
နေပြည်တော်၊ အောက်တိုဘာ ၂၃-၂၀၁၉ ကိုထွန်း(နေပြည်တော်) ဒီနေ့ အောက်တိုဘာ ၂၃ရက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ Wisdom Hill မူကြိုကျောင်းက ကလေးငယ်ဗစ်တိုးရီးယားအမှု( ၉ ) ကြိမ်မြောက်ရုံးချိန်းမှာ သံသယတရားခံအောင်ကြီးအတွက် အာမခံ အမိန့်ကို တရားရုံးကပယ်ချလိုက်ပါတယ်။ တရားခွင်အပြီးမှာ အောင်ကြီးဘက်က ရှေ့နေလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဒေါ်စုဒါလီအောင်တို့က အမှုမကြာခင်ပြီးပြတ်ရင် အောင်ကြီးလုံးဝလွတ်မြောက်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ရိုက်ကူး ကိုထွန်း #voiceofmyanmar #ဗစ်တိုးရီးယား #အောင်ကြီး #WisdomHill Unicode ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံ အောင်ကြီးအတွက် အာမခံကို တရားရုံးကပယ်ချ နေပြည်တော်၊ အောက်တိုဘာ ၂၃-၂၀၁၉ ကိုထွန်း(နေပြည်တော်) ဒီနေ့ အောက်တိုဘာ ၂၃ရက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ Wisdom Hill မူကြိုကျောင်းက ကလေးငယ်ဗစ်တိုးရီးယားအမှု( ၉ ) ကြိမ်မြောက်ရုံးချိန်းမှာ သံသယတရားခံအောင်ကြီးအတွက် အာမခံ…

Read More

အဂတိနဲ့တရားစွဲခံထားရတဲ့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ညွှန်ချုပ်နဲ့ ညွှန်မှူးအမှုက တရားလိုကို စစစ်

မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဖြူဖြူ(VOM) အဂတိနဲ့ တရားစွဲခံထားရတဲ့ ရှမ်းပြည်နယ် အထက်ရဲရွာရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနက ညွှန်ချုပ်နဲ့ ညွှန်မှူးကို အောက်တိုဘာ ၂၃ ရက် မန္တလေးတိုင်းတရားလွှတ်တော်မှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဂတိက စုံစမ်းစစ်ရေးမှူးဖြစ်သူ တရားလို ဦးအောင်မြင့်ဇော် ကို စွပ်စွဲခံရသူ ဦးချစ်တိုးအမှုအတွက် စစ်ဆေးခဲ့တာလို့ သိရပါတယ်။ “ငါးမှုဆိုတော့ သက်သေကတော့ ခြောက်ရောက်ပါတာရှိတယ်။ ငါးယောက်ပါတာရှိတယ်။ အားလုံးရဲ့တရားလိုကတော့ သူပဲ။ သူက ငါးကြိမ်စစ်ခံရမှာပါ။ “လို့ ဦးမင်းခိုင်ရဲ့အကျိုးဆောင်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးထွန်းကြည်က ပြောပါတယ်။ ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးကို ရာဇာဝတ်ကြီးအမှုအမှတ် ၁၀/၂၀၁၉၊ ၁၁/၂၀၁၉ နဲ့ ညွှန်ကြားရေးမှူးဦးမင်းခိုင်အမှုကို ရာဇာဝတ်ကြီးအမှုအမှတ် ၁၂/၂၀၁၉၊ ၁၃/၂၀၁၉၊ ၁၄/၂၀၁၉ အရ မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က လက်ခံထားတာပါ။ အထက်ရဲရွာရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ဟာ…

Read More

လန်ဒန်အရှေ့ပိုင်းမှာ ကွန်တိန်နာကားတစ်စီးအတွင်းမှ လူသေအလောင်း ၃၉ လောင်းတွေ့ရှိ

လန်ဒန်၊ အောက်တိုဘာ ၂၃-၂၀၁၉ မျိုးဆက်(VOM) ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်း စက်မှုဇုန်တစ်ခုရှိ ကွန်တိန်နာကားတစ်စီးအတွင်းက လူသေအလောင်း ၃၉ လောင်းကို အောက်တိုဘာ ၂၃ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီကွန်တိန်နာကားဟာ ဘူလ်ဂေးရီးယားနိုင်ငံမှလို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုပြီး အိုင်ယာလန်မှ အဓိကဝင်ပေါက်ဖြစ်တဲ့ နော့ဝေးလ်ဆိပ်ကမ်းရှိ ဟိုးလီဟတ်ကနေ ဗြိတိန်နိုင်ငံထဲကို အောက်တိုဘာ ၁၉ ရက်မှာ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် မြောက်အိုင်ယာလန်မှ ကားမောင်းသူကိုတော့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ကွန်တိန်နာကားဟာ ဘူလ်ဂေးရီးယားနိုင်ငံကနေ စတင်ထွက်ခွာတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်မပြုနိင်သေးဘူးလို့ ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗြိတိန် သတင်းဌာနတွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို မိမိတို့စစ်ဆေးနေဆဲဖြစ်ပြီး အာဏာပိုင်တွေနဲ့ ဆက်သွယ်နေကြောင်း ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ လူ့အသက်ပေါင်းများစွာသေဆုံးခဲ့တဲ့ ကြေကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်ပြီး…

Read More

ကရင်ပြည်နယ်လူမှုရေးဝန်ကြီး(ဟောင်း) မိမိကိုယ်ကိုသတ်‌သေ

ရွှေဂွန်း ၊ အောက်တိုဘာ ၂၃-၂၀၁၉ သူရိန်(VOM) ကရင်ပြည်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဟောင်းဖြစ်သော ဒေါက်တာတင်ဝင်းကျော်က လက်နဲ့ဝမ်းဗိုက်ကို ကတ်ကြေးနဲ့ထိုးပြီး မိမိကိုယ်ကိုသတ်သေမှု အောက်တိုဘာ၂၂ရက် မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။ လူမှုရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒေါက်တာတင်ဝင်းကျော်ဟာ အူမကြီးကင်ဆာရောဂါဝေဒနာခံစားနေရပြီး ထိုင်းနိုင်ငံမှာ ဆေးကုသနေရသူဖြစ်တယ်လို့လည်း သိရပါတယ်။ “ မနေ့ကညနေ ၆ နာရီခွဲလောက်ပေါ့ ကျွန်တော်တို့သိတဲ့အချိန်ပေါ့နော် ။အဲဒီအချိန်မှာသူကဆုံးသွားပြီ။ ရွှေဂွန်းဆေးရုံမှာ။ အိမ်မှာကလဲသူတယောက်ထဲလေ။ သူကအရင်ကတည်းကလဲကျန်းမာရေးမကောင်းဘူး။ ကျွန်တော်တို့သိရသလောက် သူ့ဗိုက်ကိုသူ ဓားနဲ့ထိုးတယ်။ လက်ကောက်ဝတ်ကိုလဲ ဓားနဲ့ဖြတ်ထားတဲ့ အတွက် သွေးထွက်လွန်ဆုံးသွားတယ်လို့သိရတယ်။ ရွှေဂွန်းကျေးရွာ လှိုင်းဘွဲ့မြို့နယ်ကအိမ်မှာပါ။ သူကအရင်ကတည်းက ကျန်းမာရေးမကောင်းဘူး။ ထိုင်းမှာလဲဆေးခန်းပြနေရတယ်။ သူ့ညီကလဲ လွန်ခဲ့တဲ့ ၃ လလောက်က ဓာတ်ဆီလှယ်ရင်းနဲ့ မီးလောင်ပြီးသေသွားတယ်။ ဆိုင်ပါမီးလောင်သွားတာပေါ့။ သူ့အမေကလဲ အယ်ဇိုင်းမားဖြစ်နေတယ်လို့ မျက်မြင်တယောက်ကပြောပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး(ဟောင်း) ဒေါက်တာတင်ဝင်းကျော်က မိမိသဘောဆန္ဒအလျောက် ၂၀၁၉ခုနှစ်၊ ဇွန်လမှာ ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး…

Read More

ဟောင်ကောင်ဆန္ဒပြပွဲတွေဖြစ်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေးဥပဒေကြမ်း တရားဝင်ရုပ်သိမ်း

ဟောင်ကောင်၊ အောက်တိုဘာ ၂၃-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ လပေါင်းများစွာအကြမ်းဖက် ဆန္ဒပြမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားဖွယ်တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းကို ဟောင်ကောင်အစိုးရက အောက်တိုဘာ ၂၃ ရက်မှာ တရားဝင်ရုပ်သိမ်းလိုက်ပါတယ်။ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ယခုအခါတရားဝင် ရုပ်သိမ်းကြောင်း ကြေညာပါတယ်လို့ ဟောင်ကောင်ဥပဒေပြုလွှတ်တော်မှာ လုံခြုံရေးဆိုင်ရာအတွင်းရေးမှူး ဂျွန်လီက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမိုကရေစီထောက်ခံတဲ့ အမတ်တွေက သူ့ကိုမေးခွန်းချက်ချင်းမေးခဲ့ပေမယ့် ဖြေဆိုဖို့သူကငြင်းဆိုခဲ့ပြီး လွှတ်တော်ဥက္ကဌကလည်း အပြန်အလှန်ဆွေးနွေးငြင်းခုံခွင့်မပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ အဲဒီဥပဒေကြမ်းကိုသာ ဥပဒေအဖြစ် ပြဌာန်းလိုက်မယ်ဆိုရင် ပြစ်မှုကျူးလွန်တဲ့ ဟောင်ကောင်ပြည်သူတွေကို တရုတ်ပြည်မကြီးဆီမှာ လွှဲပြောင်းစီရင်တာကို ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းဟာ လွတ်လပ်တဲ့တရားစီရင်ရေးရှိတဲ့ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ကြိုးစားမှုအဖြစ် ဟောင်ကောင်ဆန္ဒပြသူတွေက ရှုမြင်ထားပါတယ်။ ဆန္ဒပြသူတွေအနေနဲ့က ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းရထူးမှ နှုတ်ထွက်ပေးရေးနဲ့ လအတန်ကြာဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ခဲ့တာတွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့အတွက် တောင်းဆိုနေကြပါတယ်။…

Read More

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျောက်စိမ်း/ကျောက်မျက်ပြပွဲ ကျင်းပ

မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ရဲရင့်မင်းခန့်(VOM) ပထမဆုံးအကြိမ်ကျင်းပတဲ့ အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း/ကျောက်မျက်ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့မနက်ပိုင်းက ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၃ထောင်နီးပါးကို ပြသရောင်းချပေးသွားမှာဖြစ်တယ်လို့ ပြပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။ “ ကျောက်စိမ်းအဓိကလုပ်ကိုင်နေတဲ့ မန္တလေးမြို့ဟာ အခုမှ ပထမဆုံးအကြိမ် ပြပွဲကျင်းပခွင့်ရခဲ့တာပါ။ အခုလိုပြပွဲမျိုးက နေပြည်တော်မှာဆိုရင် ပြပွဲပေါင်း (၉၀)ကျော် ကျင်းပခဲ့ပါတယ်။ ဒီလိုဖြစ်ချင်နေတာ မန္တလေးသားတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်ချီကတည်းကပါ။ ဒီပွဲကနေပြီးတော့မှ ပြည်ထောင်စုအဆင့် ကျပ်ငွေပွဲတွေ ယူရိုပွဲတွေပါ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ် ” လို့ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင် က ပြောပါတယ်။ ယင်းပြပွဲမှာ ကြမ်းခင်းဈေး အနည်းဆုံး ၁၀ သိန်းကျပ် ကနေ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားပြီး ရောင်းချမယ့် အရိုင်းဖြတ်သား အချောထည်များနဲ့ပတ်သက်ပြီး…

Read More

ရိုဟင်ဂျာတွေ နေရပ်ပြန်လာတယ်ဆိုပြီး မြန်မာဘက်ကဝါဒဖြန့်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဆို

ဒါကာ၊ အောက်တိုဘာ-၂၃-၂၀၁၉ မျိုးဆက် (VOM) အောက်တိုဘာ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၂၉ ဦးကျော်ဟာ မြန်မာနိုင်ငံဘက်ကို ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ရောက်ရှိလာကြောင်း ဒါကာရှိမြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ဟာ မမှန်မကန် ဝါဒါဖြန့်တာလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (RRRC) ကော်မရှင်နာမင်းကြီး မာဘတ်အလမ် တာလွတ်ဒါက ဒါကာထရီဗြွန်း သတင်းဌာနကကိုပြောပါတယ်။ ဘင်္ဂါလီ ၂၉ ဦးကျော်ဟာ သူတို့ရဲ့ဆန္ဒအလျောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်လာတယ်လို့ ဒါကာရှိ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောက်တိုဘာ ၂၂ ကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ မြန်မာနိုင်ငံက ဝါဒဖြန့်တာလို့ RRRC ရဲ့ ကော်မရှင်နာမင်းကြီး ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှမရှိကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ချင်ရင် RRRC နဲ့ UNHCR တို့ရဲ့ လုပ်ငန်းစဉ်အတိုင်းသွားရတာဖြစ်တယ်လို့…

Read More


                            မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တ‌လေး)က ကျောက်အရိုင်းအချောထည် နဲ့ ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေနဲ့သာ ရောင်းချတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်အတွက် ကြမ်းခင်းဈေးကို ဆယ်သိန်းကျပ်သတ်မှတ်ထားကာ တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့သာ ရောင်းချပေးမှာဖြစ်တဲ့အတွက် ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်တွေကိုသာ ရောင်းဝယ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ဝင်ရောက်လေ့လာခွင့်သာရရှိမှာ ဖြစ်တယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။ #voiceofmyanmar #မန္တလေး #မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ #ကျောက်မျက်ရတနာပြပွဲ Unicode မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တ‌လေး)က ကျောက်အရိုင်းအချောထည် နဲ့…

Read More

ကရင်ပြည်နယ်၊ မြိုင်ကလေး ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကို ဒေသခံတွေကပိတ်သိမ်းဖို့တောင်းဆို

ဘားအံ ၊ အောက်တိုဘာ ၂၃-၂၀၁၉ သူရိန်(VOM) ကရင်ပြည်နယ် ၊ မြိုင်ကလေး ကျောက်မီးသွေးသုံး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ ကို ဒေသခံတွေက အပြီးပိတ်သိမ်းစေချင်တယ် လို့ ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်ကနေ သိရပါတယ်။ ” ဒေသခံသဘောထားအနေနဲ့ဆိုရင်တော့အပြီးပိတ်သိမ်းစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အကျိုးဆက်ကအရမ်းများတယ်။ ရေရှည်ကျရင်ထိခိုက်မှုအရမ်းများတယ်။ အခုလောလောဆယ်ဆိုရင် အဲဒီနားက ရွာ ၁၀ ရွာလောက်က ရေမှမသောက်ရဲတော့တာ။ သောက်ရင်လဲအဆိပ်ဖြစ်တယ်၊ ချိုးရင်လဲယားတယ်ဆိုတော့ သူတို့အတွက်လုံးဝမကောင်းဘူးဆိုတော့ ပိတ်သိမ်းဖို့အတွက်ပြောတယ်။ နောက်သူတို့သယ်ယူတဲ့လမ်းကြောင်းတွေမှာဆိုလဲ လမ်းမတွေကော လူနေအိမ်တွေနဲ့ကောမလွတ်ဘူးလေ။ ပုံတော့လဲ ဖြစ်ကလက်စန်းပုံတယ်။ သယ်တော့လဲစည်းကမ်းမရှိဘူး။ ကားသမားတွေက အခေါက်ရေနဲ့မောင်းတဲ့အခါကြတော့ အခေါက်များများ ရအောင်အမြန်မောင်းတော့လေ တစ်လမ်းလုံးကကျောက်မီးသွေးတွေ ဖိတ်စဉ်တာတွေရှိတယ်။ မြေနီလမ်းကမြေမဲလမ်းဖြစ်သွားတယ်။ အဲတာကိုရွာသားတွေကပြောတော့မလုပ်တက်တော့ သဲကား တွေနဲ့ဖုံးသွားတယ်။အဲလိုလုပ်တာတွေရှိတယ်။ ကျောက်မီးသွေးသယ်တဲ့လမ်းက မူလတန်းကျောင်းဘေးမှာရှိတာ။ သူတို့ကသယ်သွားတော့ ကလေးတွေက ရူမိရှိုက်မိကြတယ်။ ရေရှည်ကြတော့မကောင်းဘူးလေ။ ဒေသခံတွေကမကြိုက်ဘူး။ အခက်အခဲ နောက်တခုက…

Read More

ရွှေပြည်သာမြို့နယ်မှာ ကျူးကျော်ဆိုင်တွေနဲ့ ပန်းအိုးတွေ ၇ရက်အတွင်းဖယ်ရှားဖို့ စည်ပင်က သတိပေး

Zawgyi ရွှေပြည်သာ အောက်တိုဘာ ၂၃-၂၀၁၉ မိုးယံ(VOM)   ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံမှာ အောက်တိုဘာ ၂၂ရက် မနေ့ညနေ၅နာရီခန့်က ကျူးကျော်ဆိုင်ခန်းတွေ အဖီအဆွယ်တွေနဲ့ သစ်ပင်ပန်းအိုးတွေကို ၇ရက်အတွင်းဖယ်ရှားပေးဖို့ စည်ပင်ဝန်ထမ်းတွေက သတိပေးစာတွေ ပို့ပေးနေပါတယ်။   ‛ကျနော်တို့ စည်ပင်ဝန်ထမ်းတွေနို့တစ်စာတွေ လိုက်ပို့ပေးထားပါတယ်။ ထန်းခြောက်ပင်လမ်းဆုံကနေ ဘုရင့်နောင်လမ်းတစ်လျှောက် ချစ်ကောင်း၊ ရွှေယ၊ုံ ရွှေအင်းဝ ၊ 124ကားဂိတ်၊ စက်မှုလမ်းဆုံရာအထိ လမ်းဘေးဝဲယာ ဆိုင်ကျူးအဖီဆွယ်ကျူးတွေ အကုန်ပါမယ် ပန်းအိုးတွေသစ်ပင်စိုက်တာတွေအကုန်ပါမယ် ။ နို့တစ်စာမှာ ၇ရက်အတွင်း ဖျက်သိမ်းပေးဖို့နဲ့မလိုက်နာရင် စည်ပင်ဥပဒေအတိုင်း အရေးယူသွားမယ်လို့ဖော်ပြထားပါတယ် အဓိက ကတော့ ကျနော်တို့မြို့သာယာလှပဖို့လုပ်တာပါလို့’ရွှေပြည်သာမြို့နယ် စည်/ကော်ဥက္ကဋ္ဌဦးသိန်းဇံကပြောပါတယ်။   နို့တစ်စာ ပို့ခံရတာနဲ့ပတ်သက်ပြီး ဘုရင့်နောင်လမ်းဘေးမှာရှိတဲ့ နိုနို ကလေးကစားစရာနှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင် ဆိုင်ရှင်ဒေါ်စန်းစန်းနွယ်က အခုလိုပြောပါတယ်။   “ ကျမတို့ဆိုင်က ကျူးထားတာမှန်ပါတယ် မြို့နယ်သာယာလှပရေးအတွက်…

Read More
VOM News

FREE
VIEW