NLDရဲ့​ရှေ့လုပ်​ငန်းစဉ်​ထဲမှာ ခြေဥပြင်ဆင်ရေးကိစ္စ မပါဝင်တော့

ရန်​ကုန်​ ၊ စက်​တင်​ဘာ ၂၂-၂၀၁၉

သူရိန် ( VOM)

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး အပြီးပြု လုပ်တဲ့ သတင်းစာရှင်းပွဲမှာအစည်းအဝေး ဆုံးဖြတ်ချက် ၅ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၃ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပေမယ့်​၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ မပါဝင်တော့တာကို​တွေ့ရပါတယ်​။

 

ဒုတိယဗဟိုကော်မတီ၊ ဒုတိယအကြိမ်အစည်းအဝေးတုန်းက လုပ်ငန်းစဉ် ၅ရပ်ရှိပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်ထောင်စုလွှတ်တော်မှာဆောင်ရွက်နေတဲ့အတွက် တတိယအကြိမ် အစည်းအဝေး ကနေ ရှေ့လုပ်ငန်းစဉ် ၃ရပ်ကိုပဲ ချထားပါတယ်လို့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကပြောပါတယ်​။

 

ဒုတိယအကြိမ် ဗဟိုကော်မတီ  ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတုန်းကတော့  (၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (၂) အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ပြည်တွင်းစစ်ချုပ်ငြိမ်းရေး (၃)ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး (၄) အဖွဲ့ချုပ်အဖွဲ့ဝင်များအကြား ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး (၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အောင်နိုင်ရေးဆိုပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ခဲ့တာပါ။

 

တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး အပြီးမှာတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၊အဖွဲ့ချုပ် အဖွဲ့ဝင်များ အကြား ညီညွှတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး အောင်နိုင်ရေးအချက် ၃ချက်ပါဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပါဝင်လာခြင်းမရှိတာတွေ့ရပါတယ်။။

 

 

ဒါ့အပြင်ဆုံးဖြတ်ချက် ၅ချက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကဦးဆောင်ပြီး စွမ်းရည်မြင့် သင်တန်း​တွေပေးဖို့၊ တွေ့ဆုံပွဲ​တွေ ပြုလုပ်ပြီးပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်ဖို့၊ လယ်ယာမြေကိစ္စ​တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရ အဖွဲ့​တွေကိုတိုက်တွန်း ပေးဖို့ ၊ရွေးကောက်ပွဲ မဟာဗျူဟာ ရေးဆွဲတာနဲ့ သက်ဆိုင်​ရာ အခြေခံ အချက်အလက်တွေပေးပို့ဖို့၊ တိုင်းရင်းသား ရေးရာကော်မတီ ဖွဲ့စည်းဖို့ပါဝင်ပါတယ်​။

 

 

၂ရက်တာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို နာယကဦးတင်ဦး၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌ-ဒေါက်တာဇော်မြင့်မောင်နဲ့ ပြည်နယ်တိုင်းတွေက ဝန်ကီးချုပ်တွေ ၊ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေတက်ရောက်ပြီး အစီရင်ခံစာတင်သွင်းတာ စာတမ်းဖတ်တာတွေ လုပ်ခဲ့ကြပါတယ်။

 

#voiceofmyanmar  #NLD #ဗဟိုကော်မတီအစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW