ဆီးရီးယားထိုးစစ္ကို လူမႈကြန္ရက္မွာ ဆန္႔က်င္ေဝဖန္သူ ၂၀၀ နီးပါး တူရကီမွာအဖမ္းခံရ

အန္ကာရာ၊ ေအာက္တိုဘာ ၁၈-၂၀၁၉
မ်ိဳးဆက္(VOM)

လြန္ခဲ႔တဲ႔ သီတင္းပတ္ကစလို႔ ဆီးရီးယားမွာ တူရကီရဲ႕ထုိးစစ္ဆင္ႏႊဲေနျခင္းနဲ႔ ပတ္သက္ျပီး လူမႈကြန္ရက္မွာ ဆန္႔က်င္ေျပာဆိုတဲ႔ ပို႔စ္တင္သူ ၂၀၀ နီးပါးကို တူရကီရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

ထိန္းသိမ္းခံရသူ ၁၈၆ ဦးအနက္ ၂၄ ဦးကိုတရားဝင္ဖမ္းဆိီးခဲ့ျခင္းျဖစ္တယ္လို႔ တူရကီနိုင္ငံပိုင္ အန္နာဒိုလူ သတင္းဌာနက ေအာက္တိုဘာ ၁၆ ရက္မွာ ေဖာ္ျပပါတယ္။

လက္ရိွအခ်ိန္ထိ လူ ၇၈ ဦးကိုျပန္လႊတ္ေပးခဲ႔ျပီး ၄၀ ဦးကို အာမခံျဖင္႔လႊတ္ေပးထားကာ က်န္တဲ႔သူေတြကို တရားစြဲဆိုမႈေတြဆက္လက္ျပဳလုပ္ေနပါတယ္။

ယခုသီတင္းပတ္အတြင္း ဆီးရီးယားထိုးစစ္ကို ဆန္႔က်င္ျပီး အၾကမ္းဖက္၀ါဒျဖန္႔ခ်ိမႈအတြက္ ဖမ္းဆီး ခံရသူေတြထဲမွာ ကာ႔ဒ္ေတြကိုေထာက္ခံတဲ႔ ျပည္သူ႔ဒီမုိကရက္တစ္ပါတီ ပူးတြဲဥကၠဌ ဆီဇိုင္းတီမီလီနဲ႔ ပါဗင္ဘယ္ဒန္တို႔လည္းပါ၀င္ပါတယ္။

တူရကီဟာ ဆီးရီးယားနိုင္ငံရိွ ကာ႔ဒ္တပ္ဖြဲ႔ေတြအေပၚ ျငိမ္းခ်မ္းေရးေႏြဦးစစ္ဆင္ေရးကို ျပီးခဲ႔တဲ႔ သီတင္းပတ္က ဆင္ႏႊဲခဲ႔ျပီး နုိင္ငံအတြင္းမွာေတာ႔ ေထာက္ခံမႈက်ယ္က်ယ္ျပန္႔ျပန္႔ရိွေနတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ္႔ အိုင္အက္စ္တို႔ကိုတိုက္ထုတ္ဖို႔ ကာ႔ဒ္တပ္ဖြဲ႔ေတြကို အားထားေနရတဲ႔ နိုင္ငံတကာအသိုင္းအ၀ိုင္းကေတာ႔ တူရကီရဲ႕ ထိုးစစ္ကို အၾကီးအက်ယ္ေ၀ဖန္ေနၾကပါတယ္။

Ref : RT , Photo :Getty Images
#voiceofmyanmar#ဆီးရီးယားထိုးစစ္ကိုလူမႈကြန္ရက္မွာ#ဆန္႔က်င္ေဝဖန္သူ၂၀၀နီးပါး#တူရကီမွာအဖမ္းခံရ

Unicode

ဆီးရီးယားထိုးစစ်ကို လူမှုကွန်ရက်မှာ ဆန့်ကျင်ဝေဖန်သူ ၂၀၀ နီးပါး တူရကီမှာအဖမ်းခံရ

အန်ကာရာ၊ အောက်တိုဘာ ၁၈-၂၀၁၉
မျိုးဆက်(VOM)

လွန်ခဲ့တဲ့ သီတင်းပတ်ကစလို့ ဆီးရီးယားမှာ တူရကီရဲ့ထိုးစစ်ဆင်နွှဲနေခြင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဆန့်ကျင်ပြောဆိုတဲ့ ပို့စ်တင်သူ ၂၀၀ နီးပါးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ထိန်းသိမ်းခံရသူ ၁၈၆ ဦးအနက် ၂၄ ဦးကိုတရားဝင်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ လူ ၇၈ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ၄၀ ဦးကို အာမခံဖြင့်လွှတ်ပေးထားကာ ကျန်တဲ့သူတွေကို တရားစွဲဆိုမှုတွေဆက်လက်ပြုလုပ်နေပါတယ်။

ယခုသီတင်းပတ်အတွင်း ဆီးရီးယားထိုးစစ်ကို ဆန့်ကျင်ပြီး အကြမ်းဖက်ဝါဒဖြန့်ချိမှုအတွက် ဖမ်းဆီး ခံရသူတွေထဲမှာ ကာ့ဒ်တွေကိုထောက်ခံတဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ ပူးတွဲဥက္ကဌ ဆီဇိုင်းတီမီလီနဲ့ ပါဗင်ဘယ်ဒန်တို့လည်းပါဝင်ပါတယ်။

တူရကီဟာ ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်တပ်ဖွဲ့တွေအပေါ် ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆင်နွှဲခဲ့ပြီး နိုင်ငံအတွင်းမှာတော့ ထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အိုင်အက်စ်တို့ကိုတိုက်ထုတ်ဖို့ ကာ့ဒ်တပ်ဖွဲ့တွေကို အားထားနေရတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ တူရကီရဲ့ ထိုးစစ်ကို အကြီးအကျယ်ဝေဖန်နေကြပါတယ်။

Ref : RT , Photo :Getty Images
#voiceofmyanmar#ဆီးရီးယားထိုးစစ်ကိုလူမှုကွန်ရက်မှာ#ဆန့်ကျင်ဝေဖန်သူ၂၀၀နီးပါး#တူရကီမှာအဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW