လန္ဒန္အေရွ႕ပိုင္းမွာ ကြန္တိန္နာကားတစ္စီးအတြင္းမွ လူေသအေလာင္း ၃၉ ေလာင္းေတြ႔ရိွ

လန္ဒန္၊ ေအာက္တိုဘာ ၂၃-၂၀၁၉
မ်ိဳးဆက္(VOM)

ျဗိတိန္နိုင္ငံ လန္ဒန္ျမိဳ႕အေရွ႕ပိုင္း စက္မႈဇုန္တစ္ခုရိွ ကြန္တိန္နာကားတစ္စီးအတြင္းက လူေသအေလာင္း ၃၉ ေလာင္းကို ေအာက္တိုဘာ ၂၃ ရက္မွာ ရွာေဖြေတြ႔ရိွခဲ႔တယ္လို႔ ျဗိတိန္ရဲတပ္ဖြဲ႔က ေျပာပါတယ္။

အဲဒီကြန္တိန္နာကားဟာ ဘူလ္ေဂးရီးယားနုိင္ငံမွလို႔ ယံုၾကည္ရေၾကာင္း ရဲတပ္ဖြဲ႔ကေျပာဆိုျပီး အိုင္ယာလန္မွ အဓိကဝင္ေပါက္ျဖစ္တဲ႔ ေနာ႔ေဝးလ္ဆိပ္ကမ္းရွိ ဟိုးလီဟတ္ကေန ျဗိတိန္နိုင္ငံထဲကို ေအာက္တိုဘာ ၁၉ ရက္မွာ ဝင္ေရာက္လာတယ္လို႔ ဆိုပါတယ္။

အသက္ ၂၅ နွစ္အရြယ္ ေျမာက္အိုင္ယာလန္မွ ကားေမာင္းသူကိုေတာ႔ လူသတ္မႈသံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ကြန္တိန္နာကားဟာ ဘူလ္ေဂးရီးယားနုိင္ငံကေန စတင္ထြက္ခြာတယ္ဆိုတာနဲ႔ ပတ္သက္ျပီး အတည္မျပဳနိင္ေသးဘူးလို႔ ဘူလ္ေဂးရီးယား နုိင္ငံျခားေရး၀န္ၾကီးဌာနက ေျပာပါတယ္။

ျဗိတိန္ သတင္းဌာနေတြက ထုတ္ျပန္တဲ႔ သတင္းအခ်က္အလက္ေတြကို မိမိတို႔စစ္ေဆးေနဆဲျဖစ္ျပီး အာဏာပိုင္ေတြနဲ႔ ဆက္သြယ္ေနေၾကာင္း ဘူလ္ေဂးရီးယား နုိ္င္ငံျခားေရး၀န္ၾကီး ဌာနေျပာေရးဆိုခြင္႔ရိွသူ တစ္ဦးက ေျပာပါတယ္။

လူ႔အသက္ေပါင္းမ်ားစြာေသဆံုးခဲ႔တဲ႔ ေၾကကြဲဖြယ္ရာအျဖစ္အပ်က္တစ္ခုျဖစ္ျပီး သူတို႔မည္သူမည္ဝါဆုိသည္ကို ေဖာ္ထုတ္ေနဆဲျဖစ္ေၾကာင္းနွင္႔ ေသဆံုးရတဲ႔အေၾကာင္းရင္းကိုလည္း စံုစမ္းစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႔တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

Ref : CNA Photo: Reuters
#voiceofmyanmar #လန္ဒန္ #ကြန္တိန္နာကားတစ္စီးအတြင္း #လူေသအေလာင္း၃၉ေလာင္းေတြ႔

 

Unicode

လန်ဒန်အရှေ့ပိုင်းမှာ ကွန်တိန်နာကားတစ်စီးအတွင်းမှ လူသေအလောင်း ၃၉ လောင်းတွေ့ရှိ

လန်ဒန်၊ အောက်တိုဘာ ၂၃-၂၀၁၉
မျိုးဆက်(VOM)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်း စက်မှုဇုန်တစ်ခုရှိ ကွန်တိန်နာကားတစ်စီးအတွင်းက လူသေအလောင်း ၃၉ လောင်းကို အောက်တိုဘာ ၂၃ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီကွန်တိန်နာကားဟာ ဘူလ်ဂေးရီးယားနိုင်ငံမှလို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုပြီး အိုင်ယာလန်မှ အဓိကဝင်ပေါက်ဖြစ်တဲ့ နော့ဝေးလ်ဆိပ်ကမ်းရှိ ဟိုးလီဟတ်ကနေ ဗြိတိန်နိုင်ငံထဲကို အောက်တိုဘာ ၁၉ ရက်မှာ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် မြောက်အိုင်ယာလန်မှ ကားမောင်းသူကိုတော့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ကွန်တိန်နာကားဟာ ဘူလ်ဂေးရီးယားနိုင်ငံကနေ စတင်ထွက်ခွာတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်မပြုနိင်သေးဘူးလို့ ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗြိတိန် သတင်းဌာနတွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို မိမိတို့စစ်ဆေးနေဆဲဖြစ်ပြီး အာဏာပိုင်တွေနဲ့ ဆက်သွယ်နေကြောင်း ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

လူ့အသက်ပေါင်းများစွာသေဆုံးခဲ့တဲ့ ကြေကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်ပြီး သူတို့မည်သူမည်ဝါဆိုသည်ကို ဖော်ထုတ်နေဆဲဖြစ်ကြောင်းနှင့် သေဆုံးရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Ref : CNA Photo: Reuters
#voiceofmyanmar #လန်ဒန် #ကွန်တိန်နာကားတစ်စီးအတွင်း #လူသေအလောင်း၃၉လောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW