ရုရွားမွာ သတၱဳတြင္းသံုး ေရကာတာက်ိဳးေပါက္မႈေၾကာင္႔ လူ ၁၅ ဦးေသဆံုး

ေမာ္စကုိ၊ ေအာက္တုိဘာ-၂၀-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ရုရွားနုိင္ငံ ဆုိက္ေဘးရီးယားေဒသအတြင္းရွိ ေရႊ႔မုိင္းတြင္းတစ္ခုမွာ အသံုးျပဳတဲ႔ ေရကာတာ တစ္ခုက်ိဳးေပါက္မႈေၾကာင့္ လူေပါင္း ၁၅ဦးထက္မနည္း ေသဆံုးျပီး အျခားလူ၁၃ဦး ေပ်ာက္ဆံုးေနပါတယ္။

 

ခရက္စႏုိယာစ္ေဒသအတြင္း ဆုိက္ဘာျမစ္ေပၚမွာတည္ရွိတဲ႔ ေရကာတာဟာ ေအာက္တုိဘာ၁၉ရက္က မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ က်ိဳးေပါက္သြားျပီး အလုပ္သမားေတြေနထုိင္တဲ႔ အခန္းေတြကို ေရလႊမ္းမိုးခဲ႔ပါတယ္။

 

ဒါဏ္ရာအျပင္းအထန္ရရိွသြားတဲ႔ လူသံုးဦးအပါအဝင္ မုိင္းအလုပ္သမား၁၄ဦးကုိ ေဆးရံုသုိ႔ပုိ႔လုိက္ရေၾကာင္း ရုရွားက်န္းမာေရးဝန္ၾကီးဌာနကေျပာပါတယ္။

 

အဲဒီ ေရကာတာသည္ ေဘးအႏၱရာယ္ကင္းရွင္းေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ေသြဖီေနေၾကာင္း စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ျပစ္မႈေၾကာင္းအရ စံုစမ္းစစ္ေဆးမႈေတြကုိ စတင္လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

 

ကယ္ဆယ္ေရးသမား ဒါဇင္ေပါင္းမ်ားစြာကေတာ႔ ေပ်ာက္ဆံုးေနသူေတြကို ရွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနၾကသလို ဒါဏ္ရာရရိွသူေတြကိုလည္း ကူညီမႈေတြ လုပ္ေဆာင္ေနၾကပါတယ္။

 

ဒါ႔အျပင္ ဆိုက္ဘာျမစ္ေရ တက္လာတာနဲ႔ ေဒသအတြင္းေရၾကီးျမင္႔မႈေတြေၾကာင္႔ သတၱဳတြင္းရဲ႕ အနီးမွာရိွတဲ႔ ကူရာဂီနိုေက်းရြာကလူေတြကို ေဘးလြတ္ရာေရႊ႕ေျပာင္းေပးခဲ႔ရတယ္လို႔ ရုရွားသတင္းဌာနေတြက ေဖာ္ျပပါတယ္။

 

Ref : BBC
Photo : AFP

#voiceofmyanmar #ရုုရွား #ေရကာတာက်ိဳးေပါက္

 

Unicode

ရုရှားမှာ သတ္တုတွင်းသုံး ရေကာတာကျိုးပေါက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

မော်စကို၊ အောက်တိုဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသအတွင်းရှိ ရွှေ့မိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ရေကာတာ တစ်ခုကျိုးပေါက်မှုကြောင့် လူပေါင်း ၁၅ဦးထက်မနည်း သေဆုံးပြီး အခြားလူ၁၃ဦး ပျောက်ဆုံးနေပါတယ်။

ခရက်စနိုယာစ်ဒေသအတွင်း ဆိုက်ဘာမြစ်ပေါ်မှာတည်ရှိတဲ့ ရေကာတာဟာ အောက်တိုဘာ၁၉ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးပေါက်သွားပြီး အလုပ်သမားတွေနေထိုင်တဲ့ အခန်းတွေကို ရေလွှမ်းမိုးခဲ့ပါတယ်။

ဒါဏ်ရာအပြင်းအထန်ရရှိသွားတဲ့ လူသုံးဦးအပါအဝင် မိုင်းအလုပ်သမား၁၄ဦးကို ဆေးရုံသို့ပို့လိုက်ရကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

အဲဒီ ရေကာတာသည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ သွေဖီနေကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမား ဒါဇင်ပေါင်းများစွာကတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြသလို ဒါဏ်ရာရရှိသူတွေကိုလည်း ကူညီမှုတွေ လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် ဆိုက်ဘာမြစ်ရေ တက်လာတာနဲ့ ဒေသအတွင်းရေကြီးမြင့်မှုတွေကြောင့် သတ္တုတွင်းရဲ့ အနီးမှာရှိတဲ့ ကူရာဂီနိုကျေးရွာကလူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။

Ref : BBC
Photo : AFP

#voiceofmyanmar #ရုရှား #ရေကာတာကျိုးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW