မသန်စွမ်းသူတွေအတွက်ပါအဆင်ပြေမယ့်YBS မြို့ပတ်ဘတ်စ်ကားပြေးဆွဲမယ်

ရန်ကုန်စက်တင်ဘာ၁၉-၂၀၁၉

သိဂီၤ( VOM)

 

မသန်စွမ်းသူတွေပါ  အဆင်ပြေလွယ်ကူစွာစီးနင်းနိုင်မယ့်တံခါး၃ပေါက်ပါရှိတဲ့YBS မြို့ပတ် ဘတ်စ်ကားကို   စက်တင်ဘာလ၂၃ရက်နေ့ကစပြီးရန်ကုန်မြို့တွင်းမှာ ပြေးဆွဲပေးသွားတော့မှာဖြစ်တယ်လို့ အမျာပြည်​သူသယ်ယူပို့​ဆောင်​​ရေးကြီးကြပ်​ကွပ်​ကဲမှုအာဏာပိုင်​အဖွဲ့YRTAကသိရပါတယ်။

 

scania bus ကားတွေနဲ့ပြေးဆွဲပေးမှာဖြစ်ပြီးကားရဲ့ဖွဲ့စည်းပုံဟာဆိုရင်  သက်ကြီးရွယ်အိုတွေအတွက်ထိုင်ခုံနေရာ၊ဝှီးချဲအသုံးပြုနေရတဲ့ကျန်းမာရေးမကောင်းသူမသန်စွမ်းသူတွေအတွက်ပါ  ယာဉ်အတက်အဆင်းအဆင်းပြေစေမှာဖြစ်သလို  ထိုင်ခုံတွေ၊မျက်မမြင်တွေအတွက်အသံစနစ်၊စီးနင်းသူတွေကိုသတင်းအချက်အလက်ပေးတဲ့စနစ်စသဖြင့်  ပါဝင်လာပါတယ်။

 

“ခရီးသည်အခြေအနေပေါ်မူတည်ပြီးထပ်ပြီးတိုးချဲ့ပြေးဆွဲပေးသွားမယ်။အောက်တိုဘာလမှာယာဉ်အကုန်လုံးပြေးဆွဲပေးမယ်။ ပြေးဆွဲမယ့် အချိန်ကတော့ညှိနှိုင်းနေတယ်။ခရီးသည်စီနင်းမူအပေါ်မှာကြည့်ပြီးဆုးံဖြတ်ကြမယ်” လို့ရန်​ကုန်​တိုင်း​ဒေသကြီးအများပြည်​သူသယ်ယူပို့​ဆောင်​​ရေးကြီးကြပ်​ကွပ်​ကဲမှုအာဏာပိုင်​အဖွဲ့ရဲ့တွဲဖက်အတွင်းရေးမှူးဦးလှအောင် ကပြောပါတယ်။

 

အဆိုပါမြို့ပတ်ပြေးဆွဲခြင်းကို  City Transitမြို့ပတ်ခရီးသည်ပို့ဆာင်ရေးယာဉ်လိုင်းအဖြစ် ပြေးဆွဲပေးမှာဖြစ်ပြီးကနဦးအနေနဲCity Bus( Scania Bus ) ယာဉ်အစီးရေ၂၀နဲ့စတင်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးကို ဂိတ်အစနဲ့ဂိတ်ဆုံးထားကာသခင်မြပန်းခြံအထိလမ်းကြောင်းနှစ်ကြောင်းခွဲပြီး အသွားအပြန်  ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

 

ပြေးဆွဲမယ်ခရီးစဉ်လမ်းကြောင်းက  အောင်မင်္ဂလာအဝေးပြေးကနေစတင်ကာဓမ္မာရုံ၊၆ကွေ့၊ဧရာ(ဘုမ္မာ)၊ဥဇ္ဇနာ၊ဝဇီရာ၊ဃဈေး၊မြောက်ဥက္ကလာအဝိုင်း၊ဘုန်းကြီးလမ်း၊(၅)လမ်း၊ဂန္ဓမာဟိုးဆေး၊ညောင်ပင်(ပါရမီ)၊ ပင်းယ၊မြင်သာဈေး၊ ဥက္ကလာပဘုရား၊ မိုးဆွေ၊ စီမံကိန်း၊ စံပြဈေး၊ သစ်စက်၊ ချမ်းအေး(သွားဆေးတက္ကသိုလ်)၊ သုဝဏ္ဏဈေး၊ ကျောင်းလမ်း၊ သုဝဏ္ဏလမ်းဆုံ၊ဈေးလေး(ကြက်ဘဲဈေး)၊ ၆လမ်း(ပုသိမ်ညွန့်)၊ အေဘီစီ၊ အသင်းတိုက်(စက်ဆန်း)၊ ပုဇွန်တောင်စာတိုက်၊ ပုဇွန်တောင်ဈေး၊ ဗိုလ်တထောင်ဘုရား၊ စာတိုက်ကြီး(ဘိုကလေးဈေး)၊ ပန်းဆိုးတန်း၊ ခြောက်ထပ်ရုံး၊ ၁၅လမ်း(ညောင်ပင်လေးဈေး)၊ မော်တင်နဲ့သခင်မြပန်းခြံမှတ်တိုင်မှာဂိတ်ဆုံးမှာဖြစ်ပါတယ်။

 

 

ခရီးစဉ်အပြန်လမ်းကိုတော့သခင်မြပန်းခြံကားမှတ်တိုင်ကနေအလုံလမ်းတစ်လျောက်ဆင်မင်းဈေး၊ဟုမ်းလမ်း၊စာတိုက်(ကြည့်မြင်တိုင်)၊ ညဈေး၊ဆင်မလိုက်၊သင်္ဘောကျင်း၊ ရေကြောင်းသိပ္ပံ၊ ချောင်းဝ၊ ဘူတာရုံလမ်း၊ ပိတောက်ချောင်း(သီရိမင်္ဂလာဈေး)၊ အုတ်ကျင်း၊ ဈေးဘူတာ၊ ကျောင်းရှေ့(သမိုင်း)၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်း၊ ရဲဘော်ဟောင်း၊ ၈မိုင်လမ်းဆုံ၊ ၈မိုင်ပန်းခြံ၊ နဝဒေး၊လမ်းဝ၊ ၅လမ်း၊ ဘုန်းကြီးလမ်း၊ မြောက်ဥက္ကလာအဝိုင်း၊ ဃဈေး၊ ဝဇီရာ၊ ဥဇ္ဇနာ၊ ဧရာ(ဘုမ္မာ)၊ ၆ကွေ့၊ ဓမ္မာရုံအောင်မင်္ဂလာအဝေးပြေးမှတ်တိုင်ဂိတ်ဆုံးဖြစ်ပါတယ်။

 

ခရီးစဉ်အစဆုံးစီးဖြစ်တဲ့နင်းမယ်ဆိုရင်  ယာဉ်စီးခ၁၀၀၀ကျပ်သတ်မှတ်ထားပြီးအောင်မင်္ဂလာအဝေးပြေးကနေသခင်မြပန်းခြံတစ်ကြောင်းကို  ၅၀၀ကျပ်သခင်မြပန်းခြံကနေအောင်မင်္ဂလာအဝေးပြေးတစ်ကြောင်း၅၀၀ကျပ်ကောက်ခံမှာဖြစ်ပါတယ်။

 

#voiceofmyanmar #scania bus #မသန်စွမ်းသူ #ရန်ကုန် #YBS

 

Related posts

Leave a Comment

VOM News

FREE
VIEW