ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကျွန်းတကျွန်းမှာ ပြောင်းနေဖို့ ရိုဟင်ဂျာတွေ သဘောတူ

ကော့ဘဇား၊ အောက်တိုဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူလိုက်ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။   ဘာရှန်ချာလို့အမည်ရတဲ့ အဲဒီကျွန်းဟာ ဝေးလံခေါင်သီပြီး ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ ရိုဟင်ဂျာတွေကို ဒီကျွန်းမှာ ပြောင်းရွှေ့နေရာချထားရေးအတွက် ကြီးကြပ်မယ့်တာဝန်ရှိသူတွေကို လာမယ့်ရက်အနည်းငယ်အတွင်း ကျွန်းပေါ်ကို ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အလမ်က ပြောပါတယ်။   ဒုက္ခသည် ၆၀၀၀ မှ ၇၀၀၀ လောက်အထိက ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သူတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တယ်လို့ အလမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောဆိုပြီး ပြောင်းရွှေ့နေထိုင်လိုသူ အရေအတွက် တိုးမြင့်လာနေတယ်လို့ဆိုပါတယ်။   ဒုက္ခသည်တွေကို ဘယ်အချိန်မှာ ပြောင်းရွှေ့နေရာချထားမယ်ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့်…

Read More

ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲကို မန္တလေး ၁၁မိုင် (MX Bike Park) မှာ ပထမဆုံး ကျင်းပမည်

မန္တလေး အောက်တိုဘာ ၂၀-၂၀၁၉ ရဲရင့်မင်းခန့်(VOM)   မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲ MYANMAR MOTOCROSS 2019 (MMX 2019)ကို ၇မိုင်ကမ်းခြေ နဲ့ ဒီးဒုတ်ရေပြာအိုင်သွား လမ်းဘေး 11 Miles (MX Bike Park)မှာ (၂၀၁၉)ခုနှစ် အောက်တိုဘာ(၂၆)ရက် မှ (၂၇)ရက်နေ့ထိ ကျင်းပမယ်လို့ အောက်တိုဘာ ၂၀ရက် ဒီကနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြောလိုက်ပါတယ်။   ပြိုင်ပွဲမှာ MMX-A (Senior) 231cc နှင့် 231cc အထက် (Pro)၊ ကွင်း ( ၁၀ ) ပတ် MMX-A (Junior) 231 cc နှင့် 231cc အထက် (Pro)၊ ကွင်း(၁၀)ပတ်l MMX-B (Senior) 125cc မှ 230cc…

Read More

ရုရှားမှာ သတ္တုတွင်းသုံး ရေကာတာကျိုးပေါက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

မော်စကို၊ အောက်တိုဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM)   ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသအတွင်းရှိ ရွှေ့မိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ရေကာတာ တစ်ခုကျိုးပေါက်မှုကြောင့် လူပေါင်း ၁၅ဦးထက်မနည်း သေဆုံးပြီး အခြားလူ၁၃ဦး ပျောက်ဆုံးနေပါတယ်။   ခရက်စနိုယာစ်ဒေသအတွင်း ဆိုက်ဘာမြစ်ပေါ်မှာတည်ရှိတဲ့ ရေကာတာဟာ အောက်တိုဘာ၁၉ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးပေါက်သွားပြီး အလုပ်သမားတွေနေထိုင်တဲ့ အခန်းတွေကို ရေလွှမ်းမိုးခဲ့ပါတယ်။   ဒါဏ်ရာအပြင်းအထန်ရရှိသွားတဲ့ လူသုံးဦးအပါအဝင် မိုင်းအလုပ်သမား၁၄ဦးကို ဆေးရုံသို့ပို့လိုက်ရကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။   အဲဒီ ရေကာတာသည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ သွေဖီနေကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။   ကယ်ဆယ်ရေးသမား ဒါဇင်ပေါင်းများစွာကတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြသလို ဒါဏ်ရာရရှိသူတွေကိုလည်း ကူညီမှုတွေ လုပ်ဆောင်နေကြပါတယ်။   ဒါ့အပြင် ဆိုက်ဘာမြစ်ရေ တက်လာတာနဲ့ ဒေသအတွင်းရေကြီးမြင့်မှုတွေကြောင့် သတ္တုတွင်းရဲ့ အနီးမှာရှိတဲ့ ကူရာဂီနိုကျေးရွာကလူတွေကို…

Read More
VOM News

FREE
VIEW