ဘဂၤလားပင္လယ္ေအာ္မွာရွိတဲ႕ က်ြန္းတကြ်န္းမွာ ေျပာင္းေနဖိုု႕ ႐ိုဟင္ဂ်ာေတြ သေဘာတူ

ေကာ့ဘဇား၊ ေအာက္တိုဘာ-၂၀-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကတဲ့ ေထာင္ေပါင္းမ်ားစြာေသာ ႐ိုဟင္ဂ်ာေတြဟာ ဘဂၤလားပင္လယ္ေအာ္ရွိ ကြၽန္းတစ္ကြၽန္းမွာ ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ သေဘာတူလိုက္ၾကတယ္လို႔ ဘဂၤလားေဒ့ရွ္တာဝန္ရွိသူေတြက ေအာက္တိုဘာ ၂၀ ရက္မွာ ေျပာပါတယ္။

 

ဘာရွန္ခ်ာလို႔အမည္ရတဲ့ အဲဒီကြၽန္းဟာ ေဝးလံေခါင္သီၿပီး ေရႀကီးေရလွ်ံမႈေတြလည္း ျဖစ္ပြားေလ့ရွိပါတယ္။ ႐ိုဟင္ဂ်ာေတြကို ဒီကြၽန္းမွာ ေျပာင္းေ႐ႊ႕ေနရာခ်ထားေရးအတြက္ ႀကီးၾကပ္မယ့္တာဝန္ရွိသူေတြကို လာမယ့္ရက္အနည္းငယ္အတြင္း ကြၽန္းေပၚကို ပို႔ေဆာင္သြားမယ္လို႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္ဆိုင္ရာ မဟာမင္းႀကီး အလမ္က ေျပာပါတယ္။

 

ဒုကၡသည္ ၆၀၀၀ မွ ၇၀၀၀ ေလာက္အထိက ဘာရွန္ခ်ာကြၽန္းမွာ ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ သူတို႔ဆႏၵကို ထုတ္ေဖာ္ေျပာဆိုထားၿပီးျဖစ္တယ္လို႔ အလမ္က ေအအက္ဖ္ပီသတင္းဌာနကို ေျပာဆိုၿပီး ေျပာင္းေ႐ႊ႕ေနထိုင္လိုသူ အေရအတြက္ တိုးျမင့္လာေနတယ္လို႔ဆိုပါတယ္။

 

ဒုကၡသည္ေတြကို ဘယ္အခ်ိန္မွာ ေျပာင္းေ႐ႊ႕ေနရာခ်ထားမယ္ဆိုတာကိုေတာ့ သူက ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။ ဒါေပမယ့္ ကြၽန္းေပၚမွာ အေဆာက္အအုံေတြတည္ေဆာက္ေရးမွာ ပါဝင္တဲ့ ေရတပ္ထိပ္တန္းတာဝန္ရွိသူတစ္ဦးကေတာ့ ဒီဇင္ဘာလကစၿပီး တစ္ေန႔ကို ဒုကၡသည္ ၅၀၀ ဦးႏႈန္းနဲ႔ ေျပာင္းေ႐ႊ႕မယ္လို႔ ေျပာပါတယ္။

 

ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားေလ့ရွိၿပီး အဓိကကြၽန္းမႀကီးကေန တစ္နာၾကာခုတ္ေမာင္းသြားလာရတဲ့ ေဝလံေခါင္သီတဲ့ ဘာရွန္ခ်ာကြၽန္းသို႔ ႐ိုဟင္ဂ်ာေတြကို ေနရာခ်ထားဖို႔အတြက္ ဘဂၤလားေဒ့ရွ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

 

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္အတြင္းက ပင္လယ္ျပင္မွထြက္ေပၚလာတဲ့ ဘာရွန္ခ်ာကြၽန္းေပၚမွာ ႏွစ္စဥ္မုတ္သုန္ရာသီေရာက္တိုင္း ျဖစ္ေပၚေလ့ရွိတဲ့ ျပင္းထန္တဲ့ မုန္တိုင္းဒါဏ္ကို ဒုကၡသည္ေတြ ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူးလို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက သတိေပးထားပါတယ္။

Ref :Gulf Today
Photo : AFP
#voiceofmyanmar #႐ိုဟင္ဂ်ာ #ဘဂၤလားေဒရွ္

 

Unicode

ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကျွန်းတကျွန်းမှာ ပြောင်းနေဖို့ ရိုဟင်ဂျာတွေ သဘောတူ

ကော့ဘဇား၊ အောက်တိုဘာ-၂၀-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူလိုက်ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။

ဘာရှန်ချာလို့အမည်ရတဲ့ အဲဒီကျွန်းဟာ ဝေးလံခေါင်သီပြီး ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ ရိုဟင်ဂျာတွေကို ဒီကျွန်းမှာ ပြောင်းရွှေ့နေရာချထားရေးအတွက် ကြီးကြပ်မယ့်တာဝန်ရှိသူတွေကို လာမယ့်ရက်အနည်းငယ်အတွင်း ကျွန်းပေါ်ကို ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အလမ်က ပြောပါတယ်။

ဒုက္ခသည် ၆၀၀၀ မှ ၇၀၀၀ လောက်အထိက ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သူတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တယ်လို့ အလမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောဆိုပြီး ပြောင်းရွှေ့နေထိုင်လိုသူ အရေအတွက် တိုးမြင့်လာနေတယ်လို့ဆိုပါတယ်။

ဒုက္ခသည်တွေကို ဘယ်အချိန်မှာ ပြောင်းရွှေ့နေရာချထားမယ်ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် ကျွန်းပေါ်မှာ အဆောက်အအုံတွေတည်ဆောက်ရေးမှာ ပါဝင်တဲ့ ရေတပ်ထိပ်တန်းတာဝန်ရှိသူတစ်ဦးကတော့ ဒီဇင်ဘာလကစပြီး တစ်နေ့ကို ဒုက္ခသည် ၅၀၀ ဦးနှုန်းနဲ့ ပြောင်းရွှေ့မယ်လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်ပွားလေ့ရှိပြီး အဓိကကျွန်းမကြီးကနေ တစ်နာကြာခုတ်မောင်းသွားလာရတဲ့ ဝေလံခေါင်သီတဲ့ ဘာရှန်ချာကျွန်းသို့ ရိုဟင်ဂျာတွေကို နေရာချထားဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းက ပင်လယ်ပြင်မှထွက်ပေါ်လာတဲ့ ဘာရှန်ချာကျွန်းပေါ်မှာ နှစ်စဉ်မုတ်သုန်ရာသီရောက်တိုင်း ဖြစ်ပေါ်လေ့ရှိတဲ့ ပြင်းထန်တဲ့ မုန်တိုင်းဒါဏ်ကို ဒုက္ခသည်တွေ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

Ref :Gulf Today
Photo : AFP
#voiceofmyanmar #ရိုဟင်ဂျာ #ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW