ဂ်ပန္မွာ ေက်ာင္းေနအရြယ္ကေလးေတြ အဆံုးစီရင္မႈ နွစ္ ၃၀ အတြင္းစံခ်ိန္တင္

တိုက်ိဳ၊ ေအာက္တိုဘာ ၁၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နိုင္ငံမွာ ျပီခဲ႔တဲ႔မတ္လကစျပီး တစ္နွစ္အတြင္း ေက်ာင္းသားကေလးငယ္ ၃၃၂ ဦး အဆံုးစိီရင္သြားတယ္လို႔ ဂ်ပန္ပညာေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။ ေက်ာင္းသားကေလးငယ္္ေတြအဆံုးစီရင္မႈနဲ႔ ပတ္သက္လို႔ ၁၉၈၈ ခုနွစ္မွ စတင္ကာ မွတ္တမ္းေတြျပဳစုခဲ႔တာျဖစ္ျပီး နွစ္ ၃၀ အတြင္း အျမင္႔ဆံုးျဖစ္ပါတယ္။

ပညာေရး၀န္ၾကီးဌာနဟာ ဂ်ပန္နုိင္ငံတစ္၀န္းရိွ အလယ္တန္း၊ အထက္တန္းၾကိဳအဆင္႔နဲ႔ အထက္တန္းေက်ာင္းေတြအားလံုးကို သုေတသနျပဳခဲ႔ျပီး အဆံုးစီရင္မႈဟာ ျပီးခဲ႔တဲ႔နွစ္ကထက္ ၈၂ ဦးပိုမိုမ်ားျပားေနတယ္လို႔ဆိုပါတယ္။

အဆံုးစီရင္သူေတြထဲမွာ အထက္တန္းေက်ာင္းသား ၂၂၇ ဦး၊ အထက္တန္းၾကိဳအဆင္႔ေက်ာင္းသား ၁၀၀ ဦးနဲ႔ အလယ္တန္းေက်ာင္းေတြမွ ငါးဦးပါ၀င္ပါတယ္။

ဂ်ပန္နိုင္ငံမွာ ယခုနွစ္အတြင္း ကိုယ္႔ကိုကိုယ္အဆံုးစီရင္သူ ၂၀၀၀ ဦးရွိေနပါတယ္။ ဒါဟာ ယခင္ကစံခ်ိန္တင္အေရအတြက္ထက္ ၄၀ ရာခိုင္နႈန္းနည္းပါးျပီး ကေလးသူငယ္ အဆံုးစီရင္မႈနႈန္းနဲ႔ ကြဲျပားျခားနားပါတယ္။

ကိုယ္႔ကိုကိုယ္ အဆံုးစီရင္တဲ႔ ကေလးေတြနဲ႔ပတ္သက္တဲ႔ ၄၁ မႈမွာ မိသားစုတြင္းျပသနာေတြရိွေနတာ၊ ၃၀ မႈမွာ မိဘမ်ားက ျပစ္တင္ေ၀ဖန္ခံရတာနဲ႔၊ ၂၈ မႈ မွာအနာဂါတ္အသက္ေမြးမႈနဲ႔ ပတ္သက္ျပီး စိုးရိမ္ေၾကာင္႔ၾကတာေတြနဲ႔ အျခား ကိုးမႈမွာ အနိုင္က်င္႔ခံရတာေတြေၾကာင္႔လို႔ ဆိုပါတယ္။

ဒါေပမယ္႔ ကေလးသူငယ္ အဆုံးစီရင္မႈ ၁၉၄ မႈ သို႔မဟုတ္ စုစုေပါင္းအေရအတြက္ရဲ႕ ေျခာက္ဆယ္ရာခိုင္နႈန္းကေတာ႔ အဆံုးစီရင္ရတဲ႔ အေျခခံအေၾကာင္းရင္းကို မသိရဘူးလို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Ref : NHK , Photo : Getty Images
#voiceofmyanmar#ဂ်ပန္#ေက်ာင္းေနအရြယ္ကေလးေတြ#အဆံုးစီရင္မႈ#နွစ္၃၀အတြင္းစံခ်ိန္တင္

Unicode

ဂျပန်မှာ ကျောင်းနေအရွယ်ကလေးတွေ အဆုံးစီရင်မှု နှစ် ၃၀ အတွင်းစံချိန်တင်

တိုကျို၊ အောက်တိုဘာ ၁၈-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ ပြီခဲ့တဲ့မတ်လကစပြီး တစ်နှစ်အတွင်း ကျောင်းသားကလေးငယ် ၃၃၂ ဦး အဆုံးစီရင်သွားတယ်လို့ ဂျပန်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကျောင်းသားကလေးငယ်တွေအဆုံးစီရင်မှုနဲ့ ပတ်သက်လို့ ၁၉၈၈ ခုနှစ်မှ စတင်ကာ မှတ်တမ်းတွေပြုစုခဲ့တာဖြစ်ပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံတစ်ဝန်းရှိ အလယ်တန်း၊ အထက်တန်းကြိုအဆင့်နဲ့ အထက်တန်းကျောင်းတွေအားလုံးကို သုတေသနပြုခဲ့ပြီး အဆုံးစီရင်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၈၂ ဦးပိုမိုများပြားနေတယ်လို့ဆိုပါတယ်။

အဆုံးစီရင်သူတွေထဲမှာ အထက်တန်းကျောင်းသား ၂၂၇ ဦး၊ အထက်တန်းကြိုအဆင့်ကျောင်းသား ၁၀၀ ဦးနဲ့ အလယ်တန်းကျောင်းတွေမှ ငါးဦးပါဝင်ပါတယ်။

ဂျပန်နိုင်ငံမှာ ယခုနှစ်အတွင်း ကိုယ့်ကိုကိုယ်အဆုံးစီရင်သူ ၂၀၀၀ ဦးရှိနေပါတယ်။ ဒါဟာ ယခင်ကစံချိန်တင်အရေအတွက်ထက် ၄၀ ရာခိုင်နှုန်းနည်းပါးပြီး ကလေးသူငယ် အဆုံးစီရင်မှုနှုန်းနဲ့ ကွဲပြားခြားနားပါတယ်။

ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ ၄၁ မှုမှာ မိသားစုတွင်းပြသနာတွေရှိနေတာ၊ ၃၀ မှုမှာ မိဘများက ပြစ်တင်ဝေဖန်ခံရတာနဲ့၊ ၂၈ မှု မှာအနာဂါတ်အသက်မွေးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြတာတွေနဲ့ အခြား ကိုးမှုမှာ အနိုင်ကျင့်ခံရတာတွေကြောင့်လို့ ဆိုပါတယ်။

ဒါပေမယ့် ကလေးသူငယ် အဆုံးစီရင်မှု ၁၉၄ မှု သို့မဟုတ် စုစုပေါင်းအရေအတွက်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကတော့ အဆုံးစီရင်ရတဲ့ အခြေခံအကြောင်းရင်းကို မသိရဘူးလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref : NHK , Photo : Getty Images
#voiceofmyanmar#ဂျပန်#ကျောင်းနေအရွယ်ကလေးတွေ#အဆုံးစီရင်မှု#နှစ်၃၀အတွင်းစံချိန်တင်

Related posts

Leave a Comment

VOM News

FREE
VIEW