ပူးေပါင္းကင္းလွည့္စဥ္ က်ည္ထြက္သြားလိုု႕ ရာအိမ္မွဴးေသဆံုုး

ပုုသိမ္-စက္တင္ဘာ၃၀-၂၀၁၉
ကိုုေအာင္ (VOM)

 

ဧရာဝတီတိုင္း ေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ေရႊေသာင္ယံ ကမ္းေျခၿမိဳ႕ မက်ီးဇင္ေက်းရြာအုပ္စု ေပါက္လွဂ်ိဳင္ ေက်းရြာ ပင္လယ္ကမ္းေျခမွာပူးေပါင္း လံုျခံဳေရးေဆာင္ရြက္ေနတဲ႕ တပ္မေတာ္တပ္ၾကပ္တစ္ဦးရ႕ဲ ေသနတ္ကေန က်ည္ထြက္ျပီး ေက်းရြာရာအိမ္မူးတစ္ဦးေသဆံုးခဲ႕တယ္လို႕ သိရပါတယ္။

 

စက္တင္ဘာ ၂၉ ရက္ ည ၁၁ နာရီအခ်ိန္က ကမ္းေျခလံုျခံဳေရး အတြက္ ေဆာင္ရြက္ေနတဲ႕ စစ္တပ္ ၊ရဲ၊ ေက်းရြာအုပ္ခ်ဳပ္ေရးပူးေပါင္းအဖြဲ႕ မွာပါဝင္တဲ႕ ခလရ ၅၁ မွ တပ္ႀကပ္ ျမင့္ဦး ကိုင္ေဆာင္ထားတဲ႕ ေသနတ္ကေန က်ည္ဆံ မေတာ္တဆထြက္ျပီး အသက္ ၅၆ နွစ္ရွိ ေပါက္လွဂ်ိဳင္ ေက်းရြာခြဲ ရာအိမ္မူး ဦးခင္ေအာင္ ထိမွန္ေသဆံုးခဲ႕တာလို႔ မက်ီးဇင္ ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွူး ဦးျမင့္သိန္း ကေျပာပါတယ္

 

“ကင္းလွည္ရင္းခဏနားေနတုန္း က်ည္ဆံထြက္သြားတာ ေပါင္ရင္း က ဝင္ျပီး တင္ပါး က ပြင့္ထြက္သြားတာေဆးရုံကိုပို႕ေပမယ့္ အဲဒီဒါဏ္ရာ န႕ဲ ေသဆံုးသြားတယ္”လိုု႕ ရွင္းျပပါတယ္။

 

ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မွဳးရံုး ဒုတိယ ရဲမွူးႀကီးထြန္းေရႊ ကေတာ့ ယခုျဖစ္စဥ္ကို အတည္ျပဳေပးခဲ႕ျပီး ေသနတ္က်ည္ရွင္းရင္း က်ည္ထြက္တာျဖစ္ေၾကာင္းနဲ႕ တပ္ၾကပ္ျမင့္ဦးကိုလည္း သက္ဆိုင္ရာနယ္ေျမ ရဲတပ္ဖြဲ႕က အမူဖြင့္ေဆာင္ရြက္ထားတယ္လို႕ေျပာပါတယ္။

 

ေသနတ္ကိုေပါ့ဆစြာကိုင္တြယ္ကာ လူေသဆံုး ေစခဲ႕သည့္ တပ္ၾကပ္ျမင့္ဦးကိုု ေရႊေသာင္ယံ နယ္ေျမ ရဲစခန္းမွာ ရာဇသတ္ ပုဒ္မ ၃၀၄ – က ျဖင္႕ အမွဳဖြင့္ေဆာင္ရြက္လွ်က္ရွိေၾကာင္း တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရံုးကသိရပါတယ္။

 

#voiceofmyanmar #ပုုသိမ္ #ဧရာဝတီတုုိင္း #ေသနတ္က်ည္ထြက္ #ရာအိမ္မွဴးေသဆံုုး

 

ပူးပေါင်းကင်းလှည့်စဉ် ကျည်ထွက်သွားလို့ ရာအိမ်မှူးသေဆုံး

ပုသိမ်-စက်တင်ဘာ၃၀-၂၀၁၉
ကိုအောင် (VOM)

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေမြို့ မကျီးဇင်ကျေးရွာအုပ်စု ပေါက်လှဂျိုင် ကျေးရွာ ပင်လယ်ကမ်းခြေမှာပူးပေါင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ကြပ်တစ်ဦးရဲ့ သေနတ်ကနေ ကျည်ထွက်ပြီး ကျေးရွာရာအိမ်မူးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီအချိန်က ကမ်းခြေလုံခြုံရေး အတွက် ဆောင်ရွက်နေတဲ့ စစ်တပ် ၊ရဲ၊ ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ မှာပါဝင်တဲ့ ခလရ ၅၁ မှ တပ်ကြပ် မြင့်ဦး ကိုင်ဆောင်ထားတဲ့ သေနတ်ကနေ ကျည်ဆံ မတော်တဆထွက်ပြီး အသက် ၅၆ နှစ်ရှိ ပေါက်လှဂျိုင် ကျေးရွာခွဲ ရာအိမ်မူး ဦးခင်အောင် ထိမှန်သေဆုံးခဲ့တာလို့ မကျီးဇင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ကပြောပါတယ်

“ကင်းလှည်ရင်းခဏနားနေတုန်း ကျည်ဆံထွက်သွားတာ ပေါင်ရင်း က ဝင်ပြီး တင်ပါး က ပွင့်ထွက်သွားတာဆေးရုံကိုပို့ပေမယ့် အဲဒီဒါဏ်ရာ နဲ့ သေဆုံးသွားတယ်”လို့ ိုရှင်းပြပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှုးရုံး ဒုတိယ ရဲမှူးကြီးထွန်းရွှေ ကတော့ ယခုဖြစ်စဉ်ကို အတည်ပြုပေးခဲ့ပြီး သေနတ်ကျည်ရှင်းရင်း ကျည်ထွက်တာဖြစ်ကြောင်းနဲ့ တပ်ကြပ်မြင့်ဦးကိုလည်း သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က အမူဖွင့်ဆောင်ရွက်ထားတယ်လို့ပြောပါတယ်။

သေနတ်ကိုပေါ့ဆစွာကိုင်တွယ်ကာ လူသေဆုံး စေခဲ့သည့် တပ်ကြပ်မြင့်ဦးကို ရွှေသောင်ယံ နယ်မြေ ရဲစခန်းမှာ ရာဇသတ် ပုဒ်မ ၃၀၄ – က ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးကသိရပါတယ်။

#voiceofmyanmar #ပုသိမ် #ဧရာဝတီတိုင်း #သေနတ်ကျည်ထွက် #ရာအိမ်မှူးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW