မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ၇ ကြိမ်မြောက် တိုင်းရင်းမီဒီယာ(BNI) ညီလာခံ

မြစ်ကြီးနား စက်တင်ဘာ ၁၆-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

တိုင်းရင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ကျင်းပတဲ့ သတ္တမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ်ခန်းမတွင် စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိကျင်းမှာဖြစ်ပါတယ်။

 

တိုင်းရင်းမီဒီယာမူဝါဒ အချောသတ်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသတွေက မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်ပမီဒီယာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

 

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကတော့ ပြည်နယ်ရဲ့ အလိုအပ်ဆုံး ငြိမ်းချမ်းရေး အမြန်ရဖို့ စတုတ္ထမဏ္ဍိုင်က  ကျင့်ဝတ်နဲ့အညီ ရေးသားမယ်ဆိုရင် သတင်းသမားအတွက် ပြည်သူကအမြဲရပ်တည်နေမယ်လို့ ပြောခဲ့ပါတယ်။

 

 

တိုင်းရင်းမီဒီယာကနေ တိုင်းရင်းသားစာပေတိုးတက်ရေးအထိ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကပြောခဲ့ပါတယ်။

 

 

တိုင်းရင်းမီဒီယာများရေရှည်တည်တံ့ရေး၊ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ပေါ်ထွန်းလာအောင်နဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီတည်ဆောက်မှုမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့ပြီး အခု သတ္တမအကြိမ်ကို BNI (Burma News International) နဲ့ KNG (Kachin News Group) တို့က ပူးတွဲတာဝန်ယူကျင်းပတယ်လို့ သိရပါတယ်။

 

 

တိုင်းရင်းမီဒီယာညီလာခံ ပထမအကြိမ်အဖြစ် ၂၀၁၃  မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲ့ဒီနောက် တစ်နှစ်တစ်ကြိမ်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒုတိယ၊ ချင်းပြည်နယ် ဟားခါးမြို့မှာ တတိယ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စတုတ္ထ၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပဉ္စမ နဲ့ ကရင်ပြည်နယ် ဖားအံမြို့မှာ ဆဋ္ဌမ အကြိမ်ကျင်းပခဲ့ပါတယ်။

 

#voiceofmyanmar #BNI  #မြစ်ကြီးနား #တိုင်းရင်းမီဒီယာညီလာခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW