ဇီးကုန္းၿမိဳ႕နယ္တြင္ သတင္းရဲတပ္ဖြဲ႕က တပ္ၾကပ္ႀကီးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

ဇီးကုန္း ေအာက္တိုဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ သာယာဝီခ႐ိုင၊္ ဇီးကုန္းၿမိဳ႕နယ္ အမွတ္ (၃)ရပ္ကြက္မွာေနတဲ့
သတင္းရဲတပ္ဖြဲ႕က တပ္ၾကပ္ႀကီးတစ္ဦး ဒီကေန႔မနက္ပိုင္းက
ႀကိဳးဆြဲခ်ေသဆုံးသြားတယ္လို႔ ဇီးကုန္းၿမိဳ႕မရဲစခန္းကသိရပါတယ္။

‛သတင္းရဲတပ္ဖြဲ႕က ရဲတပ္ၾကပ္ႀကီးတစ္ဦး ႀကိဳးဆြဲခ် ေသဆုံးသြားတာဟုတ္ပါတယ္လို႔’
ဇီးကုန္းၿမိဳ႕မရဲစခန္း စခန္းမႉးဒုရဲမႉးခင္ေမာင္ေက်ာ္က VOMကိုအတည္ျပဳေျပာၾကားပါတယ္။

အမွတ္(၃)ရပ္ကြက္၊ ကြၽန္းေတာလမ္းေန ဦးေမာင္ေမာင္ရဲ႕သား အသက္ (၄၃)ႏွစ္ရွိ ရဲတပ္ၾကပ္ႀကီးေဇာ္လင္းထြန္းကို စြပ္က်ယ္အျဖဴ ခ်ိဳင္းျပတ္၊ ပုဆိုး ဝါနက္စင္းၾကားနဲ႔
ေလွကားေဘးမွာ သုံးလြန္းတင္ ပလပ္စတစ္ႀကိဳးနဲ႔ ျပင္ပဒဏ္ရာမရွိဘဲ ႀကိဳးဆြဲခ် ေသဆုံးေနတယ္လို႔’ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

“ ဒီေန႔မနက္က ကၽြန္မသား အိမ္ထဲကို ရႉးရႉးရွဲရွဲ နဲ႔စိတ္ဆိုးၿပီးဝင္လာတယ္
က်မလည္း သူအိမ္သာတက္ေနတယ္ဘဲထင္ခဲ့တာ အိမ္ထဲကိုေဈးေရာင္းဖို႔ နႏြမ္းမႈန႔္ ဝင္ယူေတာ့မွ ေကြးေကြးေလးေသေနတာေတြ႕တာပါ စိတ္ညစ္တယ္ ေသခ်င္တယ္လို႔လည္း တစ္ခါမွမေျပာဘူးပါဘူးလို႔
မိခင္ျဖစ္သူကေျပာတယ္လို႔ ”အမွတ္(၃)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္စိုးကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ဇီးကုန္းၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉးခင္ေမာင္ေက်ာ္က တရားလိုျပဳလုပ္ၿပီး
ေသမႈေသခင္းအမွတ္စဥ္ ၁၅/၁၉ နဲ႔အမႈဖြင့္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar#ဇီးကုန္း#သတင္းရဲတပ္ဖြဲ႕#တပ္ၾကပ္ႀကီးတစ္ဦးႀကိဳးဆြဲခ်ေသဆုံး#

Unicode

ဇီးကုန်းမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦး ကြိုးဆွဲချသေဆုံး

ဇီးကုန်း အောက်တိုဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ သာယာဝီခရိုင၊် ဇီးကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်မှာနေတဲ့
သတင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦး ဒီကနေ့မနက်ပိုင်းက
ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းကသိရပါတယ်။

‛သတင်းရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားတာဟုတ်ပါတယ်လို့’
ဇီးကုန်းမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးခင်မောင်ကျော်က VOMကိုအတည်ပြုပြောကြားပါတယ်။

အမှတ်(၃)ရပ်ကွက်၊ ကျွန်းတောလမ်းနေ ဦးမောင်မောင်ရဲ့သား အသက် (၄၃)နှစ်ရှိ ရဲတပ်ကြပ်ကြီးဇော်လင်းထွန်းကို စွပ်ကျယ်အဖြူ ချိုင်းပြတ်၊ ပုဆိုး ဝါနက်စင်းကြားနဲ့
လှေကားဘေးမှာ သုံးလွန်းတင် ပလပ်စတစ်ကြိုးနဲ့ ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချ သေဆုံးနေတယ်လို့’ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

“ ဒီနေ့မနက်က ကျွန်မသား အိမ်ထဲကို ရှူးရှူးရှဲရှဲ နဲ့စိတ်ဆိုးပြီးဝင်လာတယ်
ကျမလည်း သူအိမ်သာတက်နေတယ်ဘဲထင်ခဲ့တာ အိမ်ထဲကိုဈေးရောင်းဖို့ နနွမ်းမှုန့် ဝင်ယူတော့မှ ကွေးကွေးလေးသေနေတာတွေ့တာပါ စိတ်ညစ်တယ် သေချင်တယ်လို့လည်း တစ်ခါမှမပြောဘူးပါဘူးလို့
မိခင်ဖြစ်သူကပြောတယ်လို့ ”အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး ဇီးကုန်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးခင်မောင်ကျော်က တရားလိုပြုလုပ်ပြီး
သေမှုသေခင်းအမှတ်စဉ် ၁၅/၁၉ နဲ့အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#ဇီးကုန်း#သတင်းရဲတပ်ဖွဲ့#တပ်ကြပ်ကြီးတစ်ဦးကြိုးဆွဲချသေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW