ကရင္ျပည္နယ္လူမႈေရးဝန္ႀကီး(ေဟာင္း) မိမိကိုယ္ကို္သတ္‌ေသ

ေ႐ႊဂြန္း ၊ ေအာက္တိုဘာ ၂၃-၂၀၁၉
သူရိန္(VOM)

ကရင္ျပည္အစိုးရအဖြဲ႕ ၊ လူမႈေရးဝန္ႀကီးေဟာင္းျဖစ္ေသာ ေဒါက္တာတင္ဝင္းေက်ာ္က လက္နဲ႔ဝမ္းဗိုက္ကို ကတ္ေၾကးနဲ႔ထိုးၿပီး မိမိကိုယ္ကိုသတ္ေသမႈ ေအာက္တိုဘာ၂၂ရက္ မေန႔ညက ျဖစ္ပြားခဲ့ပါတယ္။

လူမႈေရးဝန္ႀကီးေဟာင္းျဖစ္တဲ့ ေဒါက္တာတင္ဝင္းေက်ာ္ဟာ အူမႀကီးကင္ဆာေရာဂါေဝဒနာခံစားေနရၿပီး ထိုင္းႏိုင္ငံမွာ ေဆးကုသေနရသူျဖစ္တယ္လို႔လည္း သိရပါတယ္။

“ မေန႔ကညေန ၆ နာရီခြဲေလာက္ေပါ့ ကြၽန္ေတာ္တို႔သိတဲ့အခ်ိန္ေပါ့ေနာ္ ။အဲဒီအခ်ိန္မွာသူကဆုံးသြားၿပီ။ ေ႐ႊဂြန္းေဆး႐ုံမွာ။ အိမ္မွာကလဲသူတေယာက္ထဲေလ။ သူကအရင္ကတည္းကလဲက်န္းမာေရးမေကာင္းဘူး။ ကြၽန္ေတာ္တို႔သိရသေလာက္ သူ႔ဗိုက္ကိုသူ ဓားနဲ႔ထိုးတယ္။ လက္ေကာက္ဝတ္ကိုလဲ ဓားနဲ႔ျဖတ္ထားတဲ့ အတြက္ ေသြးထြက္လြန္ဆုံးသြားတယ္လို႔သိရတယ္။ ေ႐ႊဂြန္းေက်း႐ြာ လႈိင္းဘြဲ႕ၿမိဳ႕နယ္ကအိမ္မွာပါ။ သူကအရင္ကတည္းက က်န္းမာေရးမေကာင္းဘူး။ ထိုင္းမွာလဲေဆးခန္းျပေနရတယ္။ သူ႔ညီကလဲ လြန္ခဲ့တဲ့ ၃ လေလာက္က ဓာတ္ဆီလွယ္ရင္းနဲ႔ မီးေလာင္ၿပီးေသသြားတယ္။ ဆိုင္ပါမီးေလာင္သြားတာေပါ့။ သူ႔အေမကလဲ အယ္ဇိုင္းမားျဖစ္ေနတယ္လို႔ မ်က္ျမင္တေယာက္ကေျပာပါတယ္။

ကရင္ျပည္နယ္အစိုးရအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ လူမႈေရးဝန္ႀကီးဌာနဝန္ႀကီး(ေဟာင္း) ေဒါက္တာတင္ဝင္းေက်ာ္က မိမိသေဘာဆႏၵအေလ်ာက္ ၂၀၁၉ခုႏွစ္၊ ဇြန္လမွာ ရာထူးကေန ႏုတ္ထြက္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲကာလအတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီကိုယ္စားလွယ္အျဖစ္ လႈိင္းဘြဲၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ မဲအႏိုင္ရရွိခဲ့သူ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ေ႐ႊဂြန္းစခန္း မွာေသမႈေသခင္းနဲ႔အမႈဖြင့္လွစ္ထားတယ္လို႔သိရၿပီး ေအာက္တိုဘာ ၂၄ ရက္ ေန႔လည္ ၁ နာရီမွာ ေ႐ႊဂြန္းၿမိဳ႕သုသန္မွာသၿဂိဳလ္မယ္လို႔သိရပါတယ္။

ဓါတ္ပံု-ကိုေဇရဲ
#voiceofmyanmar #ကရင္ျပည္နယ္လူမႈေရးဝန္ႀကီး(ေဟာင္း) #မိမိကိုယ္ကို္သတ္‌ေသ

 

Unicode

ကရင်ပြည်နယ်လူမှုရေးဝန်ကြီး(ဟောင်း) မိမိကိုယ်ကိုသတ်‌သေ

ရွှေဂွန်း ၊ အောက်တိုဘာ ၂၃-၂၀၁၉
သူရိန်(VOM)

ကရင်ပြည်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဟောင်းဖြစ်သော ဒေါက်တာတင်ဝင်းကျော်က လက်နဲ့ဝမ်းဗိုက်ကို ကတ်ကြေးနဲ့ထိုးပြီး မိမိကိုယ်ကိုသတ်သေမှု အောက်တိုဘာ၂၂ရက် မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။

လူမှုရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒေါက်တာတင်ဝင်းကျော်ဟာ အူမကြီးကင်ဆာရောဂါဝေဒနာခံစားနေရပြီး ထိုင်းနိုင်ငံမှာ ဆေးကုသနေရသူဖြစ်တယ်လို့လည်း သိရပါတယ်။

“ မနေ့ကညနေ ၆ နာရီခွဲလောက်ပေါ့ ကျွန်တော်တို့သိတဲ့အချိန်ပေါ့နော် ။အဲဒီအချိန်မှာသူကဆုံးသွားပြီ။ ရွှေဂွန်းဆေးရုံမှာ။ အိမ်မှာကလဲသူတယောက်ထဲလေ။ သူကအရင်ကတည်းကလဲကျန်းမာရေးမကောင်းဘူး။ ကျွန်တော်တို့သိရသလောက် သူ့ဗိုက်ကိုသူ ဓားနဲ့ထိုးတယ်။ လက်ကောက်ဝတ်ကိုလဲ ဓားနဲ့ဖြတ်ထားတဲ့ အတွက် သွေးထွက်လွန်ဆုံးသွားတယ်လို့သိရတယ်။ ရွှေဂွန်းကျေးရွာ လှိုင်းဘွဲ့မြို့နယ်ကအိမ်မှာပါ။ သူကအရင်ကတည်းက ကျန်းမာရေးမကောင်းဘူး။ ထိုင်းမှာလဲဆေးခန်းပြနေရတယ်။ သူ့ညီကလဲ လွန်ခဲ့တဲ့ ၃ လလောက်က ဓာတ်ဆီလှယ်ရင်းနဲ့ မီးလောင်ပြီးသေသွားတယ်။ ဆိုင်ပါမီးလောင်သွားတာပေါ့။ သူ့အမေကလဲ အယ်ဇိုင်းမားဖြစ်နေတယ်လို့ မျက်မြင်တယောက်ကပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး(ဟောင်း) ဒေါက်တာတင်ဝင်းကျော်က မိမိသဘောဆန္ဒအလျောက် ၂၀၁၉ခုနှစ်၊ ဇွန်လမှာ ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားလှယ်အဖြစ် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ မဲအနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ရွှေဂွန်းစခန်း မှာသေမှုသေခင်းနဲ့အမှုဖွင့်လှစ်ထားတယ်လို့သိရပြီး အောက်တိုဘာ ၂၄ ရက် နေ့လည် ၁ နာရီမှာ ရွှေဂွန်းမြို့သုသန်မှာသဂြိုလ်မယ်လို့သိရပါတယ်။

ဓါတ်ပုံ-ကိုဇေရဲ
#voiceofmyanmar #ကရင်ပြည်နယ်လူမှုရေးဝန်ကြီး(ဟောင်း) #မိမိကိုယ်ကိုသတ်‌သေ

Related posts

Leave a Comment

VOM News

FREE
VIEW