတဲ့ ရွာလေးကလည်း တပ်မြေဧရိယာထဲမှာပါတာကို သိရတယ် ဖယ်ရှားဘို့ကတော့ ကျနော်တို့နဲ့ တိုက်ရိုက်ကြီးမဆက်စပ်ပါဘူး ဒီမြေရဲ့စီမံခန့်ခွဲမှုက တပ်အောက်မှာရှိတာပါ ကျနော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာမရှိတော့ဘူး”လို့ ရွှေတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ကပြောပါတယ်

 

အဆိုပါမြေနေရာကိုရောက်ရှိလာတဲ့အမြှောက်တပ်အမှတ်၅၀၉က ၁၉၉၁မှာ သိမ်းဆည်းခဲ့ပြီး ၂၀၁၁အထိသီးစားချလုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက်၂၀၁၁နောက်ပိုင်းမှာ သီးစားခမချတော့ဘဲ ကျူးကျော်သတ်မှတ်ကာတားမြစ်တယ  ပိုင်နက်ကျူးကျော်မှု့နဲ့တရားစွဲတားတွေရှိခဲ့ပြီး အခုတော့ အပြီးတိုင်ဖယ်ရှားတော့မှာဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar #ပြည်ခရိုင် #ရွှေတောင် #သဲကုန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW