ေက်ာက္ေတာ္မွာ ပစ္ခတ္မႈေၾကာင့္ တစ္ဦးေသ တစ္ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ေအာက္တုိဘာ ၁၅-၂၀၁၉
ခိုင္လင္းစံ (VOM)

 

ရခို္င္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ဒီကေန႔ ေအာက္တိုုဘာ၁၅ရက္ မနက္ပိုင္း ၆ နာရီေလာက္က ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာမွာ စစ္ေအာင္ေက်းရြာသား တစ္ဦးေသဆံုးသြားၿပီး လူငယ္တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တဲ့အတြက္ ေက်ာက္ေတာ္ေဆးရံုကို ပို႔ေဆာင္ထားရပါတယ္။

 

အဲ့ဒီပစ္ခတ္မႈဟာ ေက်ာက္ေတာ္ၿမိဳ႕တစ္ဖက္ကမ္း ကစၦပနဒီတံတားအေရွ႕ဘက္ ကုလားတန္ျမစ္ေအာက္ဘက္မွာရွိတဲ့ ေရႊလိႈင္ေက်းရြာမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္ေအာင္ေက်းရြာက အသက္ ၅၃ ႏွစ္အရြယ္ ဦးကုလားေမာင္ (ခ) ဦးခင္ေအာင္ၾကည္နဲ႔ ေရႊလိႈင္ေက်းရြာက အသက္ ၂၄ ႏွစ္အရြယ္ ကိုေနဆန္းဝင္း တုိ႔ျဖစ္ၾကပါတယ္။

 

“ဦးေလးက မနက္ပိုင္း ဆင္အိုးခ်ိဳင္ရြာကိုသြားမလို႔ဆိုၿပီး ကားကိုတားတယ္။ အဲ့ဒီကားမွာ စစ္သားေတြပါလာတယ္။ သူ႔ကိုဖမ္းေခၚသြားၿပီးေတာ့ ေရႊလိႈင္ရြာကိုအေရာက္မွာ စစ္ေဆးၿပီး ပစ္သတ္လိုက္တယ္။”လို႔ တူမေတာ္စပ္သူ ေဒၚႏြယ္ႏြယ္ဦးကေျပာပါတယ္။

 

အဲ့ဒီကားဟာ ေဒသတြင္းက ကုန္စည္ေတြကို ေက်ာက္ေတာ္ၿမိဳ႕ကို ပို႔ေဆာင္ေနတဲ့ကားျဖစ္ၿပီး အဲ့ဒီကားနဲ႔ အခုလိုမ်ိဳး ေဒသခံေတြ သြားလာေနၾကရတာျဖစ္တယ္လို႔ ဆိုပါတယ္။
“ကၽြန္ေတာ္သိရတာက မနက္ပိုင္းမွာ အဲ့ဒီစစ္ေအာင္ရြာသားကို တပ္ကေနၿပီးေတာ့ စစ္ေဆးဖုိ႔အတြက္ မသကၤာလို႔ေခၚတယ္။ သူက အဖမ္းခံရမွာစိုးရိမ္ၿပီးေတာ့ ထြက္ေျပးတယ္။ အဲ့ဒီမွာ ပစ္သတ္လိုက္တာလို႔ၾကားတယ္။ အဲ့ဒီမွာ တျခားကေလးတစ္ေယာက္လည္း က်ည္ထိသြားတယ္”လုိ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစစ္ႏိုင္ကေျပာပါတယ္။

 

ဒီကိစၥအတြက္ စစ္တပ္ကပစ္တာဟုုတ္မဟုုတ္သိနိုုင္ဖိုု႕ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ေပမယ့္ ဖုုန္းကိုုင္ေျဖၾကားေပးျခင္းမရွိတဲ႕အတြက္ တပ္မေတာ္ဘက္က တံုု႕ျပန္မွဳေတာ့ မရေသးပါဘူး။

 

ဒဏ္ရာရရွိခဲ့တဲ့ ကိုေနဆန္းဝင္းဟာ အေဝးသင္တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး ဒီေန႔မနက္ပုိင္းမွာ စစ္ေတြၿမိဳ႕ကို စာေမးပြဲသြားေျဖဖုိ႔အတြက္ သူငယ္ခ်င္းေတြနဲ႔အတူ အိမ္ကကားကုိထုတ္ေနစဥ္မွာ အခုလိုက်ည္ထိမွန္ခဲ့တာျဖစ္ပါတယ္။

 

ကိုေနဆန္းဝင္းမွာ ဦးေခါင္းမွာတစ္ခ်က္၊ ခါးမွာတစ္ခ်က္ထိမွန္ခဲ့ၿပီး သူ႔ကို ေက်ာက္ေတာ္ေဆးရံုကေန စစ္ေတြေဆးရံုကို ထပ္မံလႊဲေျပာင္းပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

 

#voiceofmyanmar #ေက်ာက္ေတာ္ #ပစ္ခတ္မွဳ #ရခိုုင္ျပည္နယ္

Unicode

ကျောက်တော်မှာ ပစ်ခတ်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ကျောက်တော်၊ အောက်တိုဘာ ၁၅-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ဒီကနေ့ အောက်တိုဘာ၁၅ရက် မနက်ပိုင်း ၆ နာရီလောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာမှာ စစ်အောင်ကျေးရွာသား တစ်ဦးသေဆုံးသွားပြီး လူငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ကျောက်တော်မြို့တစ်ဖက်ကမ်း ကစ္ဆပနဒီတံတားအရှေ့ဘက် ကုလားတန်မြစ်အောက်ဘက်မှာရှိတဲ့ ရွှေလှိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်အောင်ကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးကုလားမောင် (ခ) ဦးခင်အောင်ကြည်နဲ့ ရွှေလှိုင်ကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုနေဆန်းဝင်း တို့ဖြစ်ကြပါတယ်။

“ဦးလေးက မနက်ပိုင်း ဆင်အိုးချိုင်ရွာကိုသွားမလို့ဆိုပြီး ကားကိုတားတယ်။ အဲ့ဒီကားမှာ စစ်သားတွေပါလာတယ်။ သူ့ကိုဖမ်းခေါ်သွားပြီးတော့ ရွှေလှိုင်ရွာကိုအရောက်မှာ စစ်ဆေးပြီး ပစ်သတ်လိုက်တယ်။”လို့ တူမတော်စပ်သူ ဒေါ်နွယ်နွယ်ဦးကပြောပါတယ်။

အဲ့ဒီကားဟာ ဒေသတွင်းက ကုန်စည်တွေကို ကျောက်တော်မြို့ကို ပို့ဆောင်နေတဲ့ကားဖြစ်ပြီး အဲ့ဒီကားနဲ့ အခုလိုမျိုး ဒေသခံတွေ သွားလာနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်သိရတာက မနက်ပိုင်းမှာ အဲ့ဒီစစ်အောင်ရွာသားကို တပ်ကနေပြီးတော့ စစ်ဆေးဖို့အတွက် မသင်္ကာလို့ခေါ်တယ်။ သူက အဖမ်းခံရမှာစိုးရိမ်ပြီးတော့ ထွက်ပြေးတယ်။ အဲ့ဒီမှာ ပစ်သတ်လိုက်တာလို့ကြားတယ်။ အဲ့ဒီမှာ တခြားကလေးတစ်ယောက်လည်း ကျည်ထိသွားတယ်”လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်ကပြောပါတယ်။

ဒီကိစ္စအတွက် စစ်တပ်ကပစ်တာဟုတ်မဟုတ်သိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားပေးခြင်းမရှိတဲ့အတွက် တပ်မတော်ဘက်က တုံ့ပြန်မှုတော့ မရသေးပါဘူး။

ဒဏ်ရာရရှိခဲ့တဲ့ ကိုနေဆန်းဝင်းဟာ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်တွေမြို့ကို စာမေးပွဲသွားဖြေဖို့အတွက် သူငယ်ချင်းတွေနဲ့အတူ အိမ်ကကားကိုထုတ်နေစဉ်မှာ အခုလိုကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကိုနေဆန်းဝင်းမှာ ဦးခေါင်းမှာတစ်ချက်၊ ခါးမှာတစ်ချက်ထိမှန်ခဲ့ပြီး သူ့ကို ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ကျောက်တော် #ပစ်ခတ်မှု #ရခိုင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW