ဆော်ဒီတပ်ရင်းသုံးရင်းကိုဖမ်းဆီးထားတယ်လို့ဟူသီသူပုန်အဖွဲ့အတည်ပြု

ဆာနား၊စက်တင်ဘာ-၂၉-၂၀၁၉ မျိုးဆက်(VOM)   ဆော်ဒီအာရေဗျနဲ့ယီမင်နိုင်ငံနယ်စပ်မှာအကြီးအကျယ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်ဆော်ဒီတပ်ဖွဲ့ဝင်အများအပြားကိုဖမ်းဆီထားတယ်လို့ယီမင်မှာရှိတဲ့ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။     ဆော်ဒီမှာရှိတဲ့နာဂျရန်ဆော်ဒီမြို့အနီးဆော်ဒီတပ်ရင်းသုံးခုလက်နက်ချလိုက်တယ်လို့ဟူသီသူပုန်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။   ထောင်ချီရှိတဲ့ဆော်ဒီစစ်သားတွေကိုဖမ်းဆီးခဲ့ရမိခဲ့ပြီအခြားသူများစွာလည်းအသတ်ခံခဲ့ရတယ်လို့သူကဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဆော်ဒီအာဏာပိုင်တွေကအတည်ပြုတာမျိုးမရှိသေးပါဘူး။   ဒီစစ်ဆင်ရေးဟာနှစ်ဘက်အကြားပဋိပက္ခစတင်ပြီးနောက်ပိုင်းအကြီးဆုံးဖြစ်တယ်လို့ဟူသီသူပုန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဆော်ဒီတပ်ဖွဲ့ဝင်အတော်များများအသက်ဆုံးရှုံးမှုတွေနဲ့စက်ယန္တယားတွေဆုံးရှုံးမှု  ရှိခဲ့တယ်လို့ဗိုလ်မှူးကြီးယာဟီယာဆာရီအာကပြောပါတယ်။   ဒီိလိုဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတာတွေကိုဟူသီသူပုန်အဖွဲ့ပိုင်ဆိုင်တဲ့AL Masirah ရုပ်သံလိုင်းကစက်တင်ဘာ၂၉ရက်မှာထုတ်ဖော်ပြသသွားမယ်လို့သူကဖြည့်စွက်ပြောဆိုပါတယ်။     Ref : BBC Photo : Reuters   #voiceofmyanamr #ဆော်ဒီ  

Read More

လွှတ်တော်ရဲ့ အတည်ပြုချက်တွေကိုအကောင်အထည်ဖော်ဆောင်မှုကြန့်ကြာနေ

စစ်တွေ၊စက်တင်ဘာ၂၈-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်ဖို့လိုအပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ပြည်နယ်လွှတ်တော်ကအတည်ပြုဆုံးဖြတ်ထားတဲ့အဆိုတွေနဲ့ပတ်သက်ပြီးအစိုးရအကောင်အထည်ဖော်ဆောင်ရွက်မှုအပိုင်းမှာကြန့်ကြာမှုတွေရှိနေတာဖြစ်ပါတယ်။     အခုလိုမျိုးအကောင်အထည်ဖော်ဆောင်ရွက်တာမရှိသလောက်နည်းပါးနေတာဟာအစိုးရအနေနဲ့လွှတ်တော်အပေါ်မှာအလေးမထားရာရောက်နေကြောင်းနဲ့အဲ့ဒီအတည်ပြုချက်တွေကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့မြောက်ဦးမဲဆန္ဒနယ်မြေအမှတ်၁ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်ကပြောပါတယ်။   “အဆို တော်တော်များများကိုလွှတ်တော်ကအတည်ပြုထားပြီးဖြစ်ပါတယ်။အဲ့ဒီအဆိုတွေကိုအစိုးရကအကောင်အထည်ဖော်ဆောင်ရွက်မှုအပိုင်းမှာပဲအားနည်းနေတယ်။နှောင့်နှေးမှုတွေရှိနေတယ်။အခုအတည်ပြုလိုက်တဲ့အဆိုတွေကအရေးကြီးတဲ့အတွက်အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်။”လို့ဦးထွန်းသာစိန်ကပြောပါတယ်။   ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းမှာအတည်ပြုခဲ့တဲ့အဆိုပေါင်းမြောက်မြားစွာရှိနေပြီးအဲ့ဒီထဲကအစိုးရအနေနဲ့အကောင်အထည်ဖော်ဆောင်ရွက်ထားမှုမှာထောက်ပြစရာမရှိလောက်အောင်ထိနည်းပါးနေတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဝေဖန်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။   “အခုလောလောဆယ်အတည်ပြုထားတဲ့ကျွန်တော်အဆိုကိုအကောင်အထည်ဖော်ဖို့အပိုင်းကအစိုးရရဲ့အပိုင်းအဖြစ်တယ်။ဒါကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။”လို့ဦးထွန်းသာစိန်ကပြောပါတယ်။   အခုကျင်းပနေတဲ့၁၁ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာရခိုင်တိုက်ပွဲအတွင်းအရပ်သားထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့အဆိုကိုဦးထွန်းသာစိန်ကတင်သွင်းခဲ့တာဖြစ်ပြီးအဲ့ဒီအဆိုကိုလွှတ်တော်မှာအတည်ပြုလိုက်ပေမယ့်အစိုးရနဲ့တပ်မတော်ဘက်တော့ထောက်ခံခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar #ရခိုင်လွှတ်တော်  #ဦးထွန်းသာစိန်  

Read More

တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာပိတ်ထားတဲ့ကျောင်းတွေတိုးလာနေ

မြေပုံ၊စက်တင်ဘာ၂၈-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းမှာမြန်မာ့တပ်မတော်နဲ့အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကျေးရွာသားတွေထွက်ပြေးနေကြရတာကြောင့်ပိတ်ထားရတဲ့ကျောင်းတွေတစတစ များပြားလာနေတာဖြစ်ပါတယ်။   ပြီးခဲ့တဲ့စက်တင်ဘာလ၂၂ရက်နေ့ကစတင်ပြီးမြေပုံမြို့နယ်အတွင်းမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက်ယိုးဆနွင်းကျေးရွာအပြင်အနီးဝန်းကျင်ကကျေးရွာသားတွေထွက်ပြေးနေကြရတာကြောင့်ကျောင်းငါးကျောင်းကိုထပ်မံပိတ်ထားလိုက်ရတာဖြစ်ပါတယ်။   “အဲ့ဒီယိုးဆနွင်းဘက်မှာကတိုက်ပွဲတွေရှိနေတယ်။ရွာသားတွေကထွက်ပြေးနေကြရတယ်။မိဘတွေပြေးတော့ကလေးတွေလည်းပြေးကြတာပေါ့။ကျောင်းတွေကိုတော့၂၂ရက်နေ့ကစလို့ပိတ်ထားလိုက်ရပါတယ်။”လို့မြေပုံမြို့နယ်ပညာရေးမှူးဦးအောင်ဌေးကပြောပါတယ်။ ယခင်ကတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေကပိတ်ထားခဲ့ရတဲ့ကျောင်းတွေကိုပညာရေးဌာနအနေနဲ့ပြန်လည်ဖွင့်ပေးနေပြီဖြစ်ပေမယ့်တချို့မြို့နယ်တွေမှာမဖွင့်နိုင်သေးတဲ့ကျောင်းတွေရှိသေးသလိုထပ်မံပိတ်ထားရတဲ့ကျောင်းတွေလည်းရှိနေတာဖြစ်ပါတယ်။   အခု ပိတ်လိုက်ရတဲ့ကျောင်းတွေကတော့ယိုးဆနွင်း(အထက)၊မိကျောင်းတက်(အမက)၊တောင်ကြီး(မူလွန်)၊တောင်ပြင်(မူလွန်)နဲ့ဒင်္ဂါးရ(အမက)တို့ဖြစ်ကြပါတယ်။   “မိဘတွေပြေးတော့ကလေးတွေလည်းပြေးရတာပဲလေ။ရွာနားမှာကတိုက်ပွဲတွေဖြစ်နေတော့နေလို့မှမရတော့တာ။အဲ့ဒါကြောင့်ဆရာတွေလည်းမရှိဘူး။ကျောင်းသားတွေလည်းမရှိဘူး။အခုရောက်နေတဲ့နေရာမှာလည်းစာမသင်ရဘူး။အဲ့လိုတွေဖြစ်နေတာ။”လို့ယိုးဆနွင်းကျေးရွာသားတစ်ဦးကပြောပါတယ်။   တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်၈မြို့နယ်အတွင်းမှာကျေးရွာသားတွေထွက်ပြေးနေရတာကြောင့်ပိတ်ထားခဲ့ရတဲ့ကျောင်းတွေထဲကအများစုကိုပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်ပေမယ့်ကျောင်းမတက်နိုင်တဲ့ကျောင်းသားဦးရေများပြားနေတယ်လို့ရခိုင်ပြည်နယ်ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးဦးစိန်ထွန်းလှကပြောပါတယ်။   #voiceofmyanmar #ရခိုင်ပြည်နယ် #ယိုးဆနွင်း #တိုက်ပွဲကြောင့်ကျောင်းတွေပိတ် #မြေပုံ  

Read More

မြောက်ကိုရီးယားထက် တရုတ်နိုင်ငံက ပိုမိုခြိမ်းခြောက်နိုင်ကြောင်း ဂျပန်ကာကွယ်ရေးအစီရင်ခံစာဖော်ပြ

တိုကျို၊ စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ ဒုံးပျံတွေမှာ နျူကလီးယားထိပ်ဖူးတွေတပ်ဆင်ပစ်လွှတ်နိုင်တဲ့ အရိပ်လက္ခဏာ တွေရှိနေပမယ့် ဂျပန်နိုင်ငံကိုအဓိကခြိမ်းခြောက်တဲ့နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့  မြောက်ကိုရီးယားနေရာမှာ စစ်အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံက အစားထိုးခြိမ်းခြောက်နေတယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံရဲ့ နှစ်ပတ်လည် ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။     ဂျပန်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ တရုတ်နိုင်ငံကို ဒုတိယနေရာအဖြစ် ပထမဆုံးအကြိမ်သတ်မှတ်လိုက်ပြီး မြောက်ကိုရီးယားကို တတိယနေရာ သတ်မှတ်လိုက်ပြီးနောက် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။   စစ်အေးခေတ်က အဓိကခြိမ်းခြောက်ခဲ့တဲ့ ရုရှားနိုင်ငံကိုတော့ ဂျပန်နိုင်ငံက စတုတ္ထနေရာမှာ သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံဟာ စစ်ရေးအသုံးစရိတ်ကို အလျင်အမြန်တိုးမြင့်သုံးစွဲလာပြီး ပစိဖိတ်အနောက်ပိုင်းမှာ ရေတပ်နှင့်လေတပ်အင်အားတွေကို ဖြန့်ကြက်ထားသလို ဂျပန်ပင်လယ်အတွင်းရှိ ဆူရှီမာရေလက်ကြားကိုလည်း မကြခဏဖြတ်သန်းဝင်ရောက်နေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ပြောပါတယ်။     ဂျပန်နိုင်ငံဟာ…

Read More

ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိသားစုနဲ့  အမှုလိုက်ပေးတဲ့ ရှေ့နေတွေကို အမှုဖွင့်

နေပြည်တော်-စက်တင်ဘာ ၂၇-၂၀၁၉ ကိုထွန်း (VOM)   နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားလို့အမည်ပေးထားတဲ့ ကလေးငယ်ကို မဖွယ်မရာပြုကျင့်တဲ့ အမှုမှာ ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဦးကြီးနဲ့ ဒေါ်ကြီး ၂ယောက်ရယ် တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေနဲ့ အမှုကို ကူညီသူ စုစုပေါင်း ၆ ယောက်ကို ကလေးသူငယ် ဥပဒေနဲ့  မနေ့ညနေက အမှုဖွင့်လိုက်ပါတယ်။   အမှုဖွင့်တိုင်ကြားသူကတော့ Wisdom Hill မူကြိုကျောင်းမှာ ကြီးကြပ်အုပ်ချုပ်တဲ့ ဆရာမ ဒေါ်ဥမ္မာလှိုင်ဖြစ်ပါတယ်။   ဒေါ်ဥမ္မာလှိုင်ရဲ့ တိုင်ကြားချက်ကတော့ သူ့ရဲ့သား ၂ယောက်ရဲ့ ဆိုရှယ်မီဒီယာကပုံတွေယူပြီး တရားရုံးမှာ ကလေးငယ်ကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင် သက်သေခံတင်သွားတဲ့  ဗစ်တိုးရီးယားရဲ့ မိသားစုဝင် ၃ယောက်၊  တရားလိုနဲ့ စွပ်စွဲခံရသူဘက်ကလိုက်တဲ့ ရှေ့နေ ၂ယောက်ရဲ့ မီဒီယာမှာဖြေကြားမှု၊ ဒီအမှုကို ကူညီဆောင်ရွက်နေတဲ့ သက္ကမိုးညို(ခ)…

Read More

ငရုတ်ကောင်းမြို့မှာ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီ ၃၀ ဖမ်းမိ

ပုသိမ်၊စက်တင်ဘာ ၂၇-၂၀၁၉ ကိုအောင်(VOM)     ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မှာ စက်တင်ဘာ၂၆ရက်ည ၉နာရီခန့်က ခိုးဝင်လာတဲ့ဘင်္ဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ကနေသိရပါတယ်။   ဘင်္ဂဂါလီတွေကို သယ်ဆောင်လာတယ်ဆိုတဲ့သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ငရုတ်ကောင်းမြို့ ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၁အနီးမှာ ကား/ဆိုင်ကယ်များကိုရပ်တန့်စစ်ဆေးမူများ ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်နေတုန်း ငပုတောဘက်ကနေ ရန်ကုန်ဘက်ကိုသွားမယ့်   YGN-7D/6809 ပါဂျယ်ရိုးကားဟာ စစ်ဆေးတဲ့နေရာအနီးမရောက်ခင်မှာပဲ ရပ်တန့်ပြီး ကားမောင်းသူဟာ ကားကိုထားခဲ့ပြီး တောတွင်းဝင်ရောက်ထွက်ပြေးသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ ကားကို စစ်ဆေးတာမှာ ကားတွင်းမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။   “ဘင်္ဂဂါလီ လူမျိုး ကျား၉ယောက်၊ မ၁၀ယောက်၊ ကျားကလေး၁ယောက်၊ အကုန်၃၀ပေါ့ ယဉ်မောင်းကတော့ခုထိ ထွက်ပြေးလွတ်မြောက်နေတုန်းပါ”လို့ သူက ပြောပါတယ်   ဖမ်းမိသူတွေဟာ ပင်လယ်ကနေစက်လှေနဲ့ ငရုပ်ကောင်းမြို့နားက ကမ်းခြေကို…

Read More

Facebook ပို့စ်တွေမှာLike အရေအတွက်ကိုဖျောက်ထားဖို့စမ်းသပ်နေ

နယူးယောက်၊စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက်(VOM)   ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့အင်စတာဂရမ်မှာလိုက်ခ်အရေအတွက်ကိုသုံးစွဲသူတွေမမြင်အောင်ဖျောက်လိုက်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းသြစတြေးလျနိုင်ငံမှာ  ပို့စ်တွေရဲ့Like အရေအတွက်ကိုမမြင်အောင်ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။   ဒီစမ်းသပ်မှုကြောင့်စက်တင်ဘာ၂၈ရက်ကပြီး  သြစတြေးလျရှိဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ဟာအခြားသူတစ်ဦးတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်သို့မဟုတ်Reaction  ကိုမြင်ရတော့မှာမဟုတ်ပါဘူး။   ဇူလိုင်လကတည်းကဖေ့စ်ဘွတ်ခ်ကပိုင်ဆိုင်တဲ့  အင်စတာဂရမ်မှာLike အရေအတွက်ကိုမမြင်အောင်ဖျောက်တဲ့လုပ်ဆောင်ချက်ကိုနိုင်ငံအချို့မှာစမ်းသပ်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းအငြင်းပွားဖွယ်ရာLike ဖျောက်တဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေတာဖြစ်ပါတယ်။   ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုဖျောက်ဖို့လုပ်ဆောင်မှုဟာသုံးစွဲသူတွေအကြားလူမှုဆိုင်ရာဖိအားတွေလျော့ကျစေဖို့အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကပြောပါတယ်။ တင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုအခြားအသုံးပြုသူတွေမမြင်ရပေမယ့်လည်းပို့စ်တင်သူကတော့မိမိပို့စ်ရှိလိုက်ခ်အရေအတွက်ကိုမြင်နိုင်မှာဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။     Ref : BBC Photo : Getty Images   #voiceofmyanmar #facebook #like

Read More

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရ

နေပြည်တော် စက်တင်ဘာလ-၂၆-၂၀၁၉ ကိုထွန်း (VOM)   ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးနဲ့  ညွှန်ကြားရေးမှူးဦးမင်းခိုင်တို့ ၂ယောက်ကို ဇမ္ဗူသီရိမြို့နယ်​.အမှတ်​(၁)မြို့မရဲစခန်း​၊ ဥတ္တရသီရိမြို့နယ်​ဘုရားကုန်းရဲစခန်းနဲ့ မန္တ​လေးတိုင်း​ ပြည်​ကြီးတံခွန်​မြို့နယ်​၊မြို့မရဲစခန်းတွေမှာ ဒီကနေ့ ၂၆.၉.၂၀၁၉.ရက်​​နေ ပထမသတင်း​ပေးတိုင်​ချက်​ဖွင့်​လှစ်​ပြီး တရားစွဲဆိုအ​ရေးယူနိုင်​​ရေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာတော့     ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။   တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး သည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက်…

Read More

မြို့ကြီး ၃မြို့ လုံခြုံရေးယူထားတဲ့အနေအထား ဘယ်လိုရှိနေလဲ

နေပြည်တော်၊ စက်တင်ဘာ ၂၆၊ ၂၀၁၉။ ကိုထွန်း+နေလင်း (VOM)   နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက လာပြီးတိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေးဆောင်ရွက်ဖို့ ညွှန်ကြားတဲ့ သမ္မတရုံးနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာတွေ ပေါက်ကြားခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ရုံးစိုက်တဲ့ သံရုံးတွေကနေ လုံခြုံရေး သတိထားဖို့ ဒီကနေ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။   အမေရိကန် သံရုံး၊ ဗြိတိန် သံရုံး၊ ကနေဒါသံရုံးနဲ့ သြစတေးလျ သံရုံးတွေက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူတို့နိုင်ငံသားတွေ၊ ခရီးသွားတွေ၊ သံရုံး ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေကို ရောက်နေရင် မိမိလုံခြုံရေးအတွက် အထူးဂရုပြုဖို့၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်အတွင်းက ဒေသအချို့၊…

Read More

အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်သူ ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

  ကွာလာလမ်ပူ၊ စက်တင်ဘာ -၂၆ -၂၀၁၉ မျိုးဆက် (VOM)     အိမ်နီးချင်း အင်ဒိုနီးရှားသားအများစုအပါအ၀င် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်သူလို့  သံသယရှိသူ ၁၅ ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်မှာထုတ်ပြန်ပါတယ်။   အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာကို အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့  သေနတ်သမားတွေက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့  ၂၀၁၆ ဇန်န၀ါရီနောက်ပိုင်းကတည်းက မလေးရှားနိုင်ငံဟာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်ပြီး အမြင့်ဆုံးတပ်လှန့်ထားပါတယ်။   အကြမ်းဖက်သံသယရှိသူတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတွေအတွင်း နိုင်ငံတစ်ဝန်း စီးနှင်းရှာဖွေမှုတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မလေးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ မိုင်ဒင်ပစ်ချေးက ပြောပါတယ်။   ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနှစ်ခုအတွင်း ဆာဘတ်ပြည်နယ်ရှိ မလေးရှားနိုင်ငံသားနှစ်ဦးနဲ့  အသက် ၂၅ နှစ်အရွယ်ရှိ အင်ဒိုနီးရှား စိုက်ပျိုးရေးလုပ်သားတစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ဟာ ၂၀၁၈ ခုနှစ်…

Read More
VOM News

FREE
VIEW