ကရင္ျပည္နယ္၊ ၿမိဳင္ကေလး ေက်ာက္မီးေသြးသုံးဘိလပ္ေျမစက္႐ုံကို ေဒသခံေတြကပိတ္သိမ္းဖို႔ေတာင္းဆို

ဘားအံ ၊ ေအာက္တိုဘာ ၂၃-၂၀၁၉
သူရိန္(VOM)

ကရင္ျပည္နယ္ ၊ ၿမိဳင္ကေလး ေက်ာက္မီးေသြးသုံး တန္ ၄၀၀၀ ဘိလပ္ေျမစက္႐ုံ ကို ေဒသခံေတြက အၿပီးပိတ္သိမ္းေစခ်င္တယ္ လို႔ ကရင္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ လူမႈေရးဆိုင္ရာလႈပ္ရွားမႈ ကြန္ယက္ကေန သိရပါတယ္။

” ေဒသခံသေဘာထားအေနနဲ႔ဆိုရင္ေတာ့အၿပီးပိတ္သိမ္းေစခ်င္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အက်ိဳးဆက္ကအရမ္းမ်ားတယ္။ ေရရွည္က်ရင္ထိခိုက္မႈအရမ္းမ်ားတယ္။ အခုေလာေလာဆယ္ဆိုရင္ အဲဒီနားက ႐ြာ ၁၀ ႐ြာေလာက္က ေရမွမေသာက္ရဲေတာ့တာ။ ေသာက္ရင္လဲအဆိပ္ျဖစ္တယ္၊ ခ်ိဳးရင္လဲယားတယ္ဆိုေတာ့ သူတို႔အတြက္လုံးဝမေကာင္းဘူးဆိုေတာ့ ပိတ္သိမ္းဖို႔အတြက္ေျပာတယ္။ ေနာက္သူတို႔သယ္ယူတဲ့လမ္းေၾကာင္းေတြမွာဆိုလဲ လမ္းမေတြေကာ လူေနအိမ္ေတြနဲ႔ေကာမလြတ္ဘူးေလ။ ပုံေတာ့လဲ ျဖစ္ကလက္စန္းပုံတယ္။ သယ္ေတာ့လဲစည္းကမ္းမရွိဘူး။ ကားသမားေတြက အေခါက္ေရနဲ႔ေမာင္းတဲ့အခါၾကေတာ့ အေခါက္မ်ားမ်ား ရေအာင္အျမန္ေမာင္းေတာ့ေလ တစ္လမ္းလုံးကေက်ာက္မီးေသြးေတြ ဖိတ္စဥ္တာေတြရွိတယ္။ ေျမနီလမ္းကေျမမဲလမ္းျဖစ္သြားတယ္။ အဲတာကို႐ြာသားေတြကေျပာေတာ့မလုပ္တက္ေတာ့ သဲကား ေတြနဲ႔ဖုံးသြားတယ္။အဲလိုလုပ္တာေတြရွိတယ္။ ေက်ာက္မီးေသြးသယ္တဲ့လမ္းက မူလတန္းေက်ာင္းေဘးမွာရွိတာ။ သူတို႔ကသယ္သြားေတာ့ ကေလးေတြက ႐ူမိရႈိက္မိၾကတယ္။ ေရရွည္ၾကေတာ့မေကာင္းဘူးေလ။ ေဒသခံေတြကမႀကိဳက္ဘူး။ အခက္အခဲ ေနာက္တခုက ဝန္ႀကီးခ်ဳပ္လာၿပီးေတာ့ ဒီေရကသန႔္ပါတယ္ဆိုၿပီး ေရက ဆဲဗင္းပြိဳင့္ရွိရင္ေသာက္လို႔ရတယ္ဆိုၿပီး ေျပာတယ္။ ကြၽန္ေတာ္တို႔လဲစစ္ပါတယ္ pH 7 ၊ 9 ေလာက္ထိ ရွိတယ္။ အဲ့ဒါကိုေသာက္လို႔ရတယ္လို႔လဲေျပာပါတယ္။ အဲဒီအထဲမွာ အာဆဲနစ္ေတြဘာေတြပါအုံးမလဲ မသိဘူးေလ။ ေသခ်ာဓာတ္ခြဲစမ္းသပ္မွ သိရမွာ” လို႔ ကရင္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ လူမႈေရးဆိုင္ရာလႈပ္ရွားမႈ ကြန္ယက္မွ ေစာကလူေထာကေျပာပါတယ္။

လက္ရွိေက်ာက္မီးေသြး သုံးဘိလပ္ေျမစက္႐ုံအနီးပတ္ဝန္းက်င္ က႐ြာေတြမွာ ရွိတဲ့ ေရတြင္းေရကန္ေတြ ၊ အင္းအိုင္ေတြထဲက ေရ ေတြမဲေနတာ၊ ေခ်ာင္းေတြထဲက ငါးေတြေသဆုံးကုန္တာ၊ ေဒသခံ ေတြ အေနနဲ႔ကေလး၊ လူႀကီးပါမက်န္ အေရျပားယားယံ တာေတြ ျဖစ္ေနတဲ့အတြက္ ႐ြာသူ႐ြာသားေတြအေနနဲ႔ ေရေတြသုံးစြဲဖို႔ ေၾကာက္လန႔္ေနၾကတယ္လို႔လည္း သိရပါတယ္။

“ ကန္ထဲမွာဘဲ ငါးေတြကေသတာေလ။ ေနပူေတာ့ေရခမ္းတာရယ္ ေအာက္ဆီဂ်င္ျပတ္ၿပီးေသကုန္တာ။ ေရေတြမဲတယ္ဆိုတာကလည္း ေက်ာက္မီးေသြးေၾကာင့္လား၊ဘာလားဆိုတာစစ္ေဆးေနတုန္းဘဲလို႔ ” သဘာဝပတ္ဝန္းက်င္ပညာရွင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမိုးျမင့္ကေျပာပါတယ္။

လက္ရွိမွာေတာ့ ေက်း႐ြာေတြမွာရွိတဲ့ေရတြင္းေရကန္ေတြမွာ ျပည္နယ္အစိုးရအဖြဲ႕ကေန ေက်ာက္ခ်ဥ္ခတ္တာေတြ ၊ ေရသန႔္စင္စက္ တပ္ဆင္ေပးေနတာေတြရွိသလို ရဲတပ္ဖြဲ႕ ၊ ျပင္ပပုဂၢလိက အဖြဲ႕အစည္းေတြက ေသာက္ေရ ၊ သုံးေရ လႉဒါန္းမႈေတြျပဳလုပ္ေပးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ကရင္ျပည္နယ္ #ၿမိဳင္ကေလးေက်ာက္မီးေသြးသုံးဘိလပ္ေျမစက္႐ုံ #ုပိတ္သိမ္းဖို႔ေတာင္းဆို

 

Unicode

ကရင်ပြည်နယ်၊ မြိုင်ကလေး ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကို ဒေသခံတွေကပိတ်သိမ်းဖို့တောင်းဆို

ဘားအံ ၊ အောက်တိုဘာ ၂၃-၂၀၁၉
သူရိန်(VOM)

ကရင်ပြည်နယ် ၊ မြိုင်ကလေး ကျောက်မီးသွေးသုံး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ ကို ဒေသခံတွေက အပြီးပိတ်သိမ်းစေချင်တယ် လို့ ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်ကနေ သိရပါတယ်။

” ဒေသခံသဘောထားအနေနဲ့ဆိုရင်တော့အပြီးပိတ်သိမ်းစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အကျိုးဆက်ကအရမ်းများတယ်။ ရေရှည်ကျရင်ထိခိုက်မှုအရမ်းများတယ်။ အခုလောလောဆယ်ဆိုရင် အဲဒီနားက ရွာ ၁၀ ရွာလောက်က ရေမှမသောက်ရဲတော့တာ။ သောက်ရင်လဲအဆိပ်ဖြစ်တယ်၊ ချိုးရင်လဲယားတယ်ဆိုတော့ သူတို့အတွက်လုံးဝမကောင်းဘူးဆိုတော့ ပိတ်သိမ်းဖို့အတွက်ပြောတယ်။ နောက်သူတို့သယ်ယူတဲ့လမ်းကြောင်းတွေမှာဆိုလဲ လမ်းမတွေကော လူနေအိမ်တွေနဲ့ကောမလွတ်ဘူးလေ။ ပုံတော့လဲ ဖြစ်ကလက်စန်းပုံတယ်။ သယ်တော့လဲစည်းကမ်းမရှိဘူး။ ကားသမားတွေက အခေါက်ရေနဲ့မောင်းတဲ့အခါကြတော့ အခေါက်များများ ရအောင်အမြန်မောင်းတော့လေ တစ်လမ်းလုံးကကျောက်မီးသွေးတွေ ဖိတ်စဉ်တာတွေရှိတယ်။ မြေနီလမ်းကမြေမဲလမ်းဖြစ်သွားတယ်။ အဲတာကိုရွာသားတွေကပြောတော့မလုပ်တက်တော့ သဲကား တွေနဲ့ဖုံးသွားတယ်။အဲလိုလုပ်တာတွေရှိတယ်။ ကျောက်မီးသွေးသယ်တဲ့လမ်းက မူလတန်းကျောင်းဘေးမှာရှိတာ။ သူတို့ကသယ်သွားတော့ ကလေးတွေက ရူမိရှိုက်မိကြတယ်။ ရေရှည်ကြတော့မကောင်းဘူးလေ။ ဒေသခံတွေကမကြိုက်ဘူး။ အခက်အခဲ နောက်တခုက ဝန်ကြီးချုပ်လာပြီးတော့ ဒီရေကသန့်ပါတယ်ဆိုပြီး ရေက ဆဲဗင်းပွိုင့်ရှိရင်သောက်လို့ရတယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့လဲစစ်ပါတယ် pH 7 ၊ 9 လောက်ထိ ရှိတယ်။ အဲ့ဒါကိုသောက်လို့ရတယ်လို့လဲပြောပါတယ်။ အဲဒီအထဲမှာ အာဆဲနစ်တွေဘာတွေပါအုံးမလဲ မသိဘူးလေ။ သေချာဓာတ်ခွဲစမ်းသပ်မှ သိရမှာ” လို့ ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်မှ စောကလူထောကပြောပါတယ်။

လက်ရှိကျောက်မီးသွေး သုံးဘိလပ်မြေစက်ရုံအနီးပတ်ဝန်းကျင် ကရွာတွေမှာ ရှိတဲ့ ရေတွင်းရေကန်တွေ ၊ အင်းအိုင်တွေထဲက ရေ တွေမဲနေတာ၊ ချောင်းတွေထဲက ငါးတွေသေဆုံးကုန်တာ၊ ဒေသခံ တွေ အနေနဲ့ကလေး၊ လူကြီးပါမကျန် အရေပြားယားယံ တာတွေ ဖြစ်နေတဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ ရေတွေသုံးစွဲဖို့ ကြောက်လန့်နေကြတယ်လို့လည်း သိရပါတယ်။

“ ကန်ထဲမှာဘဲ ငါးတွေကသေတာလေ။ နေပူတော့ရေခမ်းတာရယ် အောက်ဆီဂျင်ပြတ်ပြီးသေကုန်တာ။ ရေတွေမဲတယ်ဆိုတာကလည်း ကျောက်မီးသွေးကြောင့်လား၊ဘာလားဆိုတာစစ်ဆေးနေတုန်းဘဲလို့ ” သဘာဝပတ်ဝန်းကျင်ပညာရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်ကပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာတွေမှာရှိတဲ့ရေတွင်းရေကန်တွေမှာ ပြည်နယ်အစိုးရအဖွဲ့ကနေ ကျောက်ချဉ်ခတ်တာတွေ ၊ ရေသန့်စင်စက် တပ်ဆင်ပေးနေတာတွေရှိသလို ရဲတပ်ဖွဲ့ ၊ ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းတွေက သောက်ရေ ၊ သုံးရေ လှူဒါန်းမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #ကရင်ပြည်နယ် #မြိုင်ကလေးကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ #ုပိတ်သိမ်းဖို့တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW