ပေါင်းတည်မြို့ မှာ  ၈ လအတွင်း ကြိုးဆွဲချသေသူ ၆ ဦးရှိ

ပေါင်းတည်၊ စက်တင်ဘာ၂၆-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတည်မြို့နယ်ရဲစခန်းအပိုင်အတွင်းစက်တင်ဘာ၂၅ရက်နေ့က အမျိုးသားတဦးကြိုးဆွဲချသေဆုံးခဲ့ရာကနေ သတိထားမိစရာဖြစ်ပြီး ကြိုးဆွဲချသေဆုံးမှု့များမြင့်မားနေလို့ ဒေသခံတွေ ထိတ်လန့်ဖွယ်ဖြစ်နေကြပါတယ်။

 

ဒီဖြစ်စဉ်တွေဟာ၂၀၁၉ ဖေဖေါ်ဝါရီလကစတင်ခဲ့ပြီး စက်တင်ဘာ၂၅ရက်နေ့အထိ ကြိုးဆွဲချသေဆုံးသူ ၆ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

 

“လတ်တလော ပေါင်းတည်မြို့ပေါ်က တစ်ယောက် အခုရွာကတစ်ယောက် အားလုံးက ပေါင်းတည်မြို့ရဲစခန်းအပိုင်ဧရိယာထဲမှာဖြစ်ခဲ့တာပါ” လို့ မြို့ခံပရဟိတလုပ်ကိုင်သူ ကိုအောင်ကြီးကပြောပါတယ်။

 

“ ဖေဖေါ်ဝါရီလက ဘွဲ့ပင်ကန်ရပ်ကွက်ကကိုရင်တစ်ပါး၊ ဇွန်၁၉ရက်နေ့က ဈေး၁ရပ်ကွက်က အမျိုးသားတစ်ဦး၊ ဇွန်လ၂၃နေ့ဘွဲ့ပင်ကန်ရပ်ကွက်က အမျိုးသားတစ်ဦး ၊ ဇူလိုင်မှာ ဈေး၁ရပ်ကွက်က အမျိုးသားတစ်ဦး၊ သြဂုတ်လက အသက်၂၃နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ အခုစက်တင်ဘာ၂၅ရက်နေ့လယ်၁နာရီခန့်က ကြိုးဆွဲချသူမှာ အသက်၄၁နှစ်အရွယ်စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးတို့ဖြစ်တယ်”လို့သူကဆက်ပြောပြပါတယ်။

 

သေဆုံးသူအများစုဟာ စီးပွားရေးမပြေလည်သူတွေ မိသားစုပြဿနာတွေကြောင့်လို့ ကောက်ချက်ပြုကြပါတယ်။

 

ဒီလိုကြိုးဆွဲချသေတာတွေအပြင် ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာလက ရက်ပေါင်း ၁၇ရက်အတွင်း လူသတ်မှု့၎ကြိမ်ဖြစ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

 

#voiceofmyanmar  #ပေါင်းတည် #ကြိုးဆွဲချသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW