အထီးကျန်လို့ဆိုပြီး သီလရှင် ဆရာလေးတစ်ပါး ရတနာပုံတံတားပေါ်ကနေ ခုန်ချ
စောပြည့်ချမ်းသာ(VOM)
”  ဆရာလေးကိုမေးကြည့်တော့ အထီးကျန်လို့ ခုန်ချတာလို့ပြောတယ်  IBEC တက်နေတဲ့ ကိုးတန်းကျောင်းသူ ဆရာလေးဗျ  ရတနာပုံတံတားနဲ့ စစ်ကိုင်းတံတားကြားမနေ့ ကခုန်ချတဲ့အမျိုးသားကိုရှာနေတုန်း လှမ်းတွေ့လိုက်တာ ခုန်ချတဲ့နေရာမှာဆရာလေးကပြန်ပေါ်လာလို့အဲ့နားက တံငါသည်တွေက ဆယ်ထားတာ ဒါကနဲ့ ကျနော်တို့  ရေပြင်ကနေချက်ခြင်းကယ်ဆယ်နိုင်ခဲ့တယ်လို့” အရေးပေါ် ကယ်ဆယ်ရေး(စစ်ကိုင်း) က ကိုပိုင်ဖြိုးသူ ကပြောပါတယ်။
ဧရာဝတီတံတား(ရတနာပုံ) ကနေ အထီးကျန်လို့ဆိုပြီး သီလရှင် ဆရာလေးတစ်ပါး ခုန်ချ
စစ်ကိုင်း၊ စက်တင်ဘာ၃၀-၂၀၁၉
စောပြည့်ချမ်းသာ(VOM)
ဧရာဝတီတံတား(ရတနာပုံ) ကနေ ကိုးတန်းကျောင်းသူ သီလရှင်ဆရာလေးတစ်ပါး ယနေ့ နံနက် ၁၁ နာရီ က ဧရာဝတီမြစ်ထဲ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့အရေးပေါကယ်ဆယ်ရေး (စစ်ကိုင်း) ကနေသိရပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး (စစ်ကိုင်း) အရင်နေ့က ခုန်ချတဲ့ အမျိုးသားအလောင်းကို ရှာဖွေနေချိန်မို့
ခုန်ချခဲ့တဲ့ နေရာမှာ သီလရှင် ဆရာလေးကို ချက်ခြင်းကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
” ဆရာလေးကိုမေးကြည့်တော့ အထီးကျန်လို့ ခုန်ချတာလို့ပြောတယ် IBEC တက်နေတဲ့ ကိုးတန်းကျောင်းသူ ဆရာလေးဗျ ရတနာပုံတံတားနဲ့ စစ်ကိုင်းတံတားကြားမနေ့ ကခုန်ချတဲ့အမျိူ းသားကိုရှာနေတုန်း လှမ်းတွေ့လိုက်တာ ခုန်ချတဲ့နေရာမှာဆရာလေးကပြန်ပေါ်လာလို့အဲ့နားက တံငါသည်တွေက ဆယ်ထားတာ ဒါကနဲ့ ကျနော်တို့ ရေပြင်ကနေချက်ခြင်းကယ်ဆယ်နိုင်ခဲ့တယ်လို့” အရေးပေါ် ကယ်ဆယ်ရေး(စစ်ကိုင်း) က ကိုပိုင်ဖြိုးသူ ကပြောပါတယ်။
ကယ်ဆယ်ရတဲ့ သီလရှင်ဆရာဆရာလေးကို ခုတင် ၂၀၀ ဆေးရုံကြီးကို တင်ပို့ပြီး ခုကျောင်းထိုင်ဆရာကြီးက လာခေါ်သွားသလို နယ်မြေခံရဲကလည်း စစ်ချက်ယူသွားတယ်လို့သိရပါတယ်။
ဒီနှစ် သြဂုတ်လ ၂ ရက်နေ့ကလည်း ရတနာပုံတံတားပေါ်ကနေ စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကုန်းရွာက မောင်ပြည်ဟိန်းထက်ဆိုတဲ့ လူငယ်တဦး ခုန်ချခဲ့ပြီး ၃ရက်မြောက်မှ အလောင်းတွေ့ခဲ့ပါတယ်။
ဒီလိုအလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ က မင်းလမ်းရပ်မှာနေတဲ့ ဦးနိုင်အောင်ရင် ၅၂ နှစ် က အင်းဝ(စစ်ကိုင်း) တံတား စစ်ကိုင်းဘက်ခြမ်းက ခုန်ချခဲ့ကာ ဒီနေ့ထိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ရေပြင်ကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် လ ၂၉ ရက်နေ့ က မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှာနေတဲ့ မစန္ဒီနွယ်နွယ်ထွန်း (၂၂)နှစ် က အင်းဝ (စစ်ကိုင်း) တံတား ၃ ဂုံးမြောက် က ခုန်ချခဲ့ပြီး ယနေ့အချိန်ထိ ရှာဖွေ တွေ့ရှိခြင်းမရှိသေးပါဘူး၊ ဇန်နဝါရီ ၂၇ ရက်ကလည်း မျက်စေ့ဝေဒနာသည်သမီးလေးရဲ့ ရောဂါကြောင့် သားအဖ၂ယောက် ကုန်းနံပါတ်၄ကနေ ခုန်ချသေဆုံးခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်အတွင်း အင်းဝတံတားနဲ့ ရတနာပုံ ၂ံတားပေါ်က ခုန်ချခဲ့မှု ၅ ကြိမ်ရှိခဲ့ပြီး ၅ယောက်သေဆုံးခဲ့ သလို ခု သီလရှင် ဆရာလေးတပါးပဲ ကံကောင်းထောက်မစွာ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခုလို တံတားပေါ်က ခုန်ချပြီးသေကြောင်းကြံစည်တာတွေ ခပ်စိတ်စိတ်ဖြစ်လာတာဟာ ခေတ်စားနေတဲ့ သေကြောင်းကြံစည်မှုဖြစ်နေပြီလို့ စစ်ကိုင်းမြို့ဒေသခံတွေကြား ပြောဆိုနေကြပါတယ်။
#voiceofmyanmar #စစ်ကိုင်းတံတား #အင်းဝတံတား #သီလရှင် #တံတားပေါ်ကခုန်ချ
Unicode
Related posts
Leave a Comment
VOM News
FREE
VIEW