ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်မြတ်အား ပြန်လည်ပြုပြင်မွမ်းမံခြင်းများလုပ်ဆောင်

မုံရွာ အောက်တိုဘာ ၁၈-၂၀၁၉ မောင်တာရာ   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတထောင် သာသနာနယ်မြေအတွင်းက ဥာဏ်တော်အမြင့် ပေ (၄၂၄)ပေရှိသော လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများလုပ်ဆောင်နေပါတယ်၊ လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရွှေဆေးသင်္ကန်း ပြန်လည်ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဒီနှစ် သြဂုတ်လ ၂ ရက်နေ့က စတင်ပြီး ဆောင်ရွက်လျက်ရှိရာ လက်ရှိမှာ လေးပုံတစ်ပုံ ရွှေဆေးသင်္ကန်းအဟောင်းချွတ်ပြီနေပြီးလို့ ဗောဓိတထောင် ကျောင်းတိုက်က ဆရာတော်ဦးကုဏ္ဍ လက မိန့်ပါတယ်၊ ”ရပ်တော်မူဘုရားကြီးက နှစ်ကာလက ၁၃ နှစ်ကျော် ကြာပြီ၊ နှစ်ကာလ ကြာတော့ သင်္ကန်းအရောင်က ဟောင်းနွမ်းနေပြီ၊ ရပ်တော်မူဘုရားကြီးကို ရွှေဆေးသင်္ကန်း ပြန်လည်ရောင်တော်ဖွင့်ခြင်းလုပ်ငန်းလုပ်မယ့်သူတွေက ကောင်းမှုတော်စေတီတော်ကြီးကို လုပ်ကိုင်တဲ့သူတွေပဲ။ ကောင်းမှုတော် ဘုရားကြီး ဆေးသင်္ကန်းပြန်ကပ်သလို အသက်ကယ်ကြိုးဆိုင်းတွေနဲ့ ပြုလုပ်သွားမယ်။၊အင်္ဂတေ ကြွတဲ့ ဟာတွေ ပြန်ခွာမယ်။အသစ်ပြန်ကိုင်ပြီး ရွှေဆေးသင်္ကန်း ပြန်ကပ်မယ်။’ လို့ ဆရာတော်က မိန့်ပါတယ်။…

Read More

မက္ကဆီကို ရဲစခန်းကို မူးယစ်ဂိုဏ်းသားတွေ လာရောက်တိုက်ခိုက်၊ ဖမ်းထားတဲ့ဂိုဏ်းခေါင်းဆောင်သား ပြန်လွှတ်ပေးရ

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ဂိုဏ်းဘုရင် ဝါကင်းအယ်ချာပိုဂုဇ်မန်းရဲ့ သားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် ရဲတွေနဲ့ မူးယစ်ဂိုဏ်သားတွေအကြား ပစ်ခတ်တိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ကူလီအာကန်မြို့ အနောက်ပိုင်းမှာ ကင်းလှည့်နေတုန်း မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ အိုဗီဒီအိုဂုဇ်မန်းလိုပက်ကို တွေ့ရှိဖမ်းဆီးပြီးနောက် ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်နက်အများအပြား ကိုင်ဆောင်ထားတဲ့ မူးယစ်ဂိုဏ်းသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ပြီး အလောင်းတွေ၊ မော်တော်ယာဉ်တွေနဲ့ မီးလောင်နေတဲ့ အရံအတားတွေ လမ်းတွေပေါ်မှာ ပြန့်ကြဲနေတာတွေကို မက္ကဆီကို ရုပ်မြင်သံကြားဌာနက ပြသခဲ့ပါတယ်။ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့သား မစ္စတာဂုဇ်မန်းကို ပြန်လွှတ်ပေးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒေသအတွင်း နောက်ထပ်အကြမ်းဖက်မှုတွေကို ရှောင်လွှဲရန်၊ ရဲတပ်ဖွဲ့ဝင်များအသက်ကို ကယ်တင်ရန်၊ မြို့အေးချမ်းသာယာဖို့အတွက် မစ္စဂုဇ်မန်းကို နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အယ်ဖွန်ဆိုဒူရာဇိုကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးဝန်ကြီးနဲ့…

Read More

အိမ်အကူအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လိုအပ်

မန္တလေး အောက်တိုဘာ ၁၈-၂၀၁၉ ဖြူဖြူ(VOM) မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေထဲမှာ အိမ်အကူအလုပ်သမားတွေအတွက် ဖော်ပြထားပေမယ့် အိမ်အကူတွေရဲ့အခွင့်အရေးကို အပြည့်အဝကာကွယ်မပေးနိုင်ဘူး လို့ အိမ်အကူအလုပ်သမားတွေနဲ့ ပက်သက်ပြီး လာပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကနေ သိရပါတယ်။ ဒါ့အပြင် အိမ်အကူအလုပ်သမားတွေဟာ ဆိုးဆိုးရွားရွားနှိပ်စက်ခံရပြီးမှ တိုင်တန်းမှုတွေရှိလာလေ့ဖြစ်လာသလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း ဆက်ရှိနေသေးတာကြောင့် အိမ်အကူအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လိုအပ်တယ်လို့ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ Hotel Sakura Princessမှာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာသုံးသပ်ချက်တွေကို မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်တဲ့ပွဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထည့်သွင်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ အိမ်အကူအလုပ်သမားများအတွက် ဥပဒေကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTCM) ၊ အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)၊ ကျား/မတန်းတူညီမျှရေး ကွန်ရက် (GEN) ၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) (LCM) ၊ အမျိုးသမီးများအဖွဲ့ကွန်ရက်…

Read More

Food court ကိစ္စ စုံစမ်းစစ်ရေးအဖွဲ့ရဲ့ ကြန့်ကြာမှုအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးကို စာတင်မယ်

မန္တလေး၊ အောက်တိုဘာ ၁၈-၂၀၁၉ ဖြူဖြူ(VOM) မန္တလေးတက္ကသိုလ်ထဲမှာ ဆောက်လုပ်ထားတဲ့ food court နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ နှောင့်နှေးနေတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော်သမ္မတရုံးကို ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ စာပေးပို့သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက ပြောပါတယ်။ “ သူတို့စုံစမ်းစစ်ဆေးရေး သုံးခါလုံးလုပ်ပြီးလို့ တစ်လနီးပါးပြည့်တော့မယ်။ ဒါပေမယ့် အခုချိန်အထိ ရပို့ရေးပြီးခြင်းမရှိဘူး၊ သမ္မတရုံးကို တင်တာလည်းမရှိဘူး။ လုပ်ငန်းဆောင်တာတွေ အရမ်းကိုနှောင့်နှေးနေတယ် ” လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက ပြောပါတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ နိုင်ငံတော် သမ္မတ ညွှန်ကြားချက်ကို ကျော်လွန်ပြီး တင်ဒါခေါ်ယူခြင်းမရှိဘဲ ရင်းနှီးတဲ့လုပ်ငန်းရှင်ကို food court ဆောက်လုပ်ခွင့်ပြုခဲ့တဲ့အတွက် အရေးယူပေးဖို့ စက်တင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျောင်းသားသမဂ္ဂတွေက သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန…

Read More

မင်းတုန်းမြို့ရဲ့ အခြေခံပညာကျောင်းတွေမှာ ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးဆရာ ရရှိရန်ခက်ခဲ

မင်းတုန်း၊ အောက်တိုဘာ ၁၈-၂၀၁၉ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာရှိတဲ့ အရှိုချင်းတိုင်းရင်းသားကျေးရွာတချို့ဟာ ချင်းစာပေသင်ကြားခွင့် ဆုံးရှုံးနေရတာဖြစ်ပြီး ကျောင်းသားဦးရေ၄၀နဲ့၁၀၀ကြားရှိရမယ်ဆိုတဲ့ နေပြည်တော်က ကန့်သတ်ချက်အသစ်ကြောင့် ကျေးရွာ၇ရွာမှာရှိတဲ့ ချင်းကလေးငယ်တွေအတွက် ချင်းယဉ်ကျေးမှု့နဲ့စာပေသင်ကြားခွင့် ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ အရှိုချင်းတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှု့ကော်မတီကနေ သိရပါတယ်။ ”အခြားတိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားဘာသာသင်ကြားတဲ့ ဆရာတွေရဲ့ အရည်အချင်းကန့်သတ်ချက်တွေနဲ့ မတူတာတကြောင်း၊ ဒီကကန့်သတ်ချက်တအားမြှင့်ထားတယ် ၁၀တန်းအောင်၊ဘွဲ့ရကြတော့ နေ့စား၊လပေးရဘို့တောင်မသေချာတာ နဲ့ နိုင်ငံခြားထွက်အလုပ် လုပ်ကုန်လို့ဆရာမရှိရပြန် ၈တန်းအောင်လဲမရ ၉တန်းအောင်မှ အဲတော့ချင်းလူမျိုးအစိုးရကျောင်းဆရာရှိတဲ့ ကျောင်းတခုဘဲ အခွင့်အရေးရတယ် ”လို့ စာပေနဲ့ယဉ်ကျေးမှု့ကော်မတီ ဒုဥက္ကဋ္ဌ ဦးရွှေလှိုင်ကပြောပါတယ် မကွေးတိုင်းအစိုးရက ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းကတော့ “ သင်ကြားခွင့်မရတာမဟုတ်ပါဘူး ကျောင်းသားဦးရေနည်းလို့ TAလို့ခေါ်တဲ့နေ့စားလပေးခန့်မပေးနိုင်တာပါ ပြည်ထောင်စုအဆင့်ဖြစ်နေတော့ မကွေးတိုင်းအစိုးရကတဆင့်တင်ပြပေးပါတယ်၊ ဒါကတိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့မဆိုင်ဘူးပေါ့ ယဉ်ကျေးမှုကော်မတီနဲ့ပြည်ထောင်စုပညာရေးဝန်ကြီးတို့ ချိတ်ဆက်ဆောင်ရွက်ကြရတာပါ”လို့ ပြောပါတယ် မင်းတုန်းမြို့နယ်မှာ အခြေခံပညာကျောင်းတွေရဲ့ကျောင်းဆရာရရှိမှုကလည်း မညီမျှဘဲ ကျောင်းသား၆ယောက်ရှိတဲ့ ကျောင်းမှာဆရာ/ဆရာမနဲ့ ကျောင်းလုပ်သားအပါအဝင်၅ဦးရှိနေပြီး တချို့ကျောင်းတွေမှာ…

Read More

ဖမ်းဆီးနေချိန် တရားခံကပြန်လည်ခုခံသဖြင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံသေဆုံး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

ပဲခူး၊ အောက်တိုဘာ ၁၈-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းအရှေ့၊ ကျောက်တံခါးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာမှာ အောက်တိုဘာ၁၇ရက်နေ့ ညပိုင်းက တရားခံတစ်ဦးကိုဖမ်းဆီးနေချိန် ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ ကညွတ်ကွင်း ရဲစခန်းကနေ သိရပါတယ်။   ကျောက်တံခါးမြို့နယ်၊ အောင်မြင်နယ်မြေ ရဲစခန်းက(ပ)၁၄၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄အမှုကတရားခံ ဦးမြင့်လှိုင်ရဲ့သား အသက် ၃၉နှစ်ရှိတဲ့ ထွန်းနိုင်ဦး ကို ၎င်းရဲ့ ယောက္ခထီး ဦးစံထွေးနေအိမ်မှာ ရောက်ရှိနေတဲ့သတင်းအရ သွားရောက်ဖမ်းဆီးရင်း တရားခံထွန်းနိုင်ဦးက အရိုးအသွား ၈လက္မရှိစကေဘာနဲ့ပြန်လည် ခုခံတဲ့အတွက် ရဲတပ်သားသန့်ဇင်အောင်မှာ လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာ တရားခံရဲ့ လက်၊ခါး၊ကျောနဲ့နောက်စေ့မှာ သေနတ်မှန်ပြီးနဖူးပွင့်ဒဏ်ရာများ နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။   ‛လူသတ်မှုတရားခံလိုက်ဖမ်းရင်းနဲ့ ရဲကိုစကေဘာနဲ့ပြန်ထိုးလို့ပစ်ဖမ်းလိုက်တာပါ တရားခံကတော့သေဆုံးသွားပါတယ် ဒဏ်ရာရတဲ့ရဲတပ်သားကတော့မစိုးရိမ်ရပါဘူး လို့’ကညွှတ်ကွင်းစခန်းမှခေတ္တစခန်းမှူး ရဲအုပ်မြင့်သောင်းကပြောပါတယ်။  …

Read More

ဂျပန်မှာ ကျောင်းနေအရွယ်ကလေးတွေ အဆုံးစီရင်မှု နှစ် ၃၀ အတွင်းစံချိန်တင်

တိုကျို၊ အောက်တိုဘာ ၁၈-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ ပြီခဲ့တဲ့မတ်လကစပြီး တစ်နှစ်အတွင်း ကျောင်းသားကလေးငယ် ၃၃၂ ဦး အဆုံးစီရင်သွားတယ်လို့ ဂျပန်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကျောင်းသားကလေးငယ်တွေအဆုံးစီရင်မှုနဲ့ ပတ်သက်လို့ ၁၉၈၈ ခုနှစ်မှ စတင်ကာ မှတ်တမ်းတွေပြုစုခဲ့တာဖြစ်ပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံတစ်ဝန်းရှိ အလယ်တန်း၊ အထက်တန်းကြိုအဆင့်နဲ့ အထက်တန်းကျောင်းတွေအားလုံးကို သုတေသနပြုခဲ့ပြီး အဆုံးစီရင်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၈၂ ဦးပိုမိုများပြားနေတယ်လို့ဆိုပါတယ်။ အဆုံးစီရင်သူတွေထဲမှာ အထက်တန်းကျောင်းသား ၂၂၇ ဦး၊ အထက်တန်းကြိုအဆင့်ကျောင်းသား ၁၀၀ ဦးနဲ့ အလယ်တန်းကျောင်းတွေမှ ငါးဦးပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာ ယခုနှစ်အတွင်း ကိုယ့်ကိုကိုယ်အဆုံးစီရင်သူ ၂၀၀၀ ဦးရှိနေပါတယ်။ ဒါဟာ ယခင်ကစံချိန်တင်အရေအတွက်ထက် ၄၀ ရာခိုင်နှုန်းနည်းပါးပြီး ကလေးသူငယ် အဆုံးစီရင်မှုနှုန်းနဲ့ ကွဲပြားခြားနားပါတယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ ၄၁ မှုမှာ…

Read More

မြောင်မြို့နယ်မှာ ကျေးရွာနှစ်ရွာ မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာဖြစ်ပွားနေ

မြောင်၊ အောက်တိုဘာ ၁၈-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် သုခဒီပရွာ နဲ့ ဆူးလေကုန်းရွာတို့ မြေနုကျွန်းကို ပြန်လည်တိုင်းတာမှုနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်နေတယ်လို့ သုခဒီပကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ မြောင်မြို့နယ် သုခဒီပရွာ နဲ့ ဆူးလေကုန်းရွာတို့ အနီး မြေနုကျွန်းပေါ်မှာ အရင်ကတည်းက သုခဒီပရွာက မြေဧကပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်း၊ ဆူးလေကုန်းရွာက ၄၀ ရာခိုင်နှုန်း ဆိုပြီး ခွဲခြမ်း လုပ်ကိုင်လာခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့၊နံနက်ပိုင်းက စစ်ကိုင်းခရိုင် မြေစာရင်းနှင့်စာရင်းအင်းဦးစီးဌာန၊ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြောင်မြို့နယ် ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ အဖွဲ့က မြေဧက ပြန်လည်သတ်မှတ်တိုင်းတာရာမှာ သုခဒီပရွာဘက်ပိုင် မြေဧက ၆၀ ရာခိုင်နှုန်းထဲကနေ မြေဧကအချို့ ဆူးလေကုန်းရွာဘက်ကို ပါရှိသွားတဲ့အတွက် ကျေးရွာသူ၊ကျေးရွာသားတွေ မကျေမနပ်ဖြစ်နေကြတာပါ။ ” ယခင်အစိုးရလက်ထက်က တာဝန်ရှိသူတွေက GPS တွေ တိုင်းထွားပြီ မှတ်တိုင်တွေနဲ့…

Read More

ဇီးကုန်းမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦး ကြိုးဆွဲချသေဆုံး

ဇီးကုန်း အောက်တိုဘာ ၁၈-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝီခရိုင၊် ဇီးကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်မှာနေတဲ့ သတင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦး ဒီကနေ့မနက်ပိုင်းက ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းကသိရပါတယ်။ ‛သတင်းရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားတာဟုတ်ပါတယ်လို့’ ဇီးကုန်းမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးခင်မောင်ကျော်က VOMကိုအတည်ပြုပြောကြားပါတယ်။ အမှတ်(၃)ရပ်ကွက်၊ ကျွန်းတောလမ်းနေ ဦးမောင်မောင်ရဲ့သား အသက် (၄၃)နှစ်ရှိ ရဲတပ်ကြပ်ကြီးဇော်လင်းထွန်းကို စွပ်ကျယ်အဖြူ ချိုင်းပြတ်၊ ပုဆိုး ဝါနက်စင်းကြားနဲ့ လှေကားဘေးမှာ သုံးလွန်းတင် ပလပ်စတစ်ကြိုးနဲ့ ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချ သေဆုံးနေတယ်လို့’ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ “ ဒီနေ့မနက်က ကျွန်မသား အိမ်ထဲကို ရှူးရှူးရှဲရှဲ နဲ့စိတ်ဆိုးပြီးဝင်လာတယ် ကျမလည်း သူအိမ်သာတက်နေတယ်ဘဲထင်ခဲ့တာ အိမ်ထဲကိုဈေးရောင်းဖို့ နနွမ်းမှုန့် ဝင်ယူတော့မှ ကွေးကွေးလေးသေနေတာတွေ့တာပါ စိတ်ညစ်တယ် သေချင်တယ်လို့လည်း တစ်ခါမှမပြောဘူးပါဘူးလို့ မိခင်ဖြစ်သူကပြောတယ်လို့ ”အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကပြောပါတယ်။ ဖြစ်စဉ်နဲ့ပက်သက်ပြီး ဇီးကုန်းမြို့မရဲစခန်း စခန်းမှူး…

Read More

ဆီးရီးယားထိုးစစ်ကို လူမှုကွန်ရက်မှာ ဆန့်ကျင်ဝေဖန်သူ ၂၀၀ နီးပါး တူရကီမှာအဖမ်းခံရ

အန်ကာရာ၊ အောက်တိုဘာ ၁၈-၂၀၁၉ မျိုးဆက်(VOM) လွန်ခဲ့တဲ့ သီတင်းပတ်ကစလို့ ဆီးရီးယားမှာ တူရကီရဲ့ထိုးစစ်ဆင်နွှဲနေခြင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဆန့်ကျင်ပြောဆိုတဲ့ ပို့စ်တင်သူ ၂၀၀ နီးပါးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ထိန်းသိမ်းခံရသူ ၁၈၆ ဦးအနက် ၂၄ ဦးကိုတရားဝင်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ လူ ၇၈ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ၄၀ ဦးကို အာမခံဖြင့်လွှတ်ပေးထားကာ ကျန်တဲ့သူတွေကို တရားစွဲဆိုမှုတွေဆက်လက်ပြုလုပ်နေပါတယ်။ ယခုသီတင်းပတ်အတွင်း ဆီးရီးယားထိုးစစ်ကို ဆန့်ကျင်ပြီး အကြမ်းဖက်ဝါဒဖြန့်ချိမှုအတွက် ဖမ်းဆီး ခံရသူတွေထဲမှာ ကာ့ဒ်တွေကိုထောက်ခံတဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ ပူးတွဲဥက္ကဌ ဆီဇိုင်းတီမီလီနဲ့ ပါဗင်ဘယ်ဒန်တို့လည်းပါဝင်ပါတယ်။ တူရကီဟာ ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်တပ်ဖွဲ့တွေအပေါ် ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆင်နွှဲခဲ့ပြီး နိုင်ငံအတွင်းမှာတော့ ထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အိုင်အက်စ်တို့ကိုတိုက်ထုတ်ဖို့…

Read More
VOM News

FREE
VIEW