မင္းတုန္းမွာေအာင္သစၥာ အျမန္ယာဥ္ကား မီးေလာင္

မင္းတုန္းစက္တင္ဘာ၃၀-၂၀၁၉

ဂ်န္ကိုးလ္(VOM)

 

မေကြးတိုင္း မင္းတုန္းၿမိဳ႕နယ္ ပုသိမ္မုံရြာလမ္းမႀကီးေပၚမွာ ရန္ကုန္-စစ္ေတြခရီးသည္တင္မွန္လုံEXPRESSယာဥ္တစ္စီး မီးေလာင္မွဳျဖစ္ပြားခဲ့ျပီး ကားတစီးလံုုုုး မီးေလာင္သြားေၾကာင္း အခင္းျဖစ္ေနရာနားမွာရွိေနတဲ႕ ေဒသခံေတြကေျပာပါတယ္။

 

မီေလာင္ခဲ့တဲ့ ခရီးသည္တင္ ေအာင္သစၥာ ကားဟာ ပုသိမ္မုံရြာလမ္းမႀကီးမိုင္တိုင္အမွတ္၂၂၇မိုုင္ ၂ဖါလံုု မွာ အပူရွိန္မ်ားျပီး မီေလာင္ခဲ႕တာမွာ စုစုေပါင္းခရီးသည္ ၁၆ဦးေဘးလြတ္ခဲ႕ေပမယ့္ တန္ဖိုးႀကီး ကုန္ပစၥည္းေတြ မီးထဲပါသြားတယ္လို႔သိရပါတယ္။

 

မ်က္ျမင္ေတြ႔႐ွိၿပီး မီးသတ္ကိုအေၾကာင္းၾကားေပးခဲ့တဲ့ အခင္းျဖစ္ေနရာအနီးက ျပည္ေတာ္ေအးဆရာေတာ္မိန္႕တာကေတာ့  “ ဘုန္းႀကီးရဲ႕ ေက်ာင္းမွာညအိပ္ၾကရတယ္ စုစုေပါင္း၁၆ဦးေပါ့ဆုံး႐ႈံးတာေတာ္ေတာ္မ်ားလားဆိုေတာ့ မ်ားတာေပါ့တဲ့ ဖုန္းေတြပါတယ္ဆိုတာဘဲပစၥည္းကေတာ့တခ်ိဳ႕တဝက္ဆြဲထုတ္ႏိုင္တယ္မရတာလည္းမရဘူး”။

 

 

မီးေလာင္မႈ့ေၾကာင့္ ခရီးသည္ေတြထိခိုက္ဒဏ္ရာမရ႐ွိေပမဲ့ ကားကေတာ့တစီးလုံး ကုန္ေအာင္ေလာင္သြားတယ္လို႔သိရပါတယ္။ မီးေလာင္မႈဟာ အဲကြန္းခ်ိဳ႕ယြင္းမႈ့ကေနစတင္ခဲ့တယ္လို႔ ကားဆရာေတြေျပာစကားအရသိရပါတယ္။ မီးေလာင္တဲ႕ေနရာကိုု မင္းတုန္းမီးသတ္နဲ႔ မင္းလွၿမိဳ႕နယ ္႐ွမ္းတပ္ႀကီး မီးသတ္တပ္ဖြဲ႔ေတြက မီးသတ္ကားေတြနဲ႔ ကူညီၿငိမ္းသတ္ေပးခဲ့ၾကတယ္လို႔သိရပါတယ္။

 

မီးေလာင္မႈ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မင္းတုန္းၿမိဳ႕မီးသတ္ဦးစီးဌာနကတရားလိုျပဳလုပ္ၿပီး တရား႐ုံးတင္သြားမယ္လို႔စုံစမ္းသိရပါတယ္။

 

#vocieofmyanmar #မင္းတုုန္း #ကားမီးေလာင္ #ေအာင္သစၥာ

Unicode

 

မင်းတုန်းမှာအောင်သစ္စာ အမြန်ယာဉ်ကား မီးလောင်

မင်းတုန်းစက်တင်ဘာ၃၀-၂၀၁၉
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီးပေါ်မှာ ရန်ကုန်-စစ်တွေခရီးသည်တင်မှန်လုံ EXPRESSယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားတစီးလုံး မီးလောင်သွားကြောင်း အခင်းဖြစ်နေရာနားမှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

 

မီလောင်ခဲ့တဲ့ ခရီးသည်တင် အောင်သစ္စာ ကားဟာ ပုသိမ်မုံရွာလမ်းမကြီး မိုင်တိုင်အမှတ်၂၂၇ မိုင် ၂ဖါလုံ မှာ အပူရှိန်များပြီး မီလောင်ခဲ့တာမှာ စုစုပေါင်းခရီးသည် ၁၆ဦးဘေးလွတ်ခဲ့ပေမယ့် တန်ဖိုးကြီး ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်လို့သိရပါတယ်။

 

မျက်မြင်တွေ့ရှိပြီး မီးသတ်ကိုအကြောင်းကြားပေးခဲ့တဲ့ အခင်းဖြစ်နေရာအနီးက ပြည်တော်အေးဆရာတော်မိန့်တာကတော့ “ ဘုန်းကြီးရဲ့ ကျောင်းမှာညအိပ်ကြရတယ် စုစုပေါင်း၁၆ဦးပေါ့ ဆုံးရှုံးတာတော်တော်များလားဆိုတော့ များတာပေါ့တဲ့ ဖုန်းတွေပါတယ်ဆိုတာဘဲ ပစ္စည်းကတော့တချို့တဝက်ဆွဲထုတ်နိုင်တယ် မရတာလည်းမရဘူး” ။

မီးလောင်မှု့ကြောင့် ခရီးသည်တွေထိခိုက်ဒဏ်ရာမရရှိပေမဲ့ ကားကတော့တစီးလုံး ကုန်အောင်လောင်သွားတယ်လို့သိရပါတယ်။ မီးလောင်မှုဟာ အဲကွန်းချို့ယွင်းမှု့ကနေစတင်ခဲ့တယ်လို့ ကားဆရာတွေပြောစကားအရသိရပါတယ်။ မီးလောင်တဲ့နေရာကို မင်းတုန်းမီးသတ်နဲ့ မင်းလှမြို့နယ ်ရှမ်းတပ်ကြီး မီးသတ်တပ်ဖွဲ့တွေက မီးသတ်ကားတွေနဲ့ ကူညီငြိမ်းသတ်ပေးခဲ့ကြတယ်လို့သိရပါတယ်။

 

မီးလောင်မှု့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတုန်းမြို့မီးသတ်ဦးစီးဌာနက တရားလိုပြုလုပ်ပြီး တရားရုံးတင်သွားမယ်လို့စုံစမ်းသိရပါတယ်။

#vocieofmyanmar #မင်းတုန်း #ကားမီးလောင် #အောင်သစ္စာ

Related posts

Leave a Comment

VOM News

FREE
VIEW