ငွေဆောင်ကမ်းခြေအနီးမှာ တောဆင်ရိုင်းတစ်ကောင်သတ်ခံရတာ အရိုးကျမှသိ

ပုသိမ်၊ စက်တင်ဘာ ၂၁-၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြိုနယ် ငွေဆောင် ကမ်းခြေသဇင်ကျေးရွာ အုပ်စုရှိ ဆင်မ သစ်တောကြိုးဝိုင်းသစ်တောအတွင်း မှာ  အသတ်ခံရပြီး အရိုးကျနေတဲ့ တောဆင်ရိုင်း တစ်ကောင် ကိုစက်တင်ဘာ ၂၀ ရက်နေ့ က တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

 

သေဆုံးသည့် တောဆင်ရိုင်းမှာ အသက် ၂၀ အရွယ် အမြင့် ၇ ပေခန့် ကျောအလျား ၇ ပေ ၂ လက်မခန့် ရှေ့ခွာ ၅ လက်မ ပါတ်လည်ခန့် နောက်ခွာ ၄ လက်မ ပါတ်လည်ခန့် ရှိသည့်  တောဆင်ရိုင်း အမဖြစ်တယ်လို့သွားရောက်စစ်ဆေးတဲ့ ဆင်ကိစ္စအရေးပေါ်ဆောင်ရွက်ရေးအဖွဲ့ (EERU)ခေါင်းဆောင် ဒေါက်တာလင်းလင်းထွန်းကပြောပါတယ်

 

“လွန်ခဲ့တဲ့၂လလောက်ကအသတ်ခံရတာပါ ဦးခေါင်းဝဲဘက်မှာသေနတ်ဒဏ်ရာ ကိုတွေ့ရတယ် “ဟု သူကသေဆုံးရတဲ့အကြောင်းကိုရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာ၁၂ရက်နေ့ကလဲငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာလည်း တောဆင်ရိုင်း တစ်ကောင် အသတ်ခံရပီးအရေခွံခွာသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပီး တရားခံတွေကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၆၀၀၀ ခန့်ထိရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှာဆင်ကောင်ရေ ၄၅၀ကျော်ရှိပြီး ငပုတောမြို့နယ်မှာ အများဆုံးကျက်စားတယ်လို့ သိရပါတယ်။

 

မကြာခဏဆိုသလို ဆင်တွေအသတ်ခံရပြီး အစွယ်နဲ့ အရေတွေကို ယူသွားလေ့ရှိပေမယ့် ဆင်တွေကို သတ်တဲ့ တရားခံကို ဖမ်းမိဖို့ခက်ခဲ့နေပါတယ်။

 

#voiceofmyanmar #တောဆင်ရိုင်း #ပုသိမ်  #ငွေဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW