ကေလးစစ္သားေဟာင္း ေအာင္ကုိေထြး ဝန္းရံသူေတြကုိ တရားရုံးက စြဲခ်က္တင္ဖို႔ အမိန္႔ခ်

ရန္ကုန္- ေအာက္တုိဘာလ ၁၈ – ၂၀၁၉
ကုိးသက္စံ(VOM)

ကေလးစစ္သားေဟာင္း ျဖစ္သူ ေအာင္ကုိေထြးကုိ ဝန္းရံခဲ့သူေတြျဖစ္တဲ့ အစ္မျဖစ္သူ မေနဇာထြန္းနဲ႔ ဝန္းရံသူ ေတြကုိ ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)၊ပုဒ္မ ၁၅၃ တုိ႔နဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ တရားရုံးက ေအာက္တုိဘာလ ၁၇ ရက္ေန႔မွာ အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္ ။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅(ခ)နဲ႔ ပုဒ္မ ၁၅၃ ရုန္းရင္းဆန္ခတ္ျဖစ္ေစဖုိ႔ သေဘာနဲ႔ႀကံရြယ္ၿပီး ရန္စမႈပုဒ္မနဲ႔စြဲခ်က္တင္ခဲ့တာျဖစ္ၿပီး က်န္ႏွစ္ဦးျဖစ္တဲ့ ဦးျမင့္ေဇာ္နဲ႔ ေဒၚခင္ခ်ဳိႏုိင္တုိ႔ကုိ ပုဒ္မ ၅၀၅(ခ)နဲ႔ပုဒ္မ ၁၅၃ အျပင္ ႏုိင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ ဥပေဒပုဒ္မ ၇ နဲ႔စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္ ။

“ညိွစြန္းတယ္ဆုိတာ အခုစစ္ေဆးၿပီးတဲ့ တရားလုိျပသက္ေသေတြရွိပါတယ္၊ တရားလုိျပ သက္ေသေတြရဲ႕ ထြက္ဆုိခ်က္မွာ တရားခံေတြက ဒီ ဥပေဒမွာ ျပဌာန္းထားတဲ့ ျပဌာန္းခ်က္ေတြကုိ က်ဴးလြန္တယ္လုိ႔ ညိွစြန္းခ်က္ေတြေပၚေပါက္ေနတဲ့အတြက္ တရားရုံးက သူတုိ႔မွာ ေျဖရွင္းေစဖုိ႔ တရားရုံးက စြပ္စြဲခ်က္တင္ခဲ့တာ ျဖစ္တယ္လုိ႔ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တရားရုံး တြဲဖက္တရားသူႀကီး ေဒၚေထြးေထြးထက္က ေျပာပါတယ္။

ကေလးစစ္သားေဟာင္း ေအာင္ကုိေထြး က ကေလးစစ္သားဘဝ အေတြ႕အႀကံဳေတြကုိ မီဒီယာမွာ ေျဖၾကားခဲ့တာေၾကာင့္ တပ္မေတာ္ဂုဏ္သိကၡာညိွဳးႏြမ္းေစတယ္ဟုဆုိၿပီး ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(ခ)နဲ႔ အမႈရင္ဆုိင္ခဲ့တဲ့အခ်ိန္မွာ အစ္မျဖစ္သူနဲ႔ ႏွစ္ဦးက ေအာင္ကုိေထြးလြတ္ေျမာက္ဖုိ႔ ဆႏၵျပေနခဲ့တဲ့အတြက္ အခုလို ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မေတြနဲ႔ အမႈဖြင္ခံခဲ့ရတာ ျဖစ္ပါတယ္။

“တရားလုိျဖစ္သူ စြပ္စြဲထားတဲ့ စြဲခ်က္ကုိ စြပ္စြဲခံရသူေတြက မိမိတု႔ိက်ဴးလြန္ထားျခင္း ရွိမရွိ စစ္ေဆးမယ္ စစ္ေဆးလို႔ ထင္ထင္ရွားရွား စြပ္စြဲထားတဲ့ စြပ္စြဲခ်က္ ေပၚေပါက္မႈ မရွိဘူးဆုိ္ရင္ တရားရွင္လႊတ္လို႔ရတယ္ ။ တစ္ခ်က္တစ္ေလ ၿငိစြန္းတာရွိခဲ့မယ္ဆုိရင္ အားလုံး သံသယကင္းရွင္းေအာင္ ဆုံးျဖတ္နုိင္ေရးအတြက္ကုိ စြဲခ်က္ကတင္ရတာ အျပစ္ေပးတဲ့ သေဘာမ်ဳိးမဟုတ္တဲ့အတြက္ အမႈကုိ မွန္မွန္ျမန္ျမန္ဆန္ဆန္ၿပီးစီးႏို္င္ေရး အတြက္ ျပင္ဆင္မႈတက္ဖုိ႔စိတ္ကူးမရွိဘူး၊ အမႈသည္ရဲ႕ သေဘာဆႏၵမွာလည္း ျပင္ဆင္မႈတက္ဖုိ႔မရွိဘူးလုိ႔” စြပ္စြဲခံရသူ မေနဇာထြန္းရဲ႕ ေရွ႕ေန ဦးေဇာ္မင္းလႈိင္ က ေျပာပါတယ္ ။

ေအာင္ကုိေထြးကုိ ဝန္းရံခဲ့သူေတြျဖစ္တဲ့ အစ္မျဖစ္သူ မေနဇာထြန္းနဲ႔ ဦးျမင့္ေဇာ္ ၊မခင္ခ်ဳိႏိုင္တုိ႔သုံးဦးကုိ ဒဂုံၿမိဳ႕သစ္ ဆိ္ပ္ကမ္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကၿမိဳ႕နယ္မွဴး ရဲမွဴး ေမာင္ေမာင္ က တရားလုိျပဳလုပ္ၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္ ။

#voiceofmyanmar#ကေလးစစ္သားေဟာင္းေအာင္ကုိေထြး#ဝန္းရံသူ#စြဲခ်က္တင္ဖို႔အမိန္႔ခ်#

Unicode

ကလေးစစ်သားဟောင်း အောင်ကိုထွေး ဝန်းရံသူတွေကို တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချ

ရန်ကုန်- အောက်တိုဘာလ ၁၈ – ၂၀၁၉
ကိုးသက်စံ(VOM)

ကလေးစစ်သားဟောင်း ဖြစ်သူ အောင်ကိုထွေးကို ဝန်းရံခဲ့သူတွေဖြစ်တဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ တွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ပုဒ်မ ၁၅၃ တို့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အောက်တိုဘာလ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ် ။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ ၁၅၃ ရုန်းရင်းဆန်ခတ်ဖြစ်စေဖို့ သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မနဲ့စွဲချက်တင်ခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဇော်နဲ့ ဒေါ်ခင်ချိုနိုင်တို့ကို ပုဒ်မ ၅၀၅(ခ)နဲ့ပုဒ်မ ၁၅၃ အပြင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ် ။

“ညှိစွန်းတယ်ဆိုတာ အခုစစ်ဆေးပြီးတဲ့ တရားလိုပြသက်သေတွေရှိပါတယ်၊ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်မှာ တရားခံတွေက ဒီ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို ကျူးလွန်တယ်လို့ ညှိစွန်းချက်တွေပေါ်ပေါက်နေတဲ့အတွက် တရားရုံးက သူတို့မှာ ဖြေရှင်းစေဖို့ တရားရုံးက စွပ်စွဲချက်တင်ခဲ့တာ ဖြစ်တယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ထွေးထွေးထက်က ပြောပါတယ်။

ကလေးစစ်သားဟောင်း အောင်ကိုထွေး က ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို မီဒီယာမှာ ဖြေကြားခဲ့တာကြောင့် တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဟုဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ အမှုရင်ဆိုင်ခဲ့တဲ့အချိန်မှာ အစ်မဖြစ်သူနဲ့ နှစ်ဦးက အောင်ကိုထွေးလွတ်မြောက်ဖို့ ဆန္ဒပြနေခဲ့တဲ့အတွက် အခုလို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ အမှုဖွင်ခံခဲ့ရတာ ဖြစ်ပါတယ်။

“တရားလိုဖြစ်သူ စွပ်စွဲထားတဲ့ စွဲချက်ကို စွပ်စွဲခံရသူတွေက မိမိတု့ိကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးမယ် စစ်ဆေးလို့ ထင်ထင်ရှားရှား စွပ်စွဲထားတဲ့ စွပ်စွဲချက် ပေါ်ပေါက်မှု မရှိဘူးဆိုရင် တရားရှင်လွှတ်လို့ရတယ် ။ တစ်ချက်တစ်လေ ငြိစွန်းတာရှိခဲ့မယ်ဆိုရင် အားလုံး သံသယကင်းရှင်းအောင် ဆုံးဖြတ်နိုင်ရေးအတွက်ကို စွဲချက်ကတင်ရတာ အပြစ်ပေးတဲ့ သဘောမျိုးမဟုတ်တဲ့အတွက် အမှုကို မှန်မှန်မြန်မြန်ဆန်ဆန်ပြီးစီးနိုင်ရေး အတွက် ပြင်ဆင်မှုတက်ဖို့စိတ်ကူးမရှိဘူး၊ အမှုသည်ရဲ့ သဘောဆန္ဒမှာလည်း ပြင်ဆင်မှုတက်ဖို့မရှိဘူးလို့” စွပ်စွဲခံရသူ မနေဇာထွန်းရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင် က ပြောပါတယ် ။

အောင်ကိုထွေးကို ဝန်းရံခဲ့သူတွေဖြစ်တဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဦးမြင့်ဇော် ၊မခင်ချိုနိုင်တို့သုံးဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ကမြို့နယ်မှူး ရဲမှူး မောင်မောင် က တရားလိုပြုလုပ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ် ။

#voiceofmyanmar#ကလေးစစ်သားဟောင်းအောင်ကိုထွေး#ဝန်းရံသူ#စွဲချက်တင်ဖို့အမိန့်ချ#

Related posts

Leave a Comment

VOM News

FREE
VIEW