
မောင်တာရာ

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတထောင် သာသနာနယ်မြေအတွင်းက ဥာဏ်တော်အမြင့် ပေ (၄၂၄)ပေရှိသော လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများလုပ်ဆောင်နေပါတယ်၊




ဗောဓိတထောင် လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ၁၉၉၅ ခုနှစ် မေလ ၅ ရက်နေ့က စတင်ပြီး တည်တော်မူခဲ့ရာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ အနေကဇာတင်ပူဇော်နိုင်ခဲ့ပါတယ်၊ လေးကျွန်းစကြာရပ်တော်မူဘုရားကြီးမှာ ဥာဏ်တော်အမြင့် ပေ (၄၂၄)ပေရှိပြီး အထပ်ပေါင်း ၃၃ ထပ်ရှိပါတယ်။

photo -bodhi 1000 page

 

 

ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်မြတ်အား ပြန်လည်ပြုပြင်မွမ်းမံခြင်းများလုပ်ဆောင်

မုံရွာ အောက်တိုဘာ ၁၈-၂၀၁၉
မောင်တာရာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတထောင် သာသနာနယ်မြေအတွင်းက ဉာဏ်တော်အမြင့် ပေ (၄၂၄)ပေရှိသော လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများလုပ်ဆောင်နေပါတယ်၊

လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရွှေဆေးသင်္ကန်း ပြန်လည်ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဒီနှစ် သြဂုတ်လ ၂ ရက်နေ့
က စတင်ပြီး ဆောင်ရွက်လျက်ရှိရာ လက်ရှိမှာ လေးပုံတစ်ပုံ ရွှေဆေးသင်္ကန်းအဟောင်းချွတ်ပြီနေပြီးလို့ ဗောဓိတထောင် ကျောင်းတိုက်က ဆရာတော်ဦးကုဏ္ဍ လက မိန့်ပါတယ်၊

”ရပ်တော်မူဘုရားကြီးက နှစ်ကာလက ၁၃ နှစ်ကျော် ကြာပြီ၊ နှစ်ကာလ ကြာတော့ သင်္ကန်းအရောင်က ဟောင်းနွမ်းနေပြီ၊ ရပ်တော်မူဘုရားကြီးကို ရွှေဆေးသင်္ကန်း ပြန်လည်ရောင်တော်ဖွင့်ခြင်းလုပ်ငန်းလုပ်မယ့်သူတွေက ကောင်းမှုတော်စေတီတော်ကြီးကို လုပ်ကိုင်တဲ့သူတွေပဲ။ ကောင်းမှုတော် ဘုရားကြီး ဆေးသင်္ကန်းပြန်ကပ်သလို အသက်ကယ်ကြိုးဆိုင်းတွေနဲ့ ပြုလုပ်သွားမယ်။၊အင်္ဂတေ ကြွတဲ့ ဟာတွေ ပြန်ခွာမယ်။အသစ်ပြန်ကိုင်ပြီး ရွှေဆေးသင်္ကန်း ပြန်ကပ်မယ်။’ လို့ ဆရာတော်က မိန့်ပါတယ်။

ရပ်တော်မူဘုရားကြီးကို ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းတွေ လုပ်ကိုင်ရန်အတွက် ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၃၀၀၀ ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး စေတနာရှင်၊အလှူရှင်များ အနေနဲ့ ရွှေဆေးသင်္ကန်း(၁၀)ပေပတ်လည်(၁)ကျင်းလျှင် ငွေကျပ် (၁)သိန်းကျပ်နှုန်းဖြင့်လှူဒါန်းနိုင်တယ်လို့ နိုးဆော်ထားပါတယ်။

ဗောဓိတထောင် လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ၁၉၉၅ ခုနှစ် မေလ ၅ ရက်နေ့က စတင်ပြီး တည်တော်မူခဲ့ရာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ အနေကဇာတင်ပူဇော်နိုင်ခဲ့ပါတယ်၊ လေးကျွန်းစကြာရပ်တော်မူဘုရားကြီးမှာ ဉာဏ်တော်အမြင့် ပေ (၄၂၄)ပေရှိပြီး အထပ်ပေါင်း ၃၃ ထပ်ရှိပါတယ်။

#voiceofmyanmar #မုံရွာ #စစ်ကိုင်းတိုင်း #ဗောဓိတထောင်
photo -bodhi 1000 page

Related posts

Leave a Comment

VOM News

FREE
VIEW