ဘားအံစက်တင်ဘာ၂၀-၂၀၁၉
မိုးယံ(VOM)
ကရင်ပြည်နယ် ဘားအံမြိ့မှာ အကျဉ်းဦးစီးဌာနတောင်ကလေးအကျဉ်းထောင်ကသိမ်းဆည်းထားတဲ့လယ်မြေ၆၈ဧကကိုပြန်လည်ရရှိဖို့တကယ်လို့လယ်ပြန်မပေးရင်လည်း ကာလတန်ဖိုးအတိုင်းလျော်ကြေးရရှိဖို့ ဒီနေ့မနံက် ၈နာရီခွဲအချိန်ကမူလမြေပိုင်ရှင်တွေက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
“ လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းကသိမ်းခံရတာအဘွားမြေက၂.၅၆ဧကပါတယ် တိုင်ထားတာအများကြီးဘဲဘာမှမထူးခြားဘူးအသိမ်းခံရတဲ့လယ်မြေတွေကအခုထိ လယ်ကွင်းကြီးဘဲဘာစီမံကိန်းမှမလုပ်ဘူးအဘွားတို့လယ်ထဲသွားတော့မောင်းထုတ်တယ်လယ်ပြန်လိုချင်တယ်ဒါမှမဟုတ်လည်းလျော်ကြေးရချင်တယ် “ လို့ သိမ်းဆည်းခံရတဲ့ ကမော်ကဆင်ကျေးရွာမှမြေပိုင်ရှင် ဒေါ်ညိုကပြောပါတယ်။
ဘားအံမြို့ကျောက်တိုင်ကွင်းမှာစုဝေးကြပြီးရွှေယင်မျှော်ဘုရားလမ်ကနေကန္နားပတ်လမ်းအတိုင်းသိမ်းဆည်းမြေရှိတဲ့ ဇွဲကပင်တောင်ခြေအနီးအထိသုံးမိုင်ကျော်လမ်းလျှောက်ချီတက်ကြပြီး
ဒို့လယ်မြေဒို့လုပ်ကိုင်ခွင့်ရရှိရေးဒို့အရေး၊ သမ္မတရဲ့ညွှန်ကြားချက်အတိုင်းလိုက်ပါဆောင်ရွက်ပေးရေး မတရားသိမ်းသူဒို့ရန်သူစတဲ့ဗီနိုင်းပိုစတာတွေ အလံတွေကိုင်ပြီးကြွေးကြော်သံတွေနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဘားအံမြို့နယ် ကမော်ကဆင်ကျေးရွာမှဒေါ်မဲအပါအဝင်လယ်သမား၁၅ဦး တို့ရဲ့ ရဲသာကျေးရွာအုပ်စုကကွင်းအမှတ်ဦးပိုင်အမှတ်ရှိပြီးသားလယ်မြေ၆၈ဧကကို တောင်ကလေးအကျဉ်းထောင်ကသိမ်းဆည်းခဲ့ရာမှာလျော်ကြေးတစ်စုံတစ်ရာပေးချေခြင်းမရှိဘူးလို့လည်းပြောပါတယ်။
`ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်ချက်တွေကိုပြည်နယ်အစိုးရကတိတိကျကျအကောင်အထည် ဖော်ပေးဖို့လိုမယ်တကယ်လိုအပ်တာက၅၂ဧကသိမ်းထားတာက၆၈ဧက၁၆ဧကပိုသိမ်းထားတယ်အဲဒီ၁၆ဧကကိုလယ်သမားလေးဦးကိုပြန်ပေးမယ်ပြောထားတာလည်းခုထိပြန်မပေးသေးဘူးအမြန်ဆုံးပြန်ပေးစေချင်ပါတယ်´လို့ ၈၈ကရင် မျိုးဆက်ကျောင်းသားများရဲ့လူမှုဖွံ့ဖြိုးရေးအသင်းဥက္ကဌဦးစောမောင်ကြီးကပြောပါတယ်။
၂၀၁၀ခုနှစ်ကစပြီးသက်ဆိုင်ရာဌာနများကိုပေးပို့တိုင်ကြားခဲ့ပြီး အခုနှစ်မေလကတစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးယခုအကြိမ်နဲ့ဆိုနှစ်ကြိမ်ရှိပြီလို့သိရပါတယ်။
#voiceofmyanmar #ကရင်ပြည်နယ် #ဘားအံ #လယ်သိမ်းခံ #ဆန္ဒပြ