မကၠဆီကို ရဲစခန္းကို မူးယစ္ဂိုဏ္းသားေတြ လာေရာက္တိုက္ခိုက္၊ ဖမ္းထားတဲ႔ဂိုဏ္းေခါင္းေဆာင္သား ျပန္လႊတ္ေပးရ

မကၠဆီကိုစီးတီး၊ ေအာက္တိုဘာ-၁၈-၂၀၁၉
မ်ိဳးဆက္ (VOM)

မကၠဆီကိုနုိင္ငံေျမာက္ပိုင္းမွာ နာမည္ဆုိးနဲ႔ေက်ာ္ၾကားတဲ႔ မူးယစ္ဂုိဏ္းဘုရင္ ဝါကင္းအယ္ခ်ာပုိဂုဇ္မန္းရဲ႕ သားတစ္ဦးကို လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြက ဖမ္းဆီးျပီးေနာက္ ရဲေတြနဲ႔ မူးယစ္ဂိုဏ္သားေတြအၾကား ပစ္ခတ္တိုက္မႈေတြ အျပင္းအထန္ ျဖစ္ပြားခဲ႔ပါတယ္။

ကူလီအာကန္ျမိဳ႔ အေနာက္ပုိင္းမွာ ကင္းလွည္႔ေနတုန္း မူးယစ္ဂိုဏ္းေခါင္းေဆာင္ရဲ႕ သားျဖစ္သူ အုိဗီဒီအုိဂုဇ္မန္းလုိပက္ကို ေတြ႔ရိွဖမ္းဆီးျပီးေနာက္ ဒီလိုတိုက္ခိုက္မႈေတြျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

လက္နက္အမ်ားအျပား ကိုင္ေဆာင္ထားတဲ႔ မူးယစ္ဂိုဏ္းသားေတြဟာ ရဲတပ္ဖြဲ႔၀င္ေတြတိုက္ခိုက္ခဲ႔ျပီး အေလာင္းေတြ၊ ေမာ္ေတာ္ယာဥ္ေတြနဲ႔ မီးေလာင္ေနတဲ႔ အရံအတားေတြ လမ္းေတြေပၚမွာ ျပန္႔ၾကဲေနတာေတြကို မကၠဆီကို ရုပ္ျမင္သံၾကားဌာနက ျပသခဲ႔႔ပါတယ္။

ေနာက္ထပ္ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ေရွာင္ရွားနိုင္ဖို႔အတြက္ ဖမ္းဆီးထားတဲ႔ ဂိုဏ္းေခါင္းေဆာင္ရဲ႕သား မစၥတာဂုဇ္မန္းကို ျပန္လႊတ္ေပးလိုက္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ေဒသအတြင္း ေနာက္ထပ္အၾကမ္းဖက္မႈေတြကို ေရွာင္လႊဲရန္၊ ရဲတပ္ဖြဲ႔၀င္မ်ားအသက္ကို ကယ္တင္ရန္၊ ျမိဳ႕ေအးခ်မ္းသာယာဖို႔အတြက္ မစၥဂုဇ္မန္းကို ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ႔တယ္လို႔ မကၠဆီကို လံုျခံဳေရး၀န္ၾကီး အယ္ဖြန္ဆိုဒူရာဇိုကေျပာပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး လံုျခံဳေရးဝန္ၾကီးနဲ႔ ေတြ႔ဆံုေဆြးေႏြးသြားမယ္လို႔ မကၠဆီကိုသမၼတ လိုပက္အိုဘရာေဒါကေျပာပါတယ္။

Ref : BBC , Photo : Reuters
#voiceofmyanmar#မကၠဆီကကိုရဲစခန္းကို# မူးယစ္ဂိုဏ္းသားေတြ# လာေရာက္တိုက္ခိုက္

Unicode

မက္ကဆီကို ရဲစခန်းကို မူးယစ်ဂိုဏ်းသားတွေ လာရောက်တိုက်ခိုက်၊ ဖမ်းထားတဲ့ဂိုဏ်းခေါင်းဆောင်သား ပြန်လွှတ်ပေးရ

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ-၁၈-၂၀၁၉
မျိုးဆက် (VOM)

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ဂိုဏ်းဘုရင် ဝါကင်းအယ်ချာပိုဂုဇ်မန်းရဲ့ သားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် ရဲတွေနဲ့ မူးယစ်ဂိုဏ်သားတွေအကြား ပစ်ခတ်တိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ကူလီအာကန်မြို့ အနောက်ပိုင်းမှာ ကင်းလှည့်နေတုန်း မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ အိုဗီဒီအိုဂုဇ်မန်းလိုပက်ကို တွေ့ရှိဖမ်းဆီးပြီးနောက် ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်နက်အများအပြား ကိုင်ဆောင်ထားတဲ့ မူးယစ်ဂိုဏ်းသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ပြီး အလောင်းတွေ၊ မော်တော်ယာဉ်တွေနဲ့ မီးလောင်နေတဲ့ အရံအတားတွေ လမ်းတွေပေါ်မှာ ပြန့်ကြဲနေတာတွေကို မက္ကဆီကို ရုပ်မြင်သံကြားဌာနက ပြသခဲ့ပါတယ်။

နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့သား မစ္စတာဂုဇ်မန်းကို ပြန်လွှတ်ပေးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒေသအတွင်း နောက်ထပ်အကြမ်းဖက်မှုတွေကို ရှောင်လွှဲရန်၊ ရဲတပ်ဖွဲ့ဝင်များအသက်ကို ကယ်တင်ရန်၊ မြို့အေးချမ်းသာယာဖို့အတွက် မစ္စဂုဇ်မန်းကို နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အယ်ဖွန်ဆိုဒူရာဇိုကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မက္ကဆီကိုသမ္မတ လိုပက်အိုဘရာဒေါကပြောပါတယ်။

Ref : BBC , Photo : Reuters
#voiceofmyanmar#မက္ကဆီကကိုရဲစခန်းကို# မူးယစ်ဂိုဏ်းသားတွေ# လာရောက်တိုက်ခိုက်

Related posts

Leave a Comment

VOM News

FREE
VIEW