ေဟာင္ေကာင္ဆႏၵျပပြဲေတြျဖစ္ေစခဲ႔တဲ႔ တရားခံလႊဲေျပာင္းေရးဥပေဒၾကမ္း တရားဝင္ရုပ္သိမ္း

ေဟာင္ေကာင္၊ ေအာက္တိုဘာ ၂၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္မွာ လေပါင္းမ်ားစြာအၾကမ္းဖက္ ဆႏၵျပမႈေတြကိုျဖစ္ေပၚေစခဲ့တဲ့ အျငင္းပြားဖြယ္တရားခံ လႊဲေျပာင္းေရး ဥပေဒၾကမ္းကို ေဟာင္ေကာင္အစိုးရက ေအာက္တိုဘာ ၂၃ ရက္မွာ တရားဝင္ရုပ္သိမ္းလိုက္ပါတယ္။

တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္းကို ယခုအခါတရားဝင္ ရုပ္သိမ္းေၾကာင္း ေၾကညာပါတယ္လို႔ ေဟာင္ေကာင္ဥပေဒျပဳလႊတ္ေတာ္မွာ လံုျခံဳေရးဆုိင္ရာအတြင္းေရးမွဴး ဂြ်န္လီက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး ဒီမုိကေရစီေထာက္ခံတဲ႔ အမတ္ေတြက သူ႔ကိုေမးခြန္းခ်က္ခ်င္းေမးခဲ႔ေပမယ္႔ ေျဖဆိုဖို႔သူကျငင္းဆိုခဲ႔ျပီး လႊတ္ေတာ္ဥကၠဌကလည္း အျပန္အလွန္ေဆြးေႏြးျငင္းခံုခြင္႔မေပးဘူးလို႔ ေျပာဆိုခဲ႔ပါတယ္။

တကယ္လို႔ အဲဒီဥပေဒၾကမ္းကိုသာ ဥပေဒအျဖစ္ ျပဌာန္းလိုက္မယ္ဆိုရင္ ျပစ္မႈက်ဴးလြန္တဲ႔ ေဟာင္ေကာင္ျပည္သူေတြကို တရုတ္ျပည္မၾကီးဆီမွာ လႊဲေျပာင္းစီရင္တာကို ခြင္႔ျပဳရမွာျဖစ္ပါတယ္။

ဒီဥပေဒၾကမ္းဟာ လြတ္လပ္တဲ႔တရားစီရင္ေရးရိွတဲ႔ ေဟာင္ေကာင္အေပၚ တရုတ္နုိင္ငံက တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ဖို႔ ၾကိဳးစားမႈအျဖစ္ ေဟာင္ေကာင္ဆႏၵျပသူေတြက ရႈျမင္ထားပါတယ္။ ဆႏၵျပသူေတြအေနနဲ႔က ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းရထူးမွ ႏႈတ္ထြက္ေပးေရးနဲ႔ လအတန္ၾကာဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႔ရဲ႕ အၾကမ္းဖက္ကိုင္တြယ္ခဲ႔တာေတြကို လြတ္လပ္တဲ႔စံုစမ္းစစ္ေဆးမႈလုပ္ဖို႔အတြက္ ေတာင္းဆိုေနၾကပါတယ္။

Ref : AP/CNA Photo : Reuters
#voiceofmyanmar #ေဟာင္ေကာင္ #တရားခံလႊဲေျပာင္းေရးဥပေဒၾကမ္း #တရားဝင္ရုပ္သိမ္း

 

Unicode

ဟောင်ကောင်ဆန္ဒပြပွဲတွေဖြစ်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေးဥပဒေကြမ်း တရားဝင်ရုပ်သိမ်း

ဟောင်ကောင်၊ အောက်တိုဘာ ၂၃-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ လပေါင်းများစွာအကြမ်းဖက် ဆန္ဒပြမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားဖွယ်တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းကို ဟောင်ကောင်အစိုးရက အောက်တိုဘာ ၂၃ ရက်မှာ တရားဝင်ရုပ်သိမ်းလိုက်ပါတယ်။

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ယခုအခါတရားဝင် ရုပ်သိမ်းကြောင်း ကြေညာပါတယ်လို့ ဟောင်ကောင်ဥပဒေပြုလွှတ်တော်မှာ လုံခြုံရေးဆိုင်ရာအတွင်းရေးမှူး ဂျွန်လီက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမိုကရေစီထောက်ခံတဲ့ အမတ်တွေက သူ့ကိုမေးခွန်းချက်ချင်းမေးခဲ့ပေမယ့် ဖြေဆိုဖို့သူကငြင်းဆိုခဲ့ပြီး လွှတ်တော်ဥက္ကဌကလည်း အပြန်အလှန်ဆွေးနွေးငြင်းခုံခွင့်မပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

တကယ်လို့ အဲဒီဥပဒေကြမ်းကိုသာ ဥပဒေအဖြစ် ပြဌာန်းလိုက်မယ်ဆိုရင် ပြစ်မှုကျူးလွန်တဲ့ ဟောင်ကောင်ပြည်သူတွေကို တရုတ်ပြည်မကြီးဆီမှာ လွှဲပြောင်းစီရင်တာကို ခွင့်ပြုရမှာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ လွတ်လပ်တဲ့တရားစီရင်ရေးရှိတဲ့ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ကြိုးစားမှုအဖြစ် ဟောင်ကောင်ဆန္ဒပြသူတွေက ရှုမြင်ထားပါတယ်။ ဆန္ဒပြသူတွေအနေနဲ့က ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းရထူးမှ နှုတ်ထွက်ပေးရေးနဲ့ လအတန်ကြာဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ခဲ့တာတွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့အတွက် တောင်းဆိုနေကြပါတယ်။

Ref : AP/CNA Photo : Reuters
#voiceofmyanmar #ဟောင်ကောင် #တရားခံလွှဲပြောင်းရေးဥပဒေကြမ်း #တရားဝင်ရုပ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW