ေဆာ္ဒီ-အီရန္စစ္ပြဲကကမၻာ႔စီပြားေရးပ်က္ေစလိမ္႔မယ္လို႔ေဆာ္ဒီအိမ္ေရွ႕မင္းသားသတိေပး

ရီယတ္၊စက္တင္ဘာ-၃၀-၂၀၁၉

မ်ိဳးဆက္(VOM)

 

အီရန္၏အျပဳအမူေတြကိုကမၻာ႔နိုင္ငံေတြကမတားဆီးဘူးဆိုရင္ကမၻာ႔ေရနံေစ်းနႈန္းဟာမမွန္းဆနိုင္တဲ႔ပမာဏအထိျမင္႔တက္သြားနိုင္တယ္လို႔ေဆာ္ဒီအိမ္ေရွ႕မင္းသားမိုဟာမက္ဘင္ဆယ္လ္မန္ကသတိေပးေျပာဆိုလိုက္ပါတယ္။

 

 

ျပီးခဲ႔တဲ႔  သီတင္းနွစ္ပတ္အၾကာကေဆာ္ဒီေရနံစက္ရံုေတြတိုက္ခိုက္မႈအတြက္ေဆာ္ဒီကအီရန္ကိုျပစ္တင္ထားျပီးေဆာ္ဒီနဲ႔အီရန္အၾကားစစ္ပြဲဟာကမၻာ႔စီးပြားေရးကိုပ်က္စီးေစလိမ္႔မယ္လို႔စီဘီအက္စ္သတင္းဌာနနဲ႔ေတြ႔ဆံုေမးျမန္းခန္းတစ္ခုမွာေဆာ္ဒီအိမ္ေရွ႕မင္းသားကဆိုပါတယ္။ စက္တင္ဘာ၁၄ရက္မွာေဆာ္ဒီေရနံစက္ရံုေတြကိုတိုက္ခိုက္မႈဟာ  အိီရန္ရဲ႕  စစ္လိုလားတဲ႔လုပ္ရပ္ျဖစ္တယ္ဆိုတာကို  အေမရိကန္နိုင္ငံျခားေရး၀န္ၾကီးနဲ႔ေဆာ္ဒီတို႔ယူဆတယ္လို႔သူကေျပာပါတယ္။

 

 

ဒါေပမယ္႔စစ္မက္ျဖစ္ပြားတာထက္  ပိုမိုေကာင္းမြန္တဲ႔ျငိမ္းခ်မ္းစြာေျဖရွင္းတဲ႔နည္းလမ္းကိုပုိမိုသေဘာက်ျပီးလိုလားတယ္လို႔မိုဟာမက္ဘင္ဆယ္လ္မန္ကေျပာပါတယ္္။ ေရနံစက္ရံုေတြတိုက္ခိုက္မႈအတြက္အေမရိကန္၊ေဆာ္ဒီနဲ႔ဥေရာပအင္အားၾကီးနိုင္ငံေတြကအီရန္ကိုျပစ္တင္ထားျပီးအီရန္ကေတာ႔ဒီျဖစ္စဥ္မွာ  ဘယ္လိုပါ၀င္ပတ္သက္တာမ်ိဳးမွမရိွဘူးလို႔  ျငင္းဆိုထားပါတယ္။

 

အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ျပီးသေဘာတူညီခ်က္တစ္ရပ္ျပဳလုပ္ဖို႔နဲ႔အေရွ႕အလယ္ပိုင္းေဒသတစ္ေလွ်ာက္ၾသဇာလႊမ္းမိုးေရးအတြက္အေမရိကန္သမၼတေဒၚနယ္ထရန္႔ဟာအီရန္သမၼတနဲ႔ေတြ႔ဆံုသင္႔တယ္လို႔ေဆာ္ဒီအိမ္ေရွ႕မင္းသားကဘင္ဆယ္လ္မန္ကတိုက္တြန္းေျပာဆိုပါတယ္။

 

Ref : BBC

Photo :Getty Images

 

#voiceofmyanmar #အီရန္ #ေဆာ္ဒီ

 

Unicode

ဆော်ဒီ-အီရန်စစ်ပွဲက ကမ္ဘာ့စီပွားရေး ပျက်စေလိမ့်မယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသားသတိပေး

ရီယတ်၊ စက်တင်ဘာ-၃၀-၂၀၁၉
မျိုးဆက် (VOM)

အီရန်၏အပြုအမူတွေကို ကမ္ဘာ့နိုင်ငံတွေက မတားဆီးဘူးဆိုရင် ကမ္ဘာ့ရေနံဈေးနှုန်းဟာ မမှန်းဆနိုင်တဲ့ ပမာဏအထိ မြင့်တက်သွားနိုင်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က သတိပေးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အကြာက ဆော်ဒီရေနံစက်ရုံတွေတိုက်ခိုက်မှုအတွက် ဆော်ဒီက အီရန်ကိုပြစ်တင်ထားပြီး ဆော်ဒီနဲ့ အီရန်အကြားစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေလိမ့်မယ်လို့ စီဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဆော်ဒီအိမ်ရှေ့မင်းသားကဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ ဆော်ဒီရေနံစက်ရုံတွေကိုတိုက်ခိုက်မှုဟာ အီရန်ရဲ့ စစ်လိုလားတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီတို့ ယူဆတယ်လို့ သူကပြောပါတယ်။

ဒါပေမယ့် စစ်မက်ဖြစ်ပွားတာထက် ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းလမ်းကို ပိုမိုသဘောကျ ပြီးလိုလားတယ်လို့ မိုဟာမက်ဘင်ဆယ်လ်မန်ကပြောပါတယ်။
ရေနံစက်ရုံတွေတိုက်ခိုက်မှုအတွက် အမေရိကန်၊ ဆော်ဒီနဲ့ ဥရောပအင်အားကြီးနိုင်ငံတွေက အီရန်ကိုပြစ်တင်ထားပြီး အီရန်ကတော့ ဒီဖြစ်စဉ်မှာ ဘယ်လိုပါဝင်ပတ်သက်တာမျိုးမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်ပြုလုပ်ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသတစ်လျှောက် သြဇာလွှမ်းမိုးရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အီရန်သမ္မတနဲ့ တွေ့ဆုံသင့်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသားက ဘင်ဆယ်လ်မန်က တိုက်တွန်းပြောဆိုပါတယ်။

Ref : BBC
Photo :Getty Images

#voiceofmyanmar #အီရန် #ဆော်ဒီ

 

Related posts

✕
VOM News

FREE
VIEW