မင္းတုန္းၿမိဳ႕ရဲ႕ အေျခခံပညာေက်ာင္းေတြမွာ ခ်င္းတိုင္းရင္းသားစာေပ သင္ၾကားေရးဆရာ ရရွိရန္ခက္ခဲ

မင္းတုန္း၊ ေအာက္တိုဘာ ၁၈-၂၀၁၉
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္မွာရွိတဲ့ အရႈိခ်င္းတိုင္းရင္းသားေက်း႐ြာတခ်ိဳ႕ဟာ ခ်င္းစာေပသင္ၾကားခြင့္ ဆုံးရႈံးေနရတာျဖစ္ၿပီး ေက်ာင္းသားဦးေရ၄၀နဲ႔၁၀၀ၾကားရွိရမယ္ဆိုတဲ့ ေနျပည္ေတာ္က ကန္႔သတ္ခ်က္အသစ္ေၾကာင့္ ေက်း႐ြာ၇႐ြာမွာရွိတဲ့ ခ်င္းကေလးငယ္ေတြအတြက္ ခ်င္းယဥ္ေက်းမႈ႕နဲ႔စာေပသင္ၾကားခြင့္ ဆုံးရႈံးခဲ့ရတာျဖစ္တယ္လို႔ အရႈိခ်င္းတိုင္းရင္းသားစာေပနဲ႔ယဥ္ေက်းမႈ႕ေကာ္မတီကေန သိရပါတယ္။

”အျခားတိုင္းနဲ႔ျပည္နယ္ေတြမွာ တိုင္းရင္းသားဘာသာသင္ၾကားတဲ့ ဆရာေတြရဲ႕ အရည္အခ်င္းကန္႔သတ္ခ်က္ေတြနဲ႔ မတူတာတေၾကာင္း၊ ဒီကကန္႔သတ္ခ်က္တအားျမႇင့္ထားတယ္
၁၀တန္းေအာင္၊ဘြဲ႕ရၾကေတာ့ ေန႔စား၊လေပးရဘို႔ေတာင္မေသခ်ာတာ နဲ႔ ႏိုင္ငံျခားထြက္အလုပ္ လုပ္ကုန္လို႔ဆရာမရွိရျပန္ ၈တန္းေအာင္လဲမရ ၉တန္းေအာင္မွ အဲေတာ့ခ်င္းလူမ်ိဳးအစိုးရေက်ာင္းဆရာရွိတဲ့
ေက်ာင္းတခုဘဲ အခြင့္အေရးရတယ္ ”လို႔ စာေပနဲ႔ယဥ္ေက်းမႈ႕ေကာ္မတီ ဒုဥကၠ႒ ဦးေ႐ႊလႈိင္ကေျပာပါတယ္

မေကြးတိုင္းအစိုးရက ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးလွထြန္းကေတာ့ “ သင္ၾကားခြင့္မရတာမဟုတ္ပါဘူး ေက်ာင္းသားဦးေရနည္းလို႔ TAလို႔ေခၚတဲ့ေန႔စားလေပးခန္႔မေပးႏိုင္တာပါ ျပည္ေထာင္စုအဆင့္ျဖစ္ေနေတာ့ မေကြးတိုင္းအစိုးရကတဆင့္တင္ျပေပးပါတယ္၊ ဒါကတိုင္းရင္းသားေရးရာဝန္ႀကီးဌာနနဲ႔မဆိုင္ဘူးေပါ့ ယဥ္ေက်းမႈေကာ္မတီနဲ႔ျပည္ေထာင္စုပညာေရးဝန္ႀကီးတို႔ ခ်ိတ္ဆက္ေဆာင္႐ြက္ၾကရတာပါ”လို႔ ေျပာပါတယ္

မင္းတုန္းၿမိဳ႕နယ္မွာ အေျခခံပညာေက်ာင္းေတြရဲ႕ေက်ာင္းဆရာရရွိမႈကလည္း မညီမွ်ဘဲ ေက်ာင္းသား၆ေယာက္ရွိတဲ့ ေက်ာင္းမွာဆရာ/ဆရာမနဲ႔ ေက်ာင္းလုပ္သားအပါအဝင္၅ဦးရွိေနၿပီး တခ်ိဳ႕ေက်ာင္းေတြမွာ ေက်ာင္းသားကမ်ားၿပီး ဆရာ/ဆရာမက ၂ေယာက္သာရွိတဲ့ေက်ာင္းေတြရွိေနကာ
ေက်ာင္းသားမ်ားတဲ့ ေက်ာင္းေတြကိုခြဲေဝေပးတာေတြ မေတြ႕ရသလို ခ်င္းတိုင္းရင္းသားစာေပသင္ၾကားတဲ့ ဆရာေတြလည္း နီးစပ္ရာတြဲသင္ခြင့္ကို ခြင့္ျပဳေစခ်င္တယ္လို႔ ခ်င္းစာေပနဲ႔ယဥ္ေက်းမႈ႕ေကာ္မတီက သုံးသပ္ေျပာဆိုထားပါတယ္။

#voiceofmyanmar#မင္းတုန္း#အေျခခံပညာေက်ာင္း#ခ်င္းတိုင္းရင္းသားစာေပ#သင္ၾကားေရးဆရာရရွိရန္ခက္ခဲ#

 

Unicode

မင်းတုန်းမြို့ရဲ့ အခြေခံပညာကျောင်းတွေမှာ ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးဆရာ ရရှိရန်ခက်ခဲ

မင်းတုန်း၊ အောက်တိုဘာ ၁၈-၂၀၁၉
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာရှိတဲ့ အရှိုချင်းတိုင်းရင်းသားကျေးရွာတချို့ဟာ ချင်းစာပေသင်ကြားခွင့် ဆုံးရှုံးနေရတာဖြစ်ပြီး ကျောင်းသားဦးရေ၄၀နဲ့၁၀၀ကြားရှိရမယ်ဆိုတဲ့ နေပြည်တော်က ကန့်သတ်ချက်အသစ်ကြောင့် ကျေးရွာ၇ရွာမှာရှိတဲ့ ချင်းကလေးငယ်တွေအတွက် ချင်းယဉ်ကျေးမှု့နဲ့စာပေသင်ကြားခွင့် ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ အရှိုချင်းတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှု့ကော်မတီကနေ သိရပါတယ်။

”အခြားတိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားဘာသာသင်ကြားတဲ့ ဆရာတွေရဲ့ အရည်အချင်းကန့်သတ်ချက်တွေနဲ့ မတူတာတကြောင်း၊ ဒီကကန့်သတ်ချက်တအားမြှင့်ထားတယ်
၁၀တန်းအောင်၊ဘွဲ့ရကြတော့ နေ့စား၊လပေးရဘို့တောင်မသေချာတာ နဲ့ နိုင်ငံခြားထွက်အလုပ် လုပ်ကုန်လို့ဆရာမရှိရပြန် ၈တန်းအောင်လဲမရ ၉တန်းအောင်မှ အဲတော့ချင်းလူမျိုးအစိုးရကျောင်းဆရာရှိတဲ့
ကျောင်းတခုဘဲ အခွင့်အရေးရတယ် ”လို့ စာပေနဲ့ယဉ်ကျေးမှု့ကော်မတီ ဒုဥက္ကဋ္ဌ ဦးရွှေလှိုင်ကပြောပါတယ်

မကွေးတိုင်းအစိုးရက ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းကတော့ “ သင်ကြားခွင့်မရတာမဟုတ်ပါဘူး ကျောင်းသားဦးရေနည်းလို့ TAလို့ခေါ်တဲ့နေ့စားလပေးခန့်မပေးနိုင်တာပါ ပြည်ထောင်စုအဆင့်ဖြစ်နေတော့ မကွေးတိုင်းအစိုးရကတဆင့်တင်ပြပေးပါတယ်၊ ဒါကတိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့မဆိုင်ဘူးပေါ့ ယဉ်ကျေးမှုကော်မတီနဲ့ပြည်ထောင်စုပညာရေးဝန်ကြီးတို့ ချိတ်ဆက်ဆောင်ရွက်ကြရတာပါ”လို့ ပြောပါတယ်

မင်းတုန်းမြို့နယ်မှာ အခြေခံပညာကျောင်းတွေရဲ့ကျောင်းဆရာရရှိမှုကလည်း မညီမျှဘဲ ကျောင်းသား၆ယောက်ရှိတဲ့ ကျောင်းမှာဆရာ/ဆရာမနဲ့ ကျောင်းလုပ်သားအပါအဝင်၅ဦးရှိနေပြီး တချို့ကျောင်းတွေမှာ ကျောင်းသားကများပြီး ဆရာ/ဆရာမက ၂ယောက်သာရှိတဲ့ကျောင်းတွေရှိနေကာ
ကျောင်းသားများတဲ့ ကျောင်းတွေကိုခွဲဝေပေးတာတွေ မတွေ့ရသလို ချင်းတိုင်းရင်းသားစာပေသင်ကြားတဲ့ ဆရာတွေလည်း နီးစပ်ရာတွဲသင်ခွင့်ကို ခွင့်ပြုစေချင်တယ်လို့ ချင်းစာပေနဲ့ယဉ်ကျေးမှု့ကော်မတီက သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar#မင်းတုန်း#အခြေခံပညာကျောင်း#ချင်းတိုင်းရင်းသားစာပေ#သင်ကြားရေးဆရာရရှိရန်ခက်ခဲ#

Related posts

Leave a Comment

VOM News

FREE
VIEW