ျမန္မာက်ပ္ေငြနဲ႔ေရာင္းတဲ့ ေက်ာက္မ်က္ရတနာျပပြဲ မႏၱေလးၿမိဳ႕မွာက်င္းပ

 

 

 

 

 

 

 

 

 

 

 

 

 

 

မႏၱေလး၊ ေအာက္တိုဘာ ၂၃-၂၀၁၉
ဟိန္းကို(VOM)

ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း(မႏၲ‌ေလး)က ေက်ာက္အ႐ိုင္းအေခ်ာထည္ နဲ႔ ေက်ာက္မ်က္ရတနာမ်ားကို ျမန္မာက်ပ္ေငြနဲ႔သာ ေရာင္းခ်တဲ့ပြဲကို ဒီကေန႔မနက္ပိုင္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္က မႏၲေလးကြန္ဗင္းရွင္းစင္တာမွာ ဖြင့္လွစ္ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။

ဒီျပပြဲမွာ ေက်ာက္စိမ္းအ႐ိုင္းတြဲနဲ႔ အေခ်ာထည္အတြက္ ၾကမ္းခင္းေဈးကို ဆယ္သိန္းက်ပ္သတ္မွတ္ထားကာ တင္ဒါစနစ္နဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ျမန္မာက်ပ္ေငြနဲ႔သာ ေရာင္းခ်ေပးမွာျဖစ္တဲ့အတြက္ ျပည္တြင္းေက်ာက္မ်က္လုပ္ငန္းရွင္ေတြကိုသာ ေရာင္းဝယ္ခြင့္ျပဳမွာျဖစ္ၿပီး ႏိုင္ငံျခားသားေတြအေနနဲ႔က ဝင္ေရာက္ေလ့လာခြင့္သာရရွိမွာ ျဖစ္တယ္လို႔ ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီက သိရပါတယ္။

#voiceofmyanmar #မႏၱေလး #ျမန္မာက်ပ္ေငြနဲ႔ေရာင္းတဲ့ #ေက်ာက္မ်က္ရတနာျပပြဲ

Unicode

မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ

မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉
ဟိန်းကို(VOM)

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တ‌လေး)က ကျောက်အရိုင်းအချောထည် နဲ့ ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေနဲ့သာ ရောင်းချတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်အတွက် ကြမ်းခင်းဈေးကို ဆယ်သိန်းကျပ်သတ်မှတ်ထားကာ တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့သာ ရောင်းချပေးမှာဖြစ်တဲ့အတွက် ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်တွေကိုသာ ရောင်းဝယ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ဝင်ရောက်လေ့လာခွင့်သာရရှိမှာ ဖြစ်တယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။

#voiceofmyanmar #မန္တလေး #မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ #ကျောက်မျက်ရတနာပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW