ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရ

နေပြည်တော် စက်တင်ဘာလ-၂၆-၂၀၁၉ ကိုထွန်း (VOM)   ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးနဲ့  ညွှန်ကြားရေးမှူးဦးမင်းခိုင်တို့ ၂ယောက်ကို ဇမ္ဗူသီရိမြို့နယ်​.အမှတ်​(၁)မြို့မရဲစခန်း​၊ ဥတ္တရသီရိမြို့နယ်​ဘုရားကုန်းရဲစခန်းနဲ့ မန္တ​လေးတိုင်း​ ပြည်​ကြီးတံခွန်​မြို့နယ်​၊မြို့မရဲစခန်းတွေမှာ ဒီကနေ့ ၂၆.၉.၂၀၁၉.ရက်​​နေ ပထမသတင်း​ပေးတိုင်​ချက်​ဖွင့်​လှစ်​ပြီး တရားစွဲဆိုအ​ရေးယူနိုင်​​ရေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာတော့     ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။   တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး သည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက်…

Read More

မြို့ကြီး ၃မြို့ လုံခြုံရေးယူထားတဲ့အနေအထား ဘယ်လိုရှိနေလဲ

နေပြည်တော်၊ စက်တင်ဘာ ၂၆၊ ၂၀၁၉။ ကိုထွန်း+နေလင်း (VOM)   နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက လာပြီးတိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေးဆောင်ရွက်ဖို့ ညွှန်ကြားတဲ့ သမ္မတရုံးနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာတွေ ပေါက်ကြားခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ရုံးစိုက်တဲ့ သံရုံးတွေကနေ လုံခြုံရေး သတိထားဖို့ ဒီကနေ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။   အမေရိကန် သံရုံး၊ ဗြိတိန် သံရုံး၊ ကနေဒါသံရုံးနဲ့ သြစတေးလျ သံရုံးတွေက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူတို့နိုင်ငံသားတွေ၊ ခရီးသွားတွေ၊ သံရုံး ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေကို ရောက်နေရင် မိမိလုံခြုံရေးအတွက် အထူးဂရုပြုဖို့၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်အတွင်းက ဒေသအချို့၊…

Read More

အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်သူ ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

  ကွာလာလမ်ပူ၊ စက်တင်ဘာ -၂၆ -၂၀၁၉ မျိုးဆက် (VOM)     အိမ်နီးချင်း အင်ဒိုနီးရှားသားအများစုအပါအ၀င် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်သူလို့  သံသယရှိသူ ၁၅ ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်မှာထုတ်ပြန်ပါတယ်။   အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာကို အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့  သေနတ်သမားတွေက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့  ၂၀၁၆ ဇန်န၀ါရီနောက်ပိုင်းကတည်းက မလေးရှားနိုင်ငံဟာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်ပြီး အမြင့်ဆုံးတပ်လှန့်ထားပါတယ်။   အကြမ်းဖက်သံသယရှိသူတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတွေအတွင်း နိုင်ငံတစ်ဝန်း စီးနှင်းရှာဖွေမှုတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မလေးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ မိုင်ဒင်ပစ်ချေးက ပြောပါတယ်။   ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနှစ်ခုအတွင်း ဆာဘတ်ပြည်နယ်ရှိ မလေးရှားနိုင်ငံသားနှစ်ဦးနဲ့  အသက် ၂၅ နှစ်အရွယ်ရှိ အင်ဒိုနီးရှား စိုက်ပျိုးရေးလုပ်သားတစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ဟာ ၂၀၁၈ ခုနှစ်…

Read More

ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားပြီး အငူမော်ရွာလုံးကျွတ်ထွက်ပြေး

ရသေ့တောင်၊ စက်တင်ဘာ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့က ရေတပ်သင်္ဘောဆိုက်ကပ်စဉ်မှာ မိုင်းခွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် တိုက်ခိုက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လယ်ကွင်းထဲမှာအလုပ်လုပ်နေတဲ့ ကျေးရွာသားတစ်ဦးသေဆုံးခဲ့ပါတယ်။   ၂၂ ရက်နေ့မှာ အဲ့ဒီရွာကိုတပ်မတော်က ဝိုင်းဝန်းရှာဖွေမှုတွေပြုလုပ်ပြီး ကျေးရွာသားတစ်ဦးကို လက်လုပ်မိုင်းတွေနဲ့အတူဖမ်းဆီးသွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီး ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။   အငူမော်ကျေးရွာက အိမ်ထောင်စုပေါင်း ၄၀ ကျော်၊ လူဦးရေ ၁၇၀ နီးပါးတို့ဟာ စစ်တွေမြို့က ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတာ ၄ ရက်ခန့်ရှိနေပြီဖြစ်ပြီး ဒီကနေ့အထိ ထွက်ပြေးလာခဲ့သူတွေ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။   အဲ့ဒီထွက်ပြေးလာခဲ့ကြသူတွေကို ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းကနေ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ကျေးမွေးထားရတာဖြစ်ပြီးတော့ အစိုးရနဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက လာရောက်ကူညီပေးတာမရှိသေးဘူးဘို့ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကပြောပါတယ်။   #voiceofmyanmar #ရခိုင်ပြည်နယ်  #အငူမော်

Read More

ဟောင်ကောင်မငြိမ်သက်မှုတွေအဆုံးသတ်ရေး ပြည်သူတွေနဲ့  အုပ်ချုပ်ရေးမှူးကာရီလမ်း ပထမဆုံး အကြိမ်တွေ့မယ်

ဟောင်ကောင်၊ စက်တင်ဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာ  လေးလနီးပါးကြာမြင့်ပြီဖြစ်တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့  မတည်ငြိမ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့  နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းဖို့အတွက် အတွက် စက်တင်ဘာ ၂၆ ရက်မှာ ဟောင်ကောင်ပြည်သူတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံသွားမှာဖြစ်ပါတယ်။   တရုတ်ဗဟိုအစိုးရက ထောက်ခံပေးထားတဲ့ အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ ဟောင်ကောင်လူမှုအသိုင်းအ၀ိုင်းမှ လူ ၁၅၀ နဲ့ တွေ့ဆုံဆွေးမှုတစ်ရပ်ပြုလုပ်မှာဖြစ်ပြီး ဆွေးနွေးသူတွေဟာ  ၎င်းတို့ရဲ့ အမြင်သဘောထားတွေကို သုံးမိနစ်ဝန်းကျင် ထုတ်ဖော်ပြောဆိုခွင့်ရမယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောပါတယ်။   ဆွေးနွေးပွဲမတိုင်မီ အစောပိုင်းကတည်းက စာသင်ကျောင်းနဲ့  စီးပွားရေးလုပ်ငန်းအချို့ကို ပိတ်ထားဖို့ စီစဉ်ထားပြီး  စီပွားရေးလုပ်ငန်းအများစုရှိရာ ၀မ်ချိုင်ခရိုင်ရှိ တွေ့ဆုံဆွေးနွေးမယ့် နေရာဝန်းကျင်မှာတော့ လုံခြုံရေးတင်းကျပ်ထားဖွယ်ရှိပါတယ်။   မိမိတို့ရဲ့  လူမှုအသိုင်းအ၀ိုင်းမှာ နက်ရှိုင်းတဲ့ ပြသနာတွေဖြစ်ပေါ်စေခဲ့ပြီး ဒါတွေကို အဆုံးသတ် သက်သာစေဖို့ အချိန်ယူရမယ်လို့ ဆွေးနွေးပွဲမတိုင်မီ အုပ်ချုပ်ရေးမှူးက ကာရီလမ်းက သူ့အမြင်ကို နယူယောက်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။…

Read More

မြေပုံမြို့နယ်တွင်ငါးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ခဲ့

မြေပုံ၊စက်တင်ဘာ၂၆-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းအခုရက်ပိုင်းတွေမှာမြန်မာ့တပ်မတော်နဲ့AA တို့အကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွာနေပြီးစက်တင်ဘာ၂၅ရက်နေ့ကမြေပုံမြို့နယ်အတွင်းမှာစစ်ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။   မြေပုံမြို့နယ်ယောချောင်းအတွင်းကယိုးဆနွင်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေတာ၅ရက်ခန့်ရှိနေပြီးဖြစ်ကာတပ်မတော်ဘက်ကရဟတ်ယာဉ်လေးစီးကိုအသုံးပြုခဲ့ပြီးနှစ်စီးကဝေဟင်ကနေတိုက်ခိုက်ခဲ့တယ်လို့ယိုးဆနွင်းရွာသားတစ်ဦးကပြောပါတယ်။   “တိုက်ပွဲကတော့၂၂ရက်နေ့ကနေစပြီးဖြစ်နေတာပါ။နေ့တိုင်းဖြစ်ပါတယ်။ကျွန်တော်တို့ရွာနဲ့သိပ်မဝေးဘူး။တောင်တန်းတွေမှာဖြစ်နေတာပါ။မနေ့ကမနေက်ပိုင်း၁၁နာရီလောက်မှာရဟတ်ယာဉ်၎စီးလာတယ်။နှစ်စီးကတော့အပေါ်ကနေပစ်တယ်။”လို့အမည်မဖော်လိုတဲ့ယိုးဆနွင်းရွာသားတစ်ဦးကဆိုပါတယ်။   ဒါ့အပြင်မင်းပြားမြို့နယ်ပန်းမြောင်းကျေးရွာအရှေ့ဘက်တောင်တန်းတွေမှာလည်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီးဒေသခံကျေးရွာသားတွေစိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတာဖြစ်ပါတယ်။   တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းစက်ပိတ်ထားတာဖြစ်ပါတယ်။   ဒါ့အပြင်ပြီးခဲ့တဲ့စက်တင်ဘာ၂၃ရက်နေ့တိုက်ပွဲမှာတပ်မတော်နဲ့AA တို့အပြင်းအထန်ဖြစ်ပွားခဲ့ပြီးတပ်မတော်တပ်စခန်းတစ်ခုကိုAA ဖက်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားရှိပြီးနောက်တစ်နေ့မှာအခုလိုရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar #မြေပုံ #တိုက်ပွဲ

Read More

ပေါင်းတည်မြို့ မှာ  ၈ လအတွင်း ကြိုးဆွဲချသေသူ ၆ ဦးရှိ

ပေါင်းတည်၊ စက်တင်ဘာ၂၆-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတည်မြို့နယ်ရဲစခန်းအပိုင်အတွင်းစက်တင်ဘာ၂၅ရက်နေ့က အမျိုးသားတဦးကြိုးဆွဲချသေဆုံးခဲ့ရာကနေ သတိထားမိစရာဖြစ်ပြီး ကြိုးဆွဲချသေဆုံးမှု့များမြင့်မားနေလို့ ဒေသခံတွေ ထိတ်လန့်ဖွယ်ဖြစ်နေကြပါတယ်။   ဒီဖြစ်စဉ်တွေဟာ၂၀၁၉ ဖေဖေါ်ဝါရီလကစတင်ခဲ့ပြီး စက်တင်ဘာ၂၅ရက်နေ့အထိ ကြိုးဆွဲချသေဆုံးသူ ၆ဦးထိရှိခဲ့တယ်လို့သိရပါတယ်။   “လတ်တလော ပေါင်းတည်မြို့ပေါ်က တစ်ယောက် အခုရွာကတစ်ယောက် အားလုံးက ပေါင်းတည်မြို့ရဲစခန်းအပိုင်ဧရိယာထဲမှာဖြစ်ခဲ့တာပါ” လို့ မြို့ခံပရဟိတလုပ်ကိုင်သူ ကိုအောင်ကြီးကပြောပါတယ်။   “ ဖေဖေါ်ဝါရီလက ဘွဲ့ပင်ကန်ရပ်ကွက်ကကိုရင်တစ်ပါး၊ ဇွန်၁၉ရက်နေ့က ဈေး၁ရပ်ကွက်က အမျိုးသားတစ်ဦး၊ ဇွန်လ၂၃နေ့ဘွဲ့ပင်ကန်ရပ်ကွက်က အမျိုးသားတစ်ဦး ၊ ဇူလိုင်မှာ ဈေး၁ရပ်ကွက်က အမျိုးသားတစ်ဦး၊ သြဂုတ်လက အသက်၂၃နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ အခုစက်တင်ဘာ၂၅ရက်နေ့လယ်၁နာရီခန့်က ကြိုးဆွဲချသူမှာ အသက်၄၁နှစ်အရွယ်စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးတို့ဖြစ်တယ်”လို့သူကဆက်ပြောပြပါတယ်။   သေဆုံးသူအများစုဟာ စီးပွားရေးမပြေလည်သူတွေ မိသားစုပြဿနာတွေကြောင့်လို့ ကောက်ချက်ပြုကြပါတယ်။   ဒီလိုကြိုးဆွဲချသေတာတွေအပြင် ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာလက ရက်ပေါင်း ၁၇ရက်အတွင်း လူသတ်မှု့၎ကြိမ်ဖြစ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။   #voiceofmyanmar  #ပေါင်းတည်…

Read More
VOM News

FREE
VIEW