ဖမ္းဆီးေနခ်ိန္ တရားခံကျပန္လည္ခုခံသျဖင့္ ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးခဲ့ရာ တရားခံေသဆုံး၊ ရဲတပ္ဖြဲ႕ဝင္တစ္ဦးဒဏ္ရာရ

ပဲခူး၊ ေအာက္တိုဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

 

ပဲခူးတိုင္းအေရွ႕၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ကၫႊတ္ကြင္းၿမိဳ႕၊ မင္းလမ္းကူးေက်း႐ြာအုပ္စု၊ ႐ြာကန႔္လန႔္ေက်း႐ြာမွာ ေအာက္တိုဘာ၁၇ရက္ေန႔ ညပိုင္းက တရားခံတစ္ဦးကိုဖမ္းဆီးေနခ်ိန္ ျပန္လည္ခုခံတဲ့အတြက္ ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရာ တရားခံေသဆုံးၿပီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးဒဏ္ရာရ ရွိခဲ့တယ္လို႔ ကၫြတ္ကြင္း ရဲစခန္းကေန သိရပါတယ္။

 

ေက်ာက္တံခါးၿမိဳ႕နယ္၊ ေအာင္ျမင္နယ္ေျမ ရဲစခန္းက(ပ)၁၄၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄အမႈကတရားခံ ဦးျမင့္လႈိင္ရဲ႕သား အသက္ ၃၉ႏွစ္ရွိတဲ့ ထြန္းႏိုင္ဦး ကို ၎ရဲ႕ ေယာကၡထီး ဦးစံေထြးေနအိမ္မွာ ေရာက္ရွိေနတဲ့သတင္းအရ သြားေရာက္ဖမ္းဆီးရင္း တရားခံထြန္းႏိုင္ဦးက အ႐ိုးအသြား ၈လကၼရွိစေကဘာနဲ႔ျပန္လည္ ခုခံတဲ့အတြက္ ရဲတပ္သားသန႔္ဇင္ေအာင္မွာ လည္ပင္းျပတ္ရွဒဏ္ရာရရွိခဲ့ၿပီး ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးရာ တရားခံရဲ႕ လက္၊ခါး၊ေက်ာနဲ႔ေနာက္ေစ့မွာ ေသနတ္မွန္ၿပီးနဖူးပြင့္ဒဏ္ရာမ်ား နဲ႔ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

 

‛လူသတ္မႈတရားခံလိုက္ဖမ္းရင္းနဲ႔ ရဲကိုစေကဘာနဲ႔ျပန္ထိုးလို႔ပစ္ဖမ္းလိုက္တာပါ တရားခံကေတာ့ေသဆုံးသြားပါတယ္ ဒဏ္ရာရတဲ့ရဲတပ္သားကေတာ့မစိုးရိမ္ရပါဘူး
လို႔’ကၫႊတ္ကြင္းစခန္းမွေခတၱစခန္းမႉး ရဲအုပ္ျမင့္ေသာင္းကေျပာပါတယ္။

 

တရားခံတစ္ဦးကိုဖမ္းဆီးေနခ်ိန္ ျပန္လည္ခုခံတဲ့အတြက္ ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရာ တရားခံေသဆုံးၿပီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးဒဏ္ရာရခဲ့တဲ့အတြက္ ကၫႊတ္ကြင္းရဲစခန္းက တရားခံထြန္းႏိုင္ဦးေသဆုံးျခင္းကို ေသမႈေသခင္းအမွတ္စဥ္ ၅/၂၀၁၉နဲ႔အမႈေရးဖြင့္ထားတယ္လို႔သိရပါတယ္။

 

ဓါတ္ပံု-သန္းဝင္းနိုင္
#voiceofmyanmar#ကၫြတ္ကြင္း#မႈခင္း#

Unicode

ဖမ်းဆီးနေချိန် တရားခံကပြန်လည်ခုခံသဖြင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံသေဆုံး၊
ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

ပဲခူး၊ အောက်တိုဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်းအရှေ့၊ ကျောက်တံခါးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာမှာ အောက်တိုဘာ၁၇ရက်နေ့ ညပိုင်းက တရားခံတစ်ဦးကိုဖမ်းဆီးနေချိန် ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ ကညွတ်ကွင်း ရဲစခန်းကနေ သိရပါတယ်။

ကျောက်တံခါးမြို့နယ်၊ အောင်မြင်နယ်မြေ ရဲစခန်းက(ပ)၁၄၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄အမှုကတရားခံ ဦးမြင့်လှိုင်ရဲ့သား အသက် ၃၉နှစ်ရှိတဲ့ ထွန်းနိုင်ဦး ကို ၎င်းရဲ့ ယောက္ခထီး ဦးစံထွေးနေအိမ်မှာ ရောက်ရှိနေတဲ့သတင်းအရ သွားရောက်ဖမ်းဆီးရင်း တရားခံထွန်းနိုင်ဦးက အရိုးအသွား ၈လက္မရှိစကေဘာနဲ့ပြန်လည် ခုခံတဲ့အတွက် ရဲတပ်သားသန့်ဇင်အောင်မှာ လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာ တရားခံရဲ့ လက်၊ခါး၊ကျောနဲ့နောက်စေ့မှာ သေနတ်မှန်ပြီးနဖူးပွင့်ဒဏ်ရာများ နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

‛လူသတ်မှုတရားခံလိုက်ဖမ်းရင်းနဲ့ ရဲကိုစကေဘာနဲ့ပြန်ထိုးလို့ပစ်ဖမ်းလိုက်တာပါ တရားခံကတော့သေဆုံးသွားပါတယ် ဒဏ်ရာရတဲ့ရဲတပ်သားကတော့မစိုးရိမ်ရပါဘူး
လို့’ကညွှတ်ကွင်းစခန်းမှခေတ္တစခန်းမှူး ရဲအုပ်မြင့်သောင်းကပြောပါတယ်။

တရားခံတစ်ဦးကိုဖမ်းဆီးနေချိန် ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရခဲ့တဲ့အတွက် ကညွှတ်ကွင်းရဲစခန်းက တရားခံထွန်းနိုင်ဦးသေဆုံးခြင်းကို သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉နဲ့အမှုရေးဖွင့်ထားတယ်လို့သိရပါတယ်။

ဓါတ်ပုံ-သန်းဝင်းနိုင်
#voiceofmyanmar#ကညွတ်ကွင်း#မှုခင်း#

Related posts

Leave a Comment

VOM News

FREE
VIEW