မြို့ပတ်ရထားစီးနင်းခ ဂျပန်က ၄ ဒေါ်လာ သတ်မှတ်​မှုအ​ပေါ်ပြန်​တွက်​ချက်​နေ

 

 

ရန်​ကုန်​ ၊ စက်​တင်​ဘာ ၁၅-၂၀၁၉

သူရိန် (VOM)

 

 

ရန်​ကုန်​မြို့ပတ်​ရထားစီးနင်းခကို ဂျပန်​ကနိုင်​ငံတကာစံ နှုန်းနဲ့အညီ ၄ ​ဒေါ်လာသတ်​မှတ်​ထား​မှုကိုပြန်​တွက်ချက်မယ်လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကသိရပါတယ်​။

 

“ ဂျပန်က တွက်ထားတာရှိတယ်။ ဂျပန်ကစက်နဲ့တွက်ထား တာဆိုတော့ သိပ်မကိုက်ဘူး။ လက်ရှိနှုန်းထားပေါ်မှာ အခြေခံပြီးတော့ တွက်ရမှာ။ စီးနေတဲ့ လူတွေက တကယ် သုံးနိုင်မသုံးနိုင်နှုန်းထားသတ်မှတ်ရမယ်။သူတို့တွက်ထားတာက တစ်မိုင်ကို ၇၀၀ ကနေ ၉၀၀ထိသတ်မှတ်ထားတာ။ လူထုက မတတ်နိုင်ဘူး။ ၁၀မိုင်ဆိုရင်တောင် ၇၀၀၀ ဖြစ်နေပြီ။ နိုင်ငံတကာစံနှုန်းနဲ့ တွက်ထားတာဆိုတော့ ၄ ဒေါ်လာလောက်ဖြစ်နေတယ်။ အဆင်မပြေဘူး ပြန်တွက်ချက်ရအုံးမယ်” လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကအထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်​။

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရဲ့ အကူ အညီနဲ့အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး ပြီးစီးသွားရင်​ တွဲဆိုင်းအသစ်နဲ့ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်​တဲ့အတွက်​ နှုန်းထားခကို ခေတ်စနစ်နဲ့အညီ ပြောင်းလဲကောက်ခံမယ်​လို့သိရပါတယ်​။

 

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရဲ့အရှည်က ၂၉ ဒဿမ ၅ မိုင်ရှည်ပြီး မြို့တစ်ပါတ်ရထားခုတ်မောင်းချိန်က၂ နာရီ မိနစ် ၅၀ ကြာချိန်ရှိလို့အဆင့်မြှင့်တင်ပြီးရင်​ ၁ နာရီ မိနစ် ၅၀ သာ ကြာမြင့်မယ်​လို့သိရပါတယ်​။

 

လက်ရှိ ရထားစီးသည့်ခရီးသည်ဦးရေမှာ ၇၀၀၀၀ ဝန်း ကျင်သာရှိပြီး လူတယောက်အတွက် ရထားခကျသင့်ငွေဟာ ၂၀၀ကျပ်ပဲရှိပါတယ်။

 

 

ဂျပန်နိုင်ငံက ODA လုံးချေးငွေ ကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃သန်းနဲ့ အချက်ပြဆက်သွယ်ရေးစနစ်တွေ အဆင့်မြင့်တင်တာ၊ DEMU တွဲဆိုင်း ၆၆ ဆိုင်းဝယ်ယူတာနဲ့ သံလမ်းပြုပြင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်​နေတာဖြစ်​ပါတယ်​။

 

ဒီစီမံကိန်းပြီးလို့ ပြည်သူအများစီးနိုင်တဲ့ ဈေးနုန်းဖြစ်ရင် ရထားစီးခရီးသည် တနေ့ သုံးသိန်းအထိမျှော်မှန်းထားပါတယ်​။

 

#voiceofmyanmar #ရန်ကုန် #မြို့ပတ်ရထား

 

Related posts

Leave a Comment

VOM News

FREE
VIEW